သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စင္ကာပူရွိ ျမန္မာအမ်ိဳးသမီး တဦး Covid-19 ေရာဂါကူးစက္ခံရ


(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံ ဝူဟန္ကေန တဆင့္ ျပည္ပႏိုင္ငံေတြဆီ ကူးစက္ျပန္႔ပြားမႈေတြထဲ လိေမၼာ္ေရာင္အဆင့္စိုးရိမ္စရာအေျခအေနအျဖစ္သတ္မွတ္ ထားတဲ့ စင္ကာပူႏုိင္ငံမွာ အသက္၂၅ႏွစ္အရြယ္ အိမ္အကူျမန္မာအမ်ိဳးသမီးတဦး COVID 19 ေရာဂါကူးစက္ခံေနရပါတယ္။ စင္ကာပူႏုိင္ငံမွာ လူစုလူေဝးနဲ႔က်င္းပမယ့္ ျမန္မာေတြရဲ႕ သၾကၤန္အစီအစဥ္ကို ဖ်က္သိမ္းထားသလို စင္ကာပူေရာက္ ျမန္မာႏုိင္ငံသားေတြၾကားမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ျပန္႔ပြားမႈ ၾကိဳတင္ကာကြယ္မႈေတြ က်န္းမာေရးပညာေပးသတိေပးမႈေတြကို ျမန္မာအသိုင္းအဝိုင္းၾကား လက္ဆင့္ကမ္း ပညာေပး ေဆာင္ရြက္ေနၾကပါတယ္။ စင္ကာပူေရာက္ျမန္မာတခ်ိဳ႕ကို ဆက္သြယ္ေမးျမန္းထားတဲ့ မဆုမြန္က တင္ျပေပးထားပါတယ္။

WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ၾကီးက ကမာၻလံုးဆိုင္ရာ အေရးေပၚက်န္းမာေရး အေျခအေနေၾကညာထားရတဲ့ တ႐ုတ္ႏုိင္ငံ ဝူဟန္ကေန စတင္ကူးစက္ပ်ံ႕ႏွံ႔ခဲ့တဲ့ ဒီ Coronavirus ေၾကာင့္ ဒီသီတင္းပတ္အထိဆိုရင္ ေသဆံုးသူေပါင္း ၃၀၀၀ ေက်ာ္အထိျဖစ္သြားၿပီး ကမာၻတဝွမ္း ႏုိင္ငံအသီးသီးမွာ ကူးစက္ျပန္႔ပြားသူေပါင္း ၈၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။

COVID 19 ေရာဂါကူးစက္မႈလူနာ ၁၀၀ ေက်ာ္ ေတြ႔ရွိထားတဲ့ စင္ကာပူႏုိင္ငံမွာေတာ့ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ ၈ရက္ေန႔ ကစလို႔ ဒီ Coronavorus စိုးရိမ္စရာ လိေမၼာ္ေရာင္အဆင့္ စင္ကာပူအစိုးရက သတ္မွတ္ထားခဲ့တာျဖစ္ပါတယ္။ မတ္လ ၂ရက္ေန႔မွာေတာ့- အသက္ ၂၅ႏွစ္အရြယ္ စင္ကာပူႏိုင္ငံေရာက္ ျမန္မာအိမ္အကူအမ်ိဳးသမီးတဦးဆီမွာ COVID 19 ကူးစက္ေရာဂါေတြ႔ရွိတယ္လို႔ စင္ကာပူအစိုးရ က်န္းမာေရးဝန္ၾကီးဌာနက သတင္းထုတ္ျပန္ပါတယ္။ ကူးစက္သံသယရွိသူ အိမ္ရွင္နဲ႔ အနီးကပ္ေနထိုင္ခဲ့သူ အဲ့ျမန္မာအမ်ိဳးသမီးကို သူ႔ေနအိမ္မွာပဲ ေစာင့္ၾကည့္ခဲ့ပါတယ္။ ေဖေဖာ္ဝါရီလ ၂၉ရက္ေန႔မွာေတာ့ သူမမွာ ေရာဂါလကၡဏာျပလာတဲ့အတြက္ အေရးေပၚေဆး႐ံုတင္ ကုသခဲ့ၿပီး မေန႔ တနဂၤေႏြ မနက္ပိုင္းမွာေတာ့ သူ႔မွာ COVID 19 ေရာဂါကူးစက္ေနေၾကာင္း ရွာေဖြေတြ႔ရွိခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

စင္ကာပူေရာက္ျမန္မာအသိုင္းအဝိုင္းေတြထဲ အထူးသျဖင့္ ေနအိမ္ေတြမွာပဲ အလုပ္လုပ္ကိုင္ေနသူေတြနဲ႔ လူစုလူေဝး အမ်ားျပည္သူ သြားေရာက္တဲ့ေနရာေတြမွာ အလုပ္လုပ္ကိုင္ေနရသူေတြအေနနဲ႔ စင္ကာပူအစိုးရက က်န္းမာေရးပညာေပးမႈေတြကို စနစ္တက်လုိက္နာသင့္သလို ေရာဂါမကူးစက္ရေအာင္လည္း အထူးသတိထားၾကဖို႔ အခ်င္းခ်င္းသတိေပးႏိုးေဆာ္ေနပါတယ္။

COVID 19 မကူးစက္ရေအာင္ စင္ကာပူအစိုးရအေနနဲ႔ စနစ္တက် ေဆာင္ရြက္ေပးေနသလို စင္ကာပူေရာက္ျမန္မာႏိုင္ငံသားေတြ အေနနဲ႔လည္း မိမိကိုယ္ကို ကာကြယ္ဖို႔နဲ႔ ေရာဂါမကူးစက္ခံရေအာင္ အထူးသတိထားၾကဖို႔ စကၤာပူ-ျမန္မာအသင္းရဲ႕ ဥကၠ႒အျဖစ္ တာဝန္ယူ လုပ္ေဆာင္ခဲ့ဖူးသူ စကၤာပူ-ျမန္မာအသင္းရဲ႕ ဂုဏ္ထူးေဆာင္ အႀကံေပးပုဂၢိဳလ္လည္းျဖစ္၊ စကၤာပူ နမ့္ယမ္းတကၠသိုလ္မွာ ႏွစ္၂၀ ေက်ာ္ၾကာ တြဲဖက္ပါေမာကၡအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူဦး Daniel Tint Lwin က အခုလို ပညာေပးေျပာဆိုပါတယ္။

"လူေတြ မ်ားမ်ားလုပ္ေနတဲ့ events ေတြေတာ့ ဖ်က္ထားတယ္ေပါ့ေလ။ အန္ကယ္တို႔လည္း သတိထားေနတယ္။ အန္ကယ္တို႔လည္း အိမ္မွာပဲ ေနတာမ်ားတယ္။ အျပင္ေတြဘာေတြလည္း သိပ္မထြက္ဘူး။ ဒီအစိုးရကေတာ့ အမ်ားႀကီးထိန္းနိုင္ပါတယ္။ ဘယ္မွာပဲ ျဖစ္ျဖစ္၊ ဘယ္ပဲသြားသြား Temperature တိုင္းတာတို႔ form ျဖည့္ရတာတို႔ ဘာတို႔ေပါ့။ စကာၤပူမွာကေတာ့ အေျခအေနေကာင္းပါတယ္... ေတာ္ေတာ္ေလးကို အားလံုးကေတာ့Under Control ပါ။ စကာၤပူမွာကေတာ့ Under Control ပါေနာ္။ စကာၤပူကေတာ့ ၃ ဦးတိုးတယ္၊ ၄ ဦးတိုးတယ္ အဲ့ဒီလိုေတာ့ ရွိတာေပါ့။ ဒါေပမဲ့လည္း ေနျပန္ၿပီး discharge ေပါ့ေလ။ Discharge လုပ္တဲ့ လူကလည္း ေတာ္ေတာ္မ်ားပါတယ္။ ဆိုေတာ့ အန္ကယ္တို႔အေနနဲ႔ေတာ့ စိတ္ခ်ပါတယ္။ ျမန္မာအသိုင္းအ၀ိုင္းလည္း ဒီလိုပဲ။ ျမန္မာအသိုင္းအ၀ိုင္းလည္း ေတာ္ေတာ္ေလး စည္းစည္း႐ံုး႐ံုးနဲ႔ ေနၾကတာေပါ့ေလ။"

လတ္တေလာမွာေတာ့ လူစုလူေဝးနဲ႔ က်င္းပမယ့္ စင္ကာပူ-ျမန္မာေတြရဲ႕ သၾကၤန္ပြဲေတာ္ကို မက်င္းပျဖစ္ေတာ့ဘူးလို႔လည္းသိရပါတယ္။ စင္ကာပူႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ စင္ကာပူအစိုးရက အခ်ိန္နဲ႔တေျပးညီ ထုတ္ျပန္ေနတဲ့ သတင္းမီဒီယာေတြကို ဂရုစိုက္နားေထာင္ေစာင့္ၾကည့္သင့္သလို မိမိနဲ႔ အနီးကပ္ေနထိုင္သူေတြရဲ႕ က်န္းမာေရး- ဖ်ားနာေနမေကာင္း ျဖစ္ေနတာေတြကိုလည္း သတိထားေစာင့္ၾကည့္သင့္တယ္လို႔ စင္ကာပူေရာက္ ျမန္မာႏုိင္ငံသားတဦးျဖစ္တဲ့ ကိုေအာင္ဝင္းထြဋ္ကလည္း အၾကံေပးပါတယ္။

"က်ေနာ္တို႔ သၾကၤန္ပြဲကို လုပ္ဖို႔ စီစဥ္ထားတယ္ မဟုတ္လား။ ျမန္မာ Society ေတြကေလ.. ျမန္မာဘုန္းႀကီးေက်ာင္းေတြက ဦးေဆာင္ၿပီးေတာ့ေပါ့။ ေနာက္တခါ ျမန္မာ Community ေတြက ဦးေဆာင္ၿပီးေတာ့ လုပ္ဖို႔ စီစဥ္ေနတာ။ အခုေတာ့ မလုပ္ျဖစ္ေတာ့ဘူး။ အဓိကကေတာ့ က်ေနာ္တို႔ ဒီစေရာက္ခါစ အိမ္အကူေလးေတြက လဲြလို႔ေပါ့ေနာ္ က်န္တဲ့ ဒီမွာ လုပ္သက္ရင့္ေနတဲ့ အိမ္အကူ ၀န္ထမ္းေတြ ရွိတယ္ေလ။ စကာၤပူေရာက္ ျမန္မာေတြကေနၿပီးေတာ့ Group ေတြ ဘာေတြ ရွိတယ္ေလ။ သူတို႔ကေနၿပီးေတာ့ စကာၤပူမွာရွိတဲ့ ျမန္မာေတြကို ေအးေအးေဆးေဆး ဆက္သြယ္လို႔ရပါတယ္။ လူစုလူေ၀းေနရာေတြ မသြားဖို႔ အဲ့ဒါေတြ က်ေနာ္တို႔ကို မွာထားတယ္။ ေနမေကာင္းလို႔ ရွိရင္ က်ေနာ္တို႔ Mask ေတြကို တပ္ထားရမယ္။ ဆရာအျမန္ဆံုး သြားေတြ႔ရမယ္။ အဲ့ဒါေတြ မွာ-ထားတယ္။ ေနာက္တခု ေနာက္ဆံုးတခုက ဘာလည္းဆိုေတာ့ ၀င္ၾကည့္လို႔ရတဲ့ website ေတြ ရွိတယ္။ ဒါက public ကို သူတို႔က သတင္းေတြ အျမဲတမ္း ထုတ္ျပန္ေပးေနတာေပါ့ေနာ္။ moh.gov.sg - https://www.moh.gov.sg/တဲ့ အဲ့ဒါက အစိုးရ က်န္းမာေရးဆိုင္ရာ website၊ ေနာက္တခုက Whatsapp application သံုးၿပီးလို႔ရွိရင္ gov.sg ကို ၀င္ၾကည့္လို႔ရတယ္။ အဲ့ေတာ့ Orange Level ေရာက္ေနတဲ့အတြက္ ေနမေကာင္းဘူးလို႔ ကိုယ့္ကိုယ္ကို ခံစားလို႔ရွိရင္ အိမ္ရွင္ကို ခ်က္ခ်င္းသတိေပးရမယ္ေပါ့ေလ။ အလုပ္ရွင္ကိုေပါ့ေနာ္။ ေျပာရမယ္။ ငါ -ေနမေကာင္းဘူး။ အဲ့ဒီအခါက်ရင္ အိမ္ရွင္က သူတို႔ကို ေဆးခန္းပို႔ေပးမွာေပါ့။ ေနာက္ၿပီးေတာ့ လိုအပ္လို႔ရွိရင္ ျမန္မာ Society ေတြရွိတယ္ အဲ့ကလူေတြကို အျမန္ဆံုးဆက္သြယ္ၿပီးေတာ့ အကူအညီ လွမ္းေတာင္းသင့္တယ္ေပါ့ေနာ္။"

