သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၂,၄၀၀ ေက်ာ္


ဝူဟန္ၿမိဳ႕ ေဆး႐ုံတခုအတြင္း လူနာမ်ားအား ကုသေနမႈ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံတြင္းက ကို႐ုိနာဗိုင္းရပ္စ္ အဆိုးရြားဆံုး ကူးစက္ပ်ံ႕ႏွံ႔ေနရာ ဟူးေဘျပည္နယ္တြင္းမွာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၉၆ ေယာက္ ထပ္မံ ေသဆံုးခဲ့တယ္လို႔ တနဂၤေႏြေန႔ မနက္ပိုင္းမွာ ျပည္နယ္က်န္းမာေရး ေကာ္မရွင္က ထုတ္ျပန္လုိက္တာေၾကာင့္ ေသဆံုးသူ စုစုေပါင္း ၂၄၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

ဟူးေဘျပည္နယ္မွာပဲ ဗိုင္းရပ္စ္ ကူးစက္ခံရမႈ လူနာအသစ္ ၆၃၀ ထပ္တိုးတယ္လို႔ ထုတ္ျပန္လုိက္တာေၾကာင့္ ဗိုင္းရပ္စ္ ကူးစက္ခံရသူ စုစုေပါင္း ၇၇,၀၀၀ နီးပါးကို ေရာက္သြားၿပီျဖစ္ပါတယ္။

ဒါေပမယ့္ တ႐ုတ္ႏုိင္ငံ ျပင္ပမွာေတာ့ ကူးစက္ခံထားရသူ ၁,၂၀၀ ေက်ာ္ရွိၿပီး ေသဆံုးသူ တဒါဇင္ေက်ာ္ ရွိေနပါတယ္။

တ႐ုတ္ႏုိင္ငံ ျပင္ပမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ပိုၿပီးမ်ားလာေနတဲ့ အခ်ိန္မွာပဲ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈကို တားဆီးဖို႔ အခ်ိန္သိပ္မက်န္ေတာ့ဘူးလို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးက ေျပာဆိုလိုက္ပါတယ္။

တ႐ုတ္ႏုိင္ငံရဲ႕ ျပင္ပႏုိင္ငံေတြနဲ႔ ေဒသေတြမွာေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ အေရအတြက္ သိပ္မမ်ားလွဘူးလို႔ ဆိုႏုိင္ေပမယ့္လည္း တ႐ုတ္နဲ႔ တိုက္႐ုိက္ဆက္ႏႊယ္မႈ မရွိဘဲ ကမၻာတလႊား ဗိုင္းရပ္စ္ ကူးစက္ခံရမႈ တိုးလာတဲ့အေပၚမွာေတာ့ စိုးရိမ္တဲ့အေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီး (WHO) အႀကီးအကဲ Tedros Adhanon Ghebreyesus က ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံတြင္းမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံလူနာေတြနဲ႔ နီးနီးကပ္ကပ္ ဆက္ႏႊယ္ပတ္သက္ေနသူေတြအျဖစ္ သတ္မွတ္ထားသူက ၆၁၈,၀၀၀ ေက်ာ္ ရွိေၾကာင္း အမ်ိဳးသား က်န္းမာေရးေကာ္မရွင္က စေနေန႔မွာ ထုတ္ျပန္ပါတယ္။

လူေပါင္း ၁၁၃,၅၆၄ ေယာက္ကိုေတာ့ က်န္းမာေရး ေစာင့္ၾကည့္ရမယ့္သူေတြ အျဖစ္ သတ္မွတ္ထားပါတယ္။

---------------------------------

(Unicode)

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂,၄၀၀ ကျော်

တရုတ်နိုင်ငံတွင်းက ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ပျံ့နှံ့နေရာ ဟူးဘေပြည်နယ်တွင်းမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၆ ယောက် ထပ်မံ သေဆုံးခဲ့တယ်လို့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ပြည်နယ်ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်လိုက်တာကြောင့် သေဆုံးသူ စုစုပေါင်း ၂၄၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ဟူးဘေပြည်နယ်မှာပဲ ဗိုင်းရပ်စ် ကူးစက်ခံရမှု လူနာအသစ် ၆၃၀ ထပ်တိုးတယ်လို့ ထုတ်ပြန်လိုက်တာကြောင့် ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၇၇,၀၀၀ နီးပါးကို ရောက်သွားပြီဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံ ပြင်ပမှာတော့ ကူးစက်ခံထားရသူ ၁,၂၀၀ ကျော်ရှိပြီး သေဆုံးသူ တဒါဇင်ကျော် ရှိနေပါတယ်။

တရုတ်နိုင်ငံ ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ပိုပြီးများလာနေတဲ့ အချိန်မှာပဲ ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကို တားဆီးဖို့ အချိန်သိပ်မကျန်တော့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ ပြင်ပနိုင်ငံတွေနဲ့ ဒေသတွေမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက် သိပ်မများလှဘူးလို့ ဆိုနိုင်ပေမယ့်လည်း တရုတ်နဲ့ တိုက်ရိုက်ဆက်နွှယ်မှု မရှိဘဲ ကမ္ဘာတလွှား ဗိုင်းရပ်စ် ကူးစက်ခံရမှု တိုးလာတဲ့အပေါ်မှာတော့ စိုးရိမ်တဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အကြီးအကဲ Tedros Adhanon Ghebreyesus က ပြောပါတယ်။

တရုတ်နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတွေနဲ့ နီးနီးကပ်ကပ် ဆက်နွှယ်ပတ်သက်နေသူတွေအဖြစ် သတ်မှတ်ထားသူက ၆၁၈,၀၀၀ ကျော် ရှိကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်က စနေနေ့မှာ ထုတ်ပြန်ပါတယ်။

လူပေါင်း ၁၁၃,၅၆၄ ယောက်ကိုတော့ ကျန်းမာရေး စောင့်ကြည့်ရမယ့်သူတွေ အဖြစ် သတ်မှတ်ထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG