သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus ကူးစက်သူ ဦးရေ တိုးလာဖွယ်ရှိနေဆဲ


(Zawgyi/Unicode)

တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ Coronavirus ကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာတာမှာ အနည်းဆုံး လူပေါင်း ၄၁၄ ယောက်ရှိလာပြီး ၁၇,၂၀၀ ထက်မနည်း ကူးစက်ခံနေရတဲ့ အချိန်မှာဘဲ ဒီဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ရေးအတွက် အလျင်အမြန် တည်ဆောက်ခဲ့တဲ့ ကုတင် ၁,၀၀၀ ဆန့် ဆေးရုံအသစ်ကို အာဏာပိုင်တွေက တနင်္လာနေ့မှာ ဖွင့်လိုက်တာမှာ လူနာသစ်တွေ ဆေးရုံသစ်ကို ရောက်လာနေပါပြီ။

ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ Wuhan မြို့တည်ရှိရာ Hubei ပြည်နယ်အတွင်းမှာ တနင်္လနေ့က သေဆုံးသူအရေအတွက် နောက်ထပ် ၆၄ ဦး တိုးလာတာကြောင့် သေဆုံးသူအရေအတွက်လည်း အခုလို တိုးလာတာပါ။ Hubei ပြည်နယ်အတွင်းမှာတင် ဗိုင်းရပ်စ်ပိုးကူးစက်သူ ၁၃,၅၂၂ ရှိနေပြီလို့ ဆိုပါတယ်။

ထောင်ပေါင်းများစွာသော သံသယရှိသူတွေကို စမ်းသပ်ထားတဲ့ ရလဒ်တွေ ထွက်လာတာနဲ့အမျှ ဒီ ဗိုင်းရပ်စ်ပိုး ကူးစက်သူအရေအတွက်ဟာလည်း လက်ရှိထက်ပိုပြီး တိုးလာနိုင်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ပိုးကူးစက်သူ အများစုဟာ တရုတ်နိုင်ငံအတွင်းမှာဆိုပေမယ့် နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ Coronavirus ကူးစက်ခံထားရသူ အနည်းဆုံး ၁၅၀ လောက် ရှိနေပါတယ်။ ဒီ ဗိုင်းရပ်စ်ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ တနင်္ဂနွေနေ့က တဦး သေဆုံးသွားတာကြောင့် ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ ဒီဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ Wuhan မြို့မှာ အခုအသစ်ဖွင့်လိုက်တဲ့ ဆေးရုံတည်ဆောက်ရေးအတွက် အလုပ်သမားပေါင်း ၇,၅၀၀ ပါဝင်ခဲ့ကြတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ဇန်နဝါရီလ ၂၅ ရက်နေ့က ဆေးရုံသစ်ကို စတင် တည်ဆောက်ခဲ့ကြတာဖြစ်ပြီး Wuhan မြို့မှာ နောက်ထပ်ဆေးရုံသစ်တခု မကြာခင် ရက်ပိုင်းအတွင်း ထပ်မံ ဖွင့်လှစ်နိုင်မယ်လို့ ဆိုပါတယ်။

Coronavirus တိုက်ဖျက်ရေး ကူညီဖို့ ကန်ကျွမ်းကျင်သူတွေ တရုတ်လက်ခံသတင်းကို ဖတ်ရှုနိုင်ပါပြီ။

ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်တဲ့အနေနဲ့ တရုတ်အာဏာပိုင်တွေက တချို့ဒေသတွေမှာ ခရီးသွားလာခွင့်တွေ ကန့်သတ်ထားလိုက်ပြီး ကျောင်းတွေအပါအဝင် လူအများစုဝေးမှုက ရှောင်ရှားနိုင်ရေးအတွက် အားလပ်ရက်တွေကို တိုးချဲ့ သတ်မှတ်ထားပါတယ်။

တရုတ်နိုင်ငံ Hubei ပြည်နယ်ကနေ အမေရိကန်ကို ပြန်လာကြသူတွေအနေနဲ့ ၁၄ ရက် သီးသန့်ခွဲထုတ်ပြီး ရောဂါပိုးရှိမရှိ စောင့်ကြည့်ခံရမှာဖြစ်သလို လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း တရုတ်ပြည်ကို သွားခဲ့ဘူးတဲ့ အမေရိကန်နိုင်ငံသားမဟုတ်သူတွေကိုတော့ အမေရိကန်ပြည်ထောင်စုအတွင်းကို ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


................

Coronavirus ကူးစကျသူ ဦးရေ တိုးလာဖှယျရှိနဆေဲ

(Unicode)









XS
SM
MD
LG