သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်အဆင့် WHO တိုးမြှင့်


(Zawgyi/Unicode)

မကြာသေးခင်ရက်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့ နိုင်ငံတွေ တိုးလာနေတာဟာ စိုးရိမ်စရာ ကောင်းတာကြောင့် ကမ္ဘာတဝှမ်းမှာ စိုးရိမ်ရတဲ့အဆင့်ကို တိုးမြှင့်လိုက်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောလိုက်ပါတယ်။

ကူးစက်မှု အန္တရာယ် ပိုများလာတယ်လို့ သုံးသပ်ထားပြီး၊ COVID-19 ရောဂါကြောင့် သက်ရောက်မှုဟာ ကမ္ဘာတဝှမ်းမှာ အလွန်မြင့်မားနေတဲ့ အဆင့်အဖြစ် သတ်မှတ်လိုက်ကြောင်း WHO ညွန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်မယ့် အခွင့်အလန်း ရှိနေဆဲဖြစ်ပြီး ထပ်ဆင့် ပျံ့နှံ့မှုကို ဖြတ်တောက်နိုင်ဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။ လက်ဆင့်ကမ်း မဖြန့်မိအောင် လူတဦးချင်းစီက သတိထားဖို့လည်း WHO အကြီးအကဲက သတိပေးခဲ့တာပါ။

ဗိုင်းရပ်စ်အန္တရာယ် ရင်ဆိုင်နေရချိန်မှာ အကြောက်တရားတွေ၊ ကောလဟလတွေ၊ ခွဲခြားဆက်ဆံမှုတွေက ဗိုင်းရပ်စ်ပိုးထက် ပိုဆိုးတဲ့ အကြီးမားဆုံး အန္တရာယ်တွေ ဖြစ်တာကြောင့် အချက်အလက်မှန်တွေ၊ ကျိုးကြောင်းဆင်ခြင်မှုတွေ၊ ညီညွတ်မှုတွေနဲ့ ဝိုင်းဝန်းဖြေရှင်းကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

လတ်တလော ကမ္ဘာတဝှမ်းမှာ ဆေးအမျိုး ၂၀ လောက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေပြီး၊ တော်တော်များများဟာလည်း လူနဲ့စမ်းသပ်တဲ့ အဆင့်အထိ ရောက်နေပြီး မကြာခင် သီတင်းပတ်တွေအတွင်း ရလဒ်တွေကို သိရလိမ့်မယ်လို့ မျှော်လင့်ရကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။ ရောဂါကူးစက်မှု အန္တရာယ်ကို အလွန်မြင့်မားတဲ့ အဆင့်အဖြစ် တိုးမြှင့်လိုက်ပေမဲ့ နေရာအနှံ့အပြားမှာ ကူးစက်တတ်တဲ့ ရောဂါအဖြစ်နဲ့တော့ WHO က မသတ်မှတ်သေးပါဘူး။ လူတိုင်းကို ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်မှာသာ ဒီလိုအဆင့်အထိ သတ်မှတ်နိုင်မှာ ဖြစ်ကြောင်းလည်း WHO တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


...............

ကိုရိုနာဗိုငျးရပျဈ ကူးစကျမှုအန်တရာယျအဆင့ျ WHO တိုးမွှင့ျ

(Unicode)





XS
SM
MD
LG