စင္ကာပူမွာေတာ့ စားနပ္ရိကၡာ ေသာက္သံုးေရနဲ႔ အေျခခံ က်န္းမာေရး အသံုးအေဆာင္ပစၥည္းေတြကို ၾကိဳတင္ဝယ္ယူစုေဆာင္းေနၾကသလို စင္ကာပူအစိုးရဘက္ကလည္း ေရာဂါမျပန္႔ပြားေရး စနစ္တက်ေဆာင္ရြက္ေနသလို ေရာဂါပိုးသံသယေတြ႔ရွိသူေတြကို က်န္းမာေရး ေစာင့္ေရွာက္မႈေပးေနသလို ထပ္ၿပီး မကူးစက္ရေအာင္လည္း ေနအိမ္တြင္းေစာင့္ၾကည့္ေနသလို ေဆး႐ံုအတြင္း ေစာင့္ၾကည့္မႈေတြကို စည္းကမ္းတင္းက်ပ္စြာနဲ႔ ေဆာင္ရြက္ေနတယ္လို႔ စင္ကာပူေရာက္ ျမန္မာႏုိင္ငံသားေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စင်ကာပူရှိ မြန်မာအမျိုးသမီး တဦး Covid-19 ရောဂါကူးစက်ခံရ

တရုတ်နိုင်ငံ ဝူဟန်ကနေ တဆင့် ပြည်ပနိုင်ငံတွေဆီ ကူးစက်ပြန့်ပွားမှုတွေထဲ လိမ္မော်ရောင်အဆင့် စိုးရိမ်စရာအခြေအနေအဖြစ် သတ်မှတ်ထားတဲ့ စင်ကာပူနိုင်ငံမှာ အသက်၂၅နှစ်အရွယ် အိမ်အကူမြန်မာအမျိုးသမီးတဦး COVID 19 ရောဂါကူးစက်ခံနေရပါတယ်။ စင်ကာပူနိုင်ငံမှာ လူစုလူဝေးနဲ့ကျင်းပမယ့် မြန်မာတွေရဲ့ သင်္ကြန်အစီအစဉ်ကို ဖျက်သိမ်းထားသလို စင်ကာပူရောက် မြန်မာနိုင်ငံသားတွေကြားမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်မှုတွေ ကျန်းမာရေးပညာပေးသတိပေးမှုတွေကို မြန်မာအသိုင်းအဝိုင်းကြား လက်ဆင့်ကမ်း ပညာပေး ဆောင်ရွက်နေကြပါတယ်။ စင်ကာပူရောက်မြန်မာတချို့ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေး အခြေအနေကြေညာထားရတဲ့ တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဒီ Coronavirus ကြောင့် ဒီသီတင်းပတ်အတွင်းမှာကို သေဆုံးသူပေါင်း ၃၀၀၀ ကျော်အထိဖြစ်သွားပြီး ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားသူပေါင်း ၈၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

COVID 19 ရောဂါကူးစက်မှုလူနာ ၁၀၀ ကျော် တွေ့ရှိထားတဲ့ စင်ကာပူနိုင်ငံမှာတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၈ရက်နေ့ ကစလို့ ဒီ Coronavorus စိုးရိမ်စရာ လိမ္မော်ရောင်အဆင့် စင်ကာပူအစိုးရက သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ မတ်လ ၂ရက်နေ့မှာတော့- အသက် ၂၅နှစ်အရွယ် စင်ကာပူနိုင်ငံရောက် မြန်မာအိမ်အကူအမျိုးသမီးတဦးဆီမှာ COVID 19 ကူးစက်ရောဂါတွေ့ရှိတယ်လို့ စင်ကာပူအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ကူးစက်သံသယရှိသူ အိမ်ရှင်နဲ့ အနီးကပ်နေထိုင်ခဲ့သူ အဲ့မြန်မာအမျိုးသမီးကို သူ့နေအိမ်မှာပဲ စောင့်ကြည့်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၉ရက်နေ့မှာတော့ သူမမှာ ရောဂါလက္ခဏာပြလာတဲ့အတွက် အရေးပေါ်ဆေးရုံတင်ကုသခဲ့ပြီး မနေ့ တနင်္ဂနွေ မနက်ပိုင်းမှာတော့ သူ့မှာ COVID 19 ရောဂါကူးစက်နေကြောင်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စင်ကာပူရောက်မြန်မာအသိုင်းအဝိုင်းတွေထဲ အထူးသဖြင့် နေအိမ်တွေမှာပဲ အလုပ်လုပ်ကိုင်နေသူတွေနဲ့ လူစုလူဝေး အများပြည်သူ သွားရောက်တဲ့နေရာတွေမှာ အလုပ်လုပ်ကိုင်နေရသူတွေအနေနဲ့ စင်ကာပူအစိုးရက ကျန်းမာရေးပညာပေးမှုတွေကို စနစ်တကျလိုက်နာသင့်သလို ရောဂါမကူးစက်ရအောင်လည်း အထူးသတိထားကြဖို့ အချင်းချင်းသတိပေးနိုးဆော်နေပါတယ်။

COVID 19 မကူးစက်ရအောင် စင်ကာပူအစိုးရအနေနဲ့ စနစ်တကျဆောင်ရွက်ပေးနေသလို စင်ကာပူရောက်မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း မိမိကိုယ်ကို ကာကွယ်ဖို့နဲ့ ရောဂါမကူးစက်ခံရအောင် အထူးသတိထားကြဖို့ စင်္ကာပူ-မြန်မာအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့ဖူးသူ စင်္ကာပူ-မြန်မာအသင်းရဲ့ ဂုဏ်ထူးဆောင် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ စင်္ကာပူ နမ့်ယမ်းတက္ကသိုလ်မှာ နှစ်၂၀ ကျော်ကြာ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဦး Daniel Tint Lwin က အခုလို ပညာပေးပြောဆိုပါတယ်။

"လူတွေ များများလုပ်နေတဲ့ events တွေတော့ ဖျက်ထားတယ်ပေါ့လေ။ အန်ကယ်တို့လည်း သတိထားတယ်။ အန်ကယ်တို့လည်း အိမ်မှာပဲ နေတာများတယ်။ အပြင်တွေဘာတွေလည်း သိပ်မထွက်ဘူး။ ဒီအစိုးရကတော့ အများကြီးထိန်းပါတယ်။ ဘယ်မှာပဲ ဖြစ်ဖြစ်၊ ဘယ်ပဲသွားသွား Temperature တိုင်းတာတို့ form ဖြည့်ရတာတို့ ဘာတို့ပေါ့။ စကာၤပူမှာကတော့ အခြေအနေကောင်းပါတယ်... တော်တော်လေးကို အားလုံးကတော့ Under Control ပါ။ စကာၤပူမှာကတော့ Under Control ပါနော်။ စကာၤပူကတော့ ၃ ဦးတိုးတယ်၊ ၄ ဦးတိုးတယ် အဲ့ဒီလိုတော့ ရှိတာပေါ့။ ဒါပေမဲ့လည်း နေပြန်ပြီး discharge ပေါ့လေ။ Discharge လုပ်တဲ့ လူကလည်း တော်တော်များပါတယ်။ ဆိုတော့ အန်ကယ်တို့အနေနဲ့တော့ စိတ်ချပါတယ်။ မြန်မာအသိုင်းအဝိုင်းလည်း ဒီလိုပဲ။ မြန်မာအသိုင်းအဝိုင်းလည်း တော်တော်လေး စည်းစည်းရုံးရုံးနဲ့ နေကြတာပေါ့လေ။"

လတ်တလောမှာတော့ လူစုလူဝေးနဲ့ ကျင်းပမယ့် စင်ကာပူ-မြန်မာတွေရဲ့ သင်္ကြန်ပွဲတော်ကို မကျင်းပဖြစ်တော့ဘူးလို့လည်းသိရပါတယ်။ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ စင်ကာပူအစိုးရက အချိန်နဲ့တပြေးညီ ထုတ်ပြန်နေတဲ့ သတင်းမီဒီယာတွေကို ဂရုစိုက်နားထောင်စောင့်ကြည့်သင့်သလို မိမိနဲ့ အနီးကပ်နေထိုင်သူတွေရဲ့ ကျန်းမာရေး- ဖျားနာနေမကောင်း ဖြစ်နေတာတွေကိုလည်း သတိထားစောင့်ကြည့်သင့်တယ်လို့ စင်ကာပူရောက်မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ ကိုအောင်ဝင်းထွဋ်ကလည်း အကြံပေးပါတယ်။

"ကျနော်တို့ သင်္ကြန်ပွဲကို လုပ်ဖို့ စီစဉ်ထားတယ် မဟုတ်လား။ မြန်မာ Society တွေကလေ.. မြန်မာဘုန်းကြီးကျောင်းတွေက ဦးဆောင်ပြီးတော့ပေါ့။ နောက်တခါ မြန်မာ Community တွေက ဦးဆောင်ပြီးတော့ လုပ်ဖို့ စီစဉ်နေတာ။ အခုတော့ မလုပ်ဖြစ်တော့ဘူး။ အဓိကကတော့ ကျနော်တို့ စရောက်ခါစ အိမ်အကူလေးတွေက လွဲလို့ပေါ့နော် ကျန်တဲ့ ဒီမှာ လုပ်သက်ရင့်နေတဲ့ အိမ်အကူ ဝန်ထမ်းတွေ ရှိတယ်လေ။ စကာၤပူရောက် မြန်မာတွေကနေပြီးတော့ Group တွေ ဘာတွေ ရှိတယ်လေ။ သူတို့ကနေပြီးတော့ စကာၤပူမှာရှိတဲ့ မြန်မာတွေကို အေးအေးဆေးဆေး ဆက်သွယ်လို့ရပါတယ်။ လူစုလူဝေးနေရာတွေ မသွားဖို့ အဲ့ဒါတွေ ကျနော်တို့ကို မှာထားတယ်။ နေမကောင်းလို့ ရှိရင် ကျနော်တို့ကို Mask တွေကို တပ်ထားရမယ်။ ဆရာအမြန်ဆုံး သွားတွေ့ရမယ်။ အဲ့ဒါတွေ မှာထားတယ်။ နောက်ဆုံးတခု နောက်ဆုံးတခုက ဘာလည်းဆိုတော့ ဝင်ကြည့်လို့ရတဲ့ website တွေ ရှိတယ်။ ဒါက public ကို သူတို့က သတင်းတွေ အမြဲတမ်း ထုတ်ပြန်ပေးနေတာပေါ့နော်။ moh.gov.sg တဲ့ အဲ့ဒါက အစိုးရ ကျန်းမာရေးဆိုင်ရာ website၊ နောက်တခုက whatsup application သုံးပြီးလို့ရှိရင် gov.sg ကို ဝင်ကြည့်လို့ရတယ်။ အဲ့တော့ Orange Level ရောက်နေတဲ့အတွက် နေမကောင်းဘူးလို့ ကိုယ့်ကိုယ်ကို ခံစားလို့ရှိရင် အိမ်ရှင်ကို ချက်ချင်းသတိပေးရမယ်ပေါ့လေ။ အလုပ်ရှင်ကိုပေါ့နော်။ ပြောရမယ်။ ငါနေမကောင်းဘူး။ အဲ့ဒီအခါကျရင် အိမ်ရှင်က သူတို့ကို ဆေးခန်းပို့ပေးမှာပေါ့။ နောက်ပြီးတော့ လိုအပ်လို့ရှိရင် မြန်မာအစိုးရရဲ့ လူတွေကို အမြန်ဆုံးဆက်သွယ်ပြီးတော့ အကူအညီလှမ်းတောင်းသင့်တယ်ပေါ့နော်။"

စင်ကာပူမှာတော့ စားနပ်ရိက္ခာ သောက်သုံးရေနဲ့ အခြေခံ ကျန်းမာရေး အသုံးအဆောင်ပစ္စည်းတွေကို ကြိုတင်ဝယ်ယူစုဆောင်းနေကြသလို စင်ကာပူအစိုးရဘက်ကလည်း ရောဂါမပြန့်ပွားရေး စနစ်တကျဆောင်ရွက်နေသလို ရောဂါပိုးသံသယတွေ့ရှိသူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေသလို ထပ်ပြီး မကူးစက်ရအောင်လည်း နေအိမ်တွင်းစောင့်ကြည့်နေသလို ဆေးရုံအတွင်းစောင့်ကြည့်မှုတွေကို စည်းကမ်းတင်းကျပ်စွာနဲ့ ဆောင်ရွက်နေတယ်လို့ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

XS
SM
MD
LG