သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုကွန်ယက်ပေါ် ပျံ့နှံ့မှုကြောင့် Coronavirus ထိန်းချုပ်ရေးကို အဟန့်အတားဖြစ်စေဟု WHO ပြော


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်တွေမှာ သတင်းမှားတွေ ပျံ့နှံ့နေတာဟာ ကူးစက်မှုကို ထိန်းချုပ်ရေးမှာ အဟန့်အတားတခု ဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။

လူပေါင်း ၄၂၇ ယောက်ထက်မနည်း သေဆုံးပြီး၊ ၂ သောင်းကျော် ကူးစက်နေချိန်မှာ သတင်းမှားတွေ၊ ကောလဟလတွေဟာ အဓိကစိန်ခေါ်မှုတခု ဖြစ်နေတဲ့အကြောင်း WHO ကပြောဆိုခဲ့တာပါ။

လတ်တလောမှာတော့ WHO က Google နဲ့ လက်တွဲပြီး SOS အရေးပေါ် သတိပေးချက်လို့ အမည်ပေးထားတဲ့ စီမံချက်သစ်တခုကို စတင်လိုက်ပြီး၊ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေ၊ မှန်ကန်တဲ့ သတင်းတွေကို အလွယ်တကူ ရနိုင်အောင် စီစဉ်ထားပါတယ်။ တချိန်တည်းမှာပဲ WHO အကြီးအကဲကလည်း ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်မယ့် အခွင့်အလမ်းကို လက်မလွှတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကူးစက်မှုဖြစ်တဲ့ အဓိကနေရာမှာ တရုတ်နိုင်ငံက ထိထိရောက်ရောက် ဆောင်ရွက်နေတဲ့အတွက် အခွင့်အလမ်းကောင်း ရှိနေကြောင်းနဲ့ ပျံ့နှံ့မှုတွေ မဖြစ်အောင် ထိန်းချုပ်နိုင်မယ့် အခွင့်အလမ်းကောင်းကိုလည်း လက်မလွှတ်ကြဖို့ WHO ညွှန်ကြားရေးမှူးချုပ် Dr. Tedros Adhanom Ghebreyesus ကတိုက်တွန်းလိုက်တာပါ။

အင်္ဂါနေ့အထိ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံတွင်းမှာ သေဆုံးသူ ၄၂၅ ယောက်အထိ ရှိနေပြီး၊ တရုတ်နိုင်ငံ ပြင်ပမှာ သေဆုံးသူ ၂ ဦး ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့က ပင်လယ်စာဈေးကနေ စတင်ခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ပြည်ပက နိုင်ငံပေါင်း ၂ ဒါဇင်လောက်အထိ ပျံ့နှံ့ခဲ့ပြီး ကူးစက်ခံရသူ ၁၅၀ လောက်အထိ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

...................


(Unicode)






XS
SM
MD
LG