(Zawgyi / Unicode)
ကို႐ုိနာဗိုင္းရပ္စ္ အဆိုးဆံုး ကူးစက္ပ်ံ႕ႏွံ႔ေနရာ တ႐ုတ္ႏုိင္ငံ ဟူးေဘျပည္နယ္မွာ တနလၤာေန႔က ဗိုင္းရပ္စ္ကူးစက္ခံရမႈေၾကာင့္ လူ ၁၀၀ ထပ္မံ ေသဆံုးခဲ့ၿပီး စုစုေပါင္း ေသဆံုးသူ အေရအတြက္ ၁,၇၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။
ဟူးေဘျပည္နယ္မွာပဲ ေနာက္ထပ္ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ အသစ္ ၁,၉၃၃ ဦး ထပ္မံေတြ႔ရွိရေၾကာင္း ျပည္နယ္က်န္းမာေရး ေကာ္မရွင္ရဲ႕ မၾကာခင္ကထုတ္တဲ့ ေန႔စဥ္စာရင္းမွာ ေဖာ္ျပထားပါတယ္။
ဗိုင္းရပ္စ္ကူးစက္ခံရမႈက သံုးရက္ဆက္တိုက္ ေလ်ာ့က်လာတယ္လို႔ တ႐ုတ္က်န္းမာေရးဌာန တာ၀န္ရွိသူေတြက ေျပာဆိုထားေပမယ့္လည္း ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီး (WHO) ကေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ေရာဂါရဲ႕ ေရွ႕အလားအလာကို မခန္႔မွန္းႏုိင္ေသးဘူးလို႔ တနဂၤေႏြေန႔မွာပဲ သတိေပးထားပါတယ္။
ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈနဲ႔ ပတ္သက္ၿပီး လူထုၾကား စိုးရိမ္ေၾကာက္လန္႔မႈ မျဖစ္ေစဘဲ အျပည့္အ၀ သတင္းေပးႏုိင္ေရးအတြက္ အစိုးရေတြ ပူးေပါင္းေဆာင္ရြက္ၾကဖို႔လည္း WHO အႀကီးအကဲက ဂ်ာမနီႏိုင္ငံ ျမဴးနစ္ လံုၿခံဳေရးညီလာခံအတြင္း တိုက္တြန္းသြားပါတယ္။
------------------------------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးသူ ၁၇၀၀ ကျော်ပြီ
ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံး ကူးစက်ပျံ့နှံ့နေရာ တရုတ်နိုင်ငံ ဟူးဘေပြည်နယ်မှာ တနင်္လာနေ့က ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် လူ ၁၀၀ ထပ်မံ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ အရေအတွက် ၁,၇၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
ဟူးဘေပြည်နယ်မှာပဲ နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၁,၉၃၃ ဦး ထပ်မံတွေ့ရှိရကြောင်း ပြည်နယ်ကျန်းမာရေး ကော်မရှင်ရဲ့ မကြာခင်ကထုတ်တဲ့ နေ့စဉ်စာရင်းမှာ ဖော်ပြထားပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရမှုက သုံးရက်ဆက်တိုက် လျော့ကျလာတယ်လို့ တရုတ်ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောဆိုထားပေမယ့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါရဲ့ ရှေ့အလားအလာကို မခန့်မှန်းနိုင်သေးဘူးလို့ တနင်္ဂနွေနေ့မှာပဲ သတိပေးထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး လူထုကြား စိုးရိမ်ကြောက်လန့်မှု မဖြစ်စေဘဲ အပြည့်အ၀ သတင်းပေးနိုင်ရေးအတွက် အစိုးရတွေ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း WHO အကြီးအကဲက ဂျာမနီနိုင်ငံ မြူးနစ် လုံခြုံရေးညီလာခံအတွင်း တိုက်တွန်းသွားပါတယ်။