သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid-19 ျဖစ္ပြားမႈႏႈန္း သံုးရက္ဆက္တိုက္ က်ဆင္းလာ


ဝူဟန္ၿမိဳ႕ ေဆး႐ုံတခုမွ က်န္းမာေရးဝန္ထမ္းမ်ား။ (ေဖေဖာ္ဝါရီ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ဓာတ္ခဲြခန္း အတည္ျပဳခ်က္ေတြအရ ကမၻာတ၀ွမ္းမွာ ကို႐ုိနာဗုိင္းရပ္စ္ပိုး ကူးစက္ခံရသူ အေရအတြက္ဟာ ၅၀၅၈၀ ရွိၿပီး အဲဒီထဲက အမ်ားစုျဖစ္တဲ့ ၅၀၀၅၄ ေယာက္ဟာ တ႐ုတ္ႏုိင္ငံကျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) က စေနေန႔ ေႏွာင္းပိုင္းမွာ ေျပာလိုက္ပါတယ္။

covid 19
covid 19

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ကို႐ိုနာဗုိင္းရပ္စ္ပိုး ေနာက္ထပ္ ကူးစက္ခံရသူ အေရအတြက္ဟာ ၁၅၂၇ ေယာက္ရွိၿပီး အဲဒီထဲက ၁၅၀၆ ေယာက္က တ႐ုတ္ႏုိင္ငံမွာျဖစ္တယ္လို႔ WHO က ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံမွာေတာ့ ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေနာက္ထပ္ ၁၄၂ ေယာက္ ေသဆုံးခဲ့တာေၾကာင့္ အခုဆုိရင္ လူေပါင္း ၁၇၀၀ ေလာက္ ေသဆုံးခဲ့ၿပီး ေရာဂါကူးစက္ခံထားရတဲ့သူ ၆၈၀၀ ေက်ာ္ရွိတယ္လို႔ တ႐ုတ္ႏုိင္ငံက ေျပာပါတယ္။

ဒါေပမယ့္လည္း ဒီေန႔ တနဂၤေႏြေန႔မွာ ေနာက္ထပ္ ေရာဂါကူးစက္ခံရသူ ၁၈၄၃ ေယာက္ရွိၿပီး ဒါဟာ အခုရက္ပိုင္းေတြအတြင္း ေရာဂါကူးစက္မႈႏႈန္း ၃ ရက္ဆက္တုိက္ က်ဆင္းလာေနတာျဖစ္တယ္လို႔ တ႐ုတ္က်န္းမာေရးေကာ္မရွင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂ ရက္အတြင္းမွာ ေရာဂါကူးစက္ခံရသူက ၇၅၀၀ ေက်ာ္ရွိခဲ့တယ္။ ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေနာက္ထပ္ေသဆုံးသူ အမ်ားစုဟာ တ႐ုတ္ႏုိင္ငံ ဟူးေဘျပည္နယ္ ၀ူဟန္ၿမိဳ႕က ျဖစ္တယ္လို႔ တ႐ုတ္ အမ်ဳိးသားက်န္းမာေရးေကာ္မရွင္က ေျပာပါတယ္။

---------------------------------

(Unicode)

Covid-19 ဖြစ်ပွားမှုနှုန်း သုံးရက်ဆက်တိုက် ကျဆင်းလာ

ဓာတ်ခွဲခန်း အတည်ပြုချက်တွေအရ ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက်ဟာ ၅၀၅၈၀ ရှိပြီး အဲဒီထဲက အများစုဖြစ်တဲ့ ၅၀၀၅၄ ယောက်ဟာ တရုတ်နိုင်ငံကဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က စနေနေ့ နှောင်းပိုင်းမှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး နောက်ထပ် ကူးစက်ခံရသူ အရေအတွက်ဟာ ၁၅၂၇ ယောက်ရှိပြီး အဲဒီထဲက ၁၅၀၆ ယောက်က တရုတ်နိုင်ငံမှာဖြစ်တယ်လို့ WHO က ပြောပါတယ်။

တရုတ်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၁၄၂ ယောက် သေဆုံးခဲ့တာကြောင့် အခုဆိုရင် လူပေါင်း ၁၇၀၀ လောက် သေဆုံးခဲ့ပြီး ရောဂါကူးစက်ခံထားရတဲ့သူ ၆၈၀၀ ကျော်ရှိတယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

ဒါပေမယ့်လည်း ဒီနေ့ တနင်္ဂနွေနေ့မှာ နောက်ထပ် ရောဂါကူးစက်ခံရသူ ၁၈၄၃ ယောက်ရှိပြီး ဒါဟာ အခုရက်ပိုင်းတွေအတွင်း ရောဂါကူးစက်မှုနှုန်း ၃ ရက်ဆက်တိုက် ကျဆင်းလာနေတာဖြစ်တယ်လို့ တရုတ်ကျန်းမာရေးကော်မရှင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာ ရောဂါကူးစက်ခံရသူက ၇၅၀၀ ကျော်ရှိခဲ့တယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ထပ်သေဆုံးသူ အများစုဟာ တရုတ်နိုင်ငံ ဟူးဘေပြည်နယ် ဝူဟန်မြို့က ဖြစ်တယ်လို့ တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG