သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သတိပေးချက် အမြင့်ဆုံးတင်


တိုင်းပြည်သို့ မိန့်ခွန်းပြောနေသည့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း။ (ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀)
တိုင်းပြည်သို့ မိန့်ခွန်းပြောနေသည့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း။ (ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံက သတိပေးချက်ကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ပြီးတော့ သတ်မှတ်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကာကွယ်မှုတွေကို မကြုံဘူးလောက်အောင် ကြီးကြီးမားမား လုပ်ဆောင်ကြဖို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ဒီနေ့ ထပ်တိုးလာနေတာကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ဒီဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ ပိုပြီး စိုးရိမ်စရာကောင်းတဲ့ အဆင့်ကို ရောက်လာနေတယ်လို့ တောင်ကိုရီးယားဝန်ကြီးချုပ် Chung Sye-Kyung က ဒီကနေ့နှောင်းပိုင်းမှာ ရုပ်သံကနေတဆင့် တနိုင်ငံလုံးကို ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ဖို့အတွက် ဆိုးလ်မြို့တမြို့လုံး အစွမ်းကုန် လုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဒီနေ့ တနင်္ဂနွေနေ့မှာ နောက်ထပ် ရောဂါကူးစက်ခံရသူဟာ ၁၂၃ ယောက်ရှိပြီး အဲဒီထဲက ၁၁၃ ယောက်က Daegu မြို့နဲ့ အနီးတဝိုက်မှာဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ပြောပါတယ်။

ဒါကြောင့် အခုဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ၅၅၆ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

ရောဂါကူးစက်မှုတွေကြောင့် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကို သွားမယ့် ခရီးသွားတွေအနေနဲ့ အထူးသတိထားဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ခရီးသွားသတိပေးချက် စနေနေ့က ထုတ်ပြန်လိုက်ပါတယ်။

ရောဂါမကူးစက်ရအောင် နေမကောင်းဖြစ်တဲ့သူတွေနဲ့ မထိအောင် ရှောင်ကြဉ်ဖို့နဲ့ လက်ဆေးကြဖို့ တိုက်တွန်းထားပြီး ခရီးသွားသတိပေးချက်ကို အဆင့် ၂ အဖြစ် သတ်မှတ်ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံမှာတော့ ဒီနေ့မှာ နောက်ထပ်ရောဂါကူးစက်ခံရသူ ၆၄၈ ယောက်ရှိတဲ့အတွက် အခုဆိုရင် ရောဂါကူးစက်ခံရသူ အရေအတွက် စုစုပေါင်းဟာ ၇၆၉၃၆ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ၉၇ ယောက် သေဆုံးသွားတာကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ အရေအတွက် စုစုပေါင်း ၂၄၄၂ ယောက် ရှိသွားပြီဖြစ်ပါတယ်။

---------------------------

(Unicode)











တိုက်ရိုက် လင့်ခ်


XS
SM
MD
LG