(Zawgyi/Unicode)
အမေရိကန် ပြည်ထောင်စုဟာ တရုတ်ကနေ သူ့နိုင်ငံသားတွေ ကယ်ထုတ်ပြီး ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ချမှတ်တာဟာဆိုရင် Coronavirus ကူးစက်ပျံ့နှံ့မှု အပေါ် တုန်လှုပ်ခြောက်ခြားစရာ ဖြစ်အောင် လှုံ့ဆော်တာ ဖြစ်တယ်လို့ တနလာၤနေ့မှာဘဲ တရုတ်က စွပ်စွဲလိုက်ပြီး တချိန်တည်းမှာဘဲ အမေရိကန် ကျွမ်းကျင်သူတွေကို လက်ခံလိုက်တာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးနဲ့ ဗိုင်းရပ်စ် အကြောင်း ပိုပြီး လေ့လာနိုင်ရေး အတွက် တရုတ်ဆိုင်ရာ WHO မစ်ရှင်မှာ အမေရိကန် ကျွမ်းကျင်သူ အဖွဲ့ကို ပူးပေါင်းစေလွှတ်ဖို့ ကမ်းလှမ်းချက်ကို တရုတ်က လက်ခံလိုက်ကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Judd Deere က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုက တရုတ်မှာရှိတဲ့ နိုင်ငံသားတွေကို ပြန်ခေါ်ပြီး ခရီးသွားလာခွင့် ကန့်သတ်မှုတွေ လုပ်တာဟာဆိုရင် စိုးရိမ်ကြောက်လန့်မှု ဖြစ်အောင် လုပ်နေတာလို့ တရုတ်က စွပ်စွဲပါတယ်။ ပြီးခဲ့တဲ့ ၁၄ ရက် အတွင်း တရုတ်ကို သွားခဲ့တဲ့ နိုင်ငံခြားသားတွေ အမေရိကန် ပြည်ဝင်ခွင့် ဆိုင်းငံ့တာ အပါအဝင် အမေရိကန်ဘက်က ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC က ခုခံ ပြောဆိုပါတယ်။
.........................
(Unicode)