သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိ႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ထိုင္းႏိုင္ငံမွာ ပထမဦးဆံုး ေသဆံုးမႈ


ကို႐ိုနာဗုိင္းရပ္စ္ အႏၱရာယ္မွ ကာကြယ္ႏုိင္ေရး အကာအကြယ္မ်ား ဝတ္ဆင္ေနသည့္ ထုိင္းေလေၾကာင္းလုိင္းဝန္ထမ္းမ်ား။ (ဇန္နဝါရီ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ဗိုင္းရပ္စ္ေၾကာင့္ ထိုင္းႏိုင္ငံမွာ အမ်ဳိးသားတဦး ေသဆုံးသြားတယ္လို႔ ထိုင္းတာဝန္ရွိသူေတြက တနဂၤေႏြေန႔မွာ ေၾကညာလုိက္ပါတယ္။ ဒါဟာ ပထမဆုံး ေသဆုံးသူ ျဖစ္ပါတယ္။

covid 19
covid 19

သူ မေသဆုံးခင္ စစ္ေဆးခဲ့ေပမယ့္ ရက္ေပါင္းအေတာ္ၾကာအထိ ကို႐ုိနာဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့လကၡဏာ မျပခဲ့ဘူးလို႔လည္း ဆိုပါတယ္။

ထိုင္းႏုိင္ငံ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ Suwanchai ကေတာ့ ေသဆုံးသူမွာ ဗိုင္းရပ္စ္လကၡဏာ မျပေပမယ့္ ကုသမႈ ေတာက္ေလွ်ာက္ေပးခဲ့တယ္လုိ႔ ေျပာပါတယ္။

ေသဆုံးသူဟာ အသက္ ၃၅ ႏွစ္အရြယ္ ေရာင္းအားျမႇင့္တင္ေရး ဝန္ထမ္းတဦးျဖစ္ၿပီး သူဟာ ကမၻာလွည့္ခရီးသြားေတြနဲ႔ ထိေတြ႔ ဆက္ဆံခဲ့သူလို႔ ဆိုပါတယ္။

ကနဦးကာလမွာ ေသြးလြန္တုပ္ေကြး လကၡဏာေၾကာင့္ ဇန္နဝါရီလထဲမွာ ေဆး႐ုံကို ေရာက္လာသူျဖစ္ၿပီး ေနာက္ပိုင္းမွာ COVID-19 ဗိုင္းရပ္စ္လကၡဏာေၾကာင့္ သူ႔ကို ေစာင့္ၾကပ္ကုသေနစဥ္ ခုလို ေသဆုံးသြားတာ ျဖစ္ပါတယ္။

-----------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံမှာ ပထမဦးဆုံး သေဆုံးမှု

COVID-19 ဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံမှာ အမျိုးသားတဦး သေဆုံးသွားတယ်လို့ ထိုင်းတာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။ ဒါဟာ ပထမဆုံး သေဆုံးသူ ဖြစ်ပါတယ်။

သူ မသေဆုံးခင် စစ်ဆေးခဲ့ပေမယ့် ရက်ပေါင်းအတော်ကြာအထိ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့လက္ခဏာ မပြခဲ့ဘူးလို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Suwanchai ကတော့ သေဆုံးသူမှာ ဗိုင်းရပ်စ်လက္ခဏာ မပြပေမယ့် ကုသမှု တောက်လျှောက်ပေးခဲ့တယ်လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၅ နှစ်အရွယ် ရောင်းအားမြှင့်တင်ရေး ဝန်ထမ်းတဦးဖြစ်ပြီး သူဟာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ထိတွေ့ ဆက်ဆံခဲ့သူလို့ ဆိုပါတယ်။

ကနဦးကာလမှာ သွေးလွန်တုပ်ကွေး လက္ခဏာကြောင့် ဇန်နဝါရီလထဲမှာ ဆေးရုံကို ရောက်လာသူဖြစ်ပြီး နောက်ပိုင်းမှာ COVID-19 ဗိုင်းရပ်စ်လက္ခဏာကြောင့် သူ့ကို စောင့်ကြပ်ကုသနေစဉ် ခုလို သေဆုံးသွားတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG