သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀၀ ကျော်ပြီ


ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအား ဝူဟန်မြို့ ဆေးရုံတခုတွင် ကုသနေသည့် ကျန်းမာရေးဝန်ထမ်းများ။ (ဇန်နဝါရီ ၂၇၊ ၂၀၂၀)
ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအား ဝူဟန်မြို့ ဆေးရုံတခုတွင် ကုသနေသည့် ကျန်းမာရေးဝန်ထမ်းများ။ (ဇန်နဝါရီ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်နိုင်ငံသားတဦး ရောဂါစတင်ပျံ့နှံ့ရာ ဝူဟန်မြို့မှာ သေဆုံးသွားတယ်လို့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ အမေရိကန်သံရုံးက ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။

အသက် ၆၀ အရွယ် အမေရိကန်နိုင်ငံသား ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ သေဆုံးသွားတာပါ။ ဂျပန်နိုင်ငံသားတယောက်လည်း နမိုးနီးယား အဆုတ်ရောင်ရောဂါနဲ့ ဝူဟန်မြို့မှာ သေဆုံးခဲ့တာကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပုံရပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ တရုတ်နဲ့ အခြားနိုင်ငံတွေအတွက် ရောဂါကာကွယ်တားဆီးရေး အမေရိကန်ပြည်ထောင်စုက ဒေါ်လာ သန်း ၁၀၀ အကူအညီတွေ ပေးအပ်ခဲ့တာပါ။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၂၄ ဦးနဲ့ နိုင်ငံနဲ့ ဒေသပေါင်း ၂၇ ခုမှာတော့ ရောဂါကူးစက်ခံထားရသူ ၃၄၄၀၀ အထိ ရှိသွားပါပြီ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကတော့ အမေရိကန်ပြည်ထောင်စုက ခုလို ဒေါ်လာ သန်း ၁၀၀ ကူညီထောက်ပံ့တာဟာ ရောဂါကူးစက်ပြန့်ပွားရေးမှာ အမေရိကန်နိုင်ငံအနေနဲ့ အလေးအနက်ထားပြီး ဦးဆောင်လုပ်ကိုင်နေတာကို ပြသတဲ့လုပ်ရပ်လည်း ဖြစ်ပါတယ်လို့ သောကြာနေ့က ပြောဆိုသွားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအကြောင်း စပြီး သတိပေးခဲ့တဲ့ တရုတ်ဆရာဝန် သေဆုံးခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်တွင်းက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ရောဂါတိုက်ဖျက်ရေး အားထုတ်လုပ်ကိုင်မှုတွေကို အမေရိကန်သမ္မတ Donald Trump က သောကြာနေ့က တယ်လီဖုန်းဆက်ပြီး ချီးကျူးပြောဆိုခဲ့တာပါ။

ကိုရိုနာရောဂါ ကူးစက်ပျံ့နှံ့မှုအပေါ် တရုတ်နိုင်ငံနဲ့ သမ္မတရှီရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ ခိုင်မာအားကောင်းပြီး အပြည့်အ၀ အာရုံစိုက် လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် သိပ်ကိုအောင်မြင်တဲ့ လုပ်ငန်းတွေ ဖြစ်လာပါလိမ့်မယ်လို့လည