သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှကပြန်လာသူတွေ Coronavirus လက္ခဏာရှိရင် သီးခြားခွဲနေဖို့ ဗြိတိန်သတိပေး


လန်ဒန် Heathrow လေဆိပ်အတွင်း Coronavirus အကြောင်း သတိပေးထား
လန်ဒန် Heathrow လေဆိပ်အတွင်း Coronavirus အကြောင်း သတိပေးထား

(Zawgyi/Unicode)

မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတချို့က ပြန်လာသူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ရောဂါလက္ခဏာ တွေ့ရတယ်ဆိုရင် ကိုယ့်ဖာသာ သီးခြားနေထိုင်ဖို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်ကစပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ အီတလီနိုင်ငံမြောက်ပိုင်းကနေ ပြန်ရောက်လာသူတွေ အနေနဲ့ ရောဂါလက္ခဏာ မပြင်းထန်ရင်တောင် အိမ်ထဲက အိမ်ပြင်မထွက်ဖို့၊ တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံတာာတွေကို ရှောင်ရှားဖို့နဲ့ ကျန်းမာရေးဌာန အရေးပေါ်ဖုန်းနံပတ်ကို ဆက်သွယ်ဖို့လည်း အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ တိုက်တွန်းထားတာပါ။

တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက ပြန်လာတဲ့ ခရီးသွားတွေကိုပါ သတိပေးချက်မှာ ထည့်သွင်းထားပေမဲ့ မြန်မာတာဝန်ရှိသူတွေကတော့ သံသယရှိတဲ့ လူနာတချို့ကို စစ်ဆေးတာတွေ ရှိပေမဲ့ ကူးစက်သူ မရှိသေးကြောင်း ပြောဆိုထားပါတယ်။ ဗြိတိန်ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ လူပေါင်း ၆,၇၉၅ ယောက်ကို စစ်ဆေးရာမှာ ၁၃ ယောက်မှာသာ ရောဂါပိုးတွေ့ရှိခဲ့ရပြီး ဒီအထဲမှာတော့ ဂျပန်နိုင်ငံက ဆိပ်ကမ်းမှာ ရပ်ထားရတဲ့ Diamond Princess အပျော်စီး သင်္ဘောပေါ်မှာ လိုက်ပါသွားသူ ၄ ဦးလည်း ပါဝင်ကြောင်း ဖော်ပြခဲ့တာပါ။

ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်မှု အဆိုးဆုံး ကြုံနေရတဲ့ အီတလီနိုင်ငံ မြောက်ပိုင်းကနေ ပြန်ရောက်လာသူတွေ အနေနဲ့ ရောဂါလက္ခဏာ တွေ့တယ်ဆိုရင် သီးသန့်ခွဲနေဖို့နဲ့ အီတလီ အစိုးရက သီးသန့်ခွဲထားပြီး စောင့်ကြည့်စစ်ဆေးနေတဲ့ နယ်မြေကနေ ပြန်လာသူတွေကတော့ ရောဂါလက္ခဏာ မတွေ့ရင်တောင် သီးခြားခွဲနေဖို့ ကျန်းမာရေးဝန်ကြီး Matt Hancock ကပြောဆိုခဲ့ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေ စတင်ပျံ့နှံ့ရာ တရုတ်နိုင်ငံ ဟူဘေပြည်နယ်အပြင် မကြာသေးခင်ကပဲ ကူးစက်မှုတွေနဲ့ သေဆုံးသူတွေပါ တိုးလာနေတဲ့ အီရန်နဲ့ တောင်ကိုရီးယားနိုင်ငံ အထူးဇုံနယ်မြေက ပြန်ရောက်လာသူတွေ အနေနဲ့လည်း ရောဂါလက္ခဏာ မတွေ့ရရင်တောင် သီးခြားခွဲနေကြဖို့လည်း ညွန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)





XS
SM
MD
LG