သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ေၾကာင့္ ေသဆုံးသူ ၄၉၀ ထက္မနည္းရွိ


(Zawgyi/Unicode)

Coronavirus အဆိုးရြားဆံုး ကူးစက္ ျဖစ္ပြားေနတဲ႔ တရုတ္ႏုိင္ငံ ဟူေဘး ျပည္နယ္မွာ ေသဆံုးသူ ၆၅ ဦး ထပ္တိုးလာၿပီး ေသဆံုးသူ စုစုေပါင္း အနည္းဆံုး ၄၉၀ ထိ ရွိသြားၿပီလို႔ ျပည္နယ္အာဏာပိုင္တို႔က ဗုဒၶဟူးေန႔မွာ ေျပာဆိုထားပါတယ္။

ဟူးေဘးျပည္နယ္မွာဘဲ Coronavirus ကူးစက္သူ ၃,၁၅၆ ေယာက္ အသစ္ထပ္မံ ေတြ႔ရွိရေၾကာင္းလည္း ဟူေဘးျပည္နယ္ က်န္းမာေရး ေကာ္မရွင္က ေန႔စဥ္ထုတ္ျပန္တဲ႔ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ ေဟာင္ေကာင္မွာ Coronavirus ေၾကာင့္ ပထမဆံုး တဦး ေသဆံုးေၾကာင္း အဂၤါေန႔မွာ ေၾကညာပါတယ္။

Coronavirus တိုက္ဖ်က္ေရး ကူညီဖို႔ ကန္ကၽြမ္းက်င္သူေတြ တ႐ုတ္လက္ခံသတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ေသဆံုးသူ အမ်ိဳးသားက Coronavirus အဆိုးရြားဆံုး ကူးစက္ပ်ံ႕ႏွံ႔ ျဖစ္ပြားေနရာ တရုတ္ႏုိင္ငံ Wuhan ၿမိဳ႕က ျပန္လာသူ ျဖစ္ပါတယ္။ အနည္းဆံုး လူေပါင္း ၄၉၀ ေယာက္ ေသဆံုးခဲ႔ရၿပီး ျဖစ္တဲ႔ Coronavirus က လင္းႏို႔ေတြက အစျပဳတာ ျဖစ္ႏုိင္တယ္လို႔လည္း တရုတ္ သိပၸံပညာရွင္ေတြကလည္း ထုတ္ျပန္ပါတယ္။

တိရိစာၦန္ကေန တဆင့္ လူကို ဗိုင္းရပ္စ္ ကူးစက္ရတဲ႔ အေၾကာင္းရင္းကိုေတာ့ တိတိက်က် မသိရေသးေပမယ့္လည္း ေတာရိုင္းတိရိစာၦန္ေတြ၊ ေမြးျမဴေရး တိရိစာၦန္ေတြ အရွင္ေရာင္းခ်တဲ႔ ေစ်းကေန ကူးစက္တာ ျဖစ္ႏုိင္တယ္လို႔လည္း တရုတ္ တာ၀န္ရွိသူေတြက ယူဆေနၾကပါတယ္။

Lunar ႏွစ္သစ္ကူး အားလပ္ရက္ အၿပီး ပထဆံုး ေန႔မွာ တရုတ္ အစုရွယ္ယာေတြ ေစ်းက်ခဲ႔ခ်ိန္မွာဘဲ အေမရိကန္ ႏုိင္ငံသားေတြကို ျပန္လည္ ကယ္ထုတ္သြားတာနဲ႔ ခရီးသြားလာခြင့္ ကန္႔သတ္ခ်က္ေတြ လုပ္တာေၾကာင့္ Coronavirus အေရး စိုးရိမ္မႈ လြန္ကဲေအာင္ အေမရိကန္က လုပ္တယ္လို႔ တရုတ္ဘက္က စြပ္စြဲပါတယ္။

အေမရိကန္က ဘာမွ မဆိုင္ဘဲနဲ႔ စြပ္စြဲခံရတာလို႔ Brooking Institution က ကမၻာ့စီးပြားေရး၊ ႏုိင္ငံျခားေရး မူ၀ါဒဆိုင္ရာ အႀကီးတန္း ပညာရွင္ David Dollar က ေျပာပါတယ္။ တရုတ္တို႔ဟာ ဒီကိစၥ သိရွိၿပီးေနာက္ သီတင္းပတ္ ၇ ပတ္ေလာက္ ဘာမွ မလုပ္ဘဲ ေနခဲ႔တယ္လို႔လည္း သူက ေထာက္ျပ ေျပာဆိုခဲ႔ပါတယ္။

Coronavirus ေၾကာင့္ ေသဆုံးသူ ၄၉၀ ထက္မနည္းရွိ
please wait

No media source currently available

0:00 0:01:38 0:00
တိုက္႐ိုက္ လင့္ခ္


................

Coronavirus ကြောင့် သေဆုံးသူ ၄၉၀ ထက်မနည်းရှိ

(Unicode)

Coronavirus အဆိုးရွားဆုံး ကူးစက် ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဟူဘေး ပြည်နယ်မှာ သေဆုံးသူ ၆၅ ဦး ထပ်တိုးလာပြီး သေဆုံးသူ စုစုပေါင်း အနည်းဆုံး ၄၉၀ ထိ ရှိသွားပြီလို့ ပြည်နယ်အာဏာပိုင်တို့က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုထားပါတယ်။

ဟူးဘေးပြည်နယ်မှာဘဲ Coronavirus ကူးစက်သူ ၃,၁၅၆ ယောက် အသစ်ထပ်မံ တွေ့ရှိရကြောင်းလည်း ဟူဘေးပြည်နယ် ကျန်းမာရေး ကော်မရှင်က နေ့စဉ်ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဟောင်ကောင်မှာ Coronavirus ကြောင့် ပထမဆုံး တဦး သေဆုံးကြောင်း အင်္ဂါနေ့မှာ ကြေညာပါတယ်။

သေဆုံးသူ အမျိုးသားက Coronavirus အဆိုးရွားဆုံး ကူးစက်ပျံ့နှံ့ ဖြစ်ပွားနေရာ တရုတ်နိုင်ငံ Wuhan မြို့က ပြန်လာသူ ဖြစ်ပါတယ်။ အနည်းဆုံး လူပေါင်း ၄၉၀ ယောက် သေဆုံးခဲ့ရပြီး ဖြစ်တဲ့ Coronavirus က လင်းနို့တွေက အစပြုတာ ဖြစ်နိုင်တယ်လို့လည်း တရုတ် သိပ္ပံပညာရှင်တွေကလည်း ထုတ်ပြန်ပါတယ်။

Coronavirus တိုက်ဖျက်ရေး ကူညီဖို့ ကန်ကျွမ်းကျင်သူတွေ တရုတ်လက်ခံသတင်းကို ဖတ်ရှုနိုင်ပါပြီ။

တိရိစ္ဆာန်ကနေ တဆင့် လူကို ဗိုင်းရပ်စ် ကူးစက်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပေမယ့်လည်း တောရိုင်းတိရိစ္ဆာန်တွေ၊ မွေးမြူရေး တိရိစ္ဆာန်တွေ အရှင်ရောင်းချတဲ့ ဈေးကနေ ကူးစက်တာ ဖြစ်နိုင်တယ်လို့လည်း တရုတ် တာဝန်ရှိသူတွေက ယူဆနေကြပါတယ်။

Lunar နှစ်သစ်ကူး အားလပ်ရက် အပြီး ပထဆုံး နေ့မှာ တရုတ် အစုရှယ်ယာတွေ ဈေးကျခဲ့ချိန်မှာဘဲ အမေရိကန် နိုင်ငံသားတွေကို ပြန်လည် ကယ်ထုတ်သွားတာနဲ့ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ လုပ်တာကြောင့် Coronavirus အရေး စိုးရိမ်မှု လွန်ကဲအောင် အမေရိကန်က လုပ်တယ်လို့ တရုတ်ဘက်က စွပ်စွဲပါတယ်။ အမေရိကန်က ဘာမှ မဆိုင်ဘဲနဲ့ စွပ်စွဲခံရတာလို့ Brooking Institution က ကမ္ဘာ့စီးပွားရေး၊ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးတန်း ပညာရှင် David Dollar က ပြောပါတယ်။ တရုတ်တို့ဟာ ဒီကိစ္စ သိရှိပြီးနောက် သီတင်းပတ် ၇ ပတ်လောက် ဘာမှ မလုပ်ဘဲ နေခဲ့တယ်လို့လည်း သူက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG