သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး မြန်မာနဲ့ အာရှမှာ ADB ဒေါ်လာ ၂ သန်းကူမည်


တရုတ်-မြန်မာနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးနေသည့် မြင်ကွင်း။ (ဇန်နဝါရီ ၃၁၊ ၂၀၂၀)
တရုတ်-မြန်မာနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးနေသည့် မြင်ကွင်း။ (ဇန်နဝါရီ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၆ နိုင်ငံကို ဒေါ်လာ ၂ သန်း ပေးအပ်မှာဖြစ်ကြောင်း ADB က ဖေဖော်ဝါရီ ၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခု ငွေကြေးအကူအညီဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ နည်းပညာဆိုင်ရာ အကူအညီ ရရှိဖု့ိနဲ့ ကူးစက်ရောဂါ တုံ့ပြန်ရေးစွမ်းရည် ခိုင်ခိုင်မာမာ ရှိလာဖို့အတွက် ပေးအပ်တာပါ။

အသေးစိတ်လုပ်ငန်းတွေအနေနဲ့ ကျေးလက်ဒေသ အပါအဝင် နိုင်ငံတွင်း ရောဂါရှာဖွေ စစ်ဆေးရေးနဲ့ စောင့်ကြည့်ရေးလုပ်ငန်းတွေ ပိုမို ကောင်းမွန်လာရေး အကြံပြုချက်တွေ ပေးအပ်နိုင်ရေး၊ ကျန်းမာရေးစနစ် ပိုမိုခိုင်မာ ကောင်းမွန်ရေးနဲ့ ကပ်ဘေးရောဂါတွေအပေါ် တုံ့ပြန်မှုစွမ်းရည် ပိုမိုကောင်းမွန်ရေး လုပ်ငန်းတွေ ပါဝင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ရှာဖွေကုသရေးနဲ့ ဓာတ်ခွဲခန်းဆိုင်ရာ အသုံးအဆောင်တွေ ထောက်ပံ့ရေးမှာလည်း ဒီ ထောက်ပံ့ငွေတွေကို အသုံးပြုမယ်လို့ ဆိုပါတယ်။

ADB ဥက္ကဋ္ဌ Mr. Masatsugu Asakawa က ADB အနေနဲ့ အရေးပေါ် အခြေအနေမှာ အဖွဲ့ဝင်နိုင်ငံတွေကို လျှင်လျှင်မြန်မြန်နဲ့ သီးသီးသန့်သန့်ထားပြီး အကူအညီပေးတဲ့ အစဉ်အလာရှိကြောင်း၊ နောက်ထပ် လိုအပ်ချက်တွေနဲ့အညီ အကူအညီ ထပ်မံပေးဖို့လည်း အဆင်သင့်ရှိကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအဖြစ် အတည်ပြုထားသူ မရှိသေးပေမယ့် မသင်္ကာစရာ ရောဂါလက္ခဏာ တွေ့ရသူ တချို့ကိုတော့ စောင့်ကြည့်စစ်ဆေးနေပါတယ်။

သံသယလူနာ ၁ ဦး အပါအဝင် လူနာ ၁၀ ဦးကို ဆေးရုံတွေမှာ ဆက်လက် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးထားတယ်လို့လည်း မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စနေနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ တိုက်ဖျက်ရေးမှာ နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေကို ရှာဖွေဖော်ထုတ်ဖို့နဲ့ နောက်ထပ် ငွေကြေးအကူအညီ ပေးအပ်နိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။

ADB က စီးပွားရေးပညာရှင်တွေဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလာရေး၊ ကုန်သွယ်ရေးနဲ့ ကုန်စည်ထောက်ပံ့ရေး လမ်းကြောင်း အပါအဝင် ဒေသတွင်း စီးပွားရေးအပေါ် ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိမလဲ ဆိုတာကိုလည်း လေ့လာနေပါတယ်။

-----------------------------------

(Unicode)











တိုက်ရိုက် လင့်ခ်


XS
SM
MD
LG