သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus ကူးစက်မှု အရှိန်လျော့ပေမဲ့ မပေါ့ဆဖို့ WHO သတိပေး


တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ဟာ အဆိုးဆုံး အခြေအနေကို ကျော်လွှားပြီလို့ ပြောဖို့ အချိန်စောသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်သူ အရေအတွက် တည်ငြိမ်စပြုလာပေမဲ့ သတိကြီးကြီးထား စောင့်ကြည့်သွားဖို့ လိုတဲ့အကြောင်း WHO အကြီးအကဲက ပြောဆိုလိုက်တာပါ။ ကူးစက်မှု မီးတောက်တခု ငြိမ်းစပြုတဲ့အချိန်မှာပဲ နောက်ထပ် ၅ နေရာလောက်မှာ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြောဆိုလိုက်တာပါ။

COVID-19 လို့ တရားဝင် အမည်ပေးထားတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ အရေအတွက်ဟာ ဂျနီဗာစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက်ပိုင်းအထိ ၁,၁၁၄ ယောက်ရှိခဲ့ပြီး၊ ကူးစက်သူ ၄၄,၇၃၀ အထိ ရှိခဲ့သလို၊ တရုတ်နိုင်ငံ ပြင်ပက နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ သေဆုံးသူတစ်ဦးနဲ့ ကူးစက်သူ ၄၄၁ ယောက် ရှိကြောင်းလည်း ပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် အပျော်စီးသင်္ဘော Westerdam ကို ကမ္ဘောဒီးယားနိုင်ငံက ကမ်းကပ်ခွင့်ပြုဖို့ သဘောတူခဲ့တဲ့ အပေါ်မှာလည်း ချီးကျုးခဲ့တာပါ။

ဗိုင်းရပ်စ်ပိုး ကူးစက်မှာ စိုးရိမ်မှုတွေကြောင့် အာရှဒေသက ဆိပ်ကမ်း တော်တော်များများက လက်မခံခဲ့ပဲ ဖြစ်ခဲ့ပြီး အခုနောက်ဆုံး ကမ္ဘောဒီးယားနိုင်ငံက လက်ခံခဲ့တာဟာ နိုင်ငံတကာမှာ ညီညွတ်မှုကို ပြသတဲ့ နမူနာကောင်းတခု ဖြစ်ကြောင်းလည်း ပြောပါတယ်။ ရောဂါကူးစက်ပျံ့ပွားမှု အန္တရာယ်ကို တုံ့ပြန်ရာမှာ လူပုဂ္ဂိုလ် တဦးချင်းကိုပဲဖြစ်ဖြစ်၊ နိုင်ငံတခုခုကိုပဲဖြစ်ဖြစ် ခွဲခြားသတ်မှတ် ဆက်ဆံတာမျိုးဟာ အကောင်းထက် အဆိုးတွေကိုသာ ဦးတည်စေနိုင်တယ်လို့လည်း WHO အကြီးအကဲက သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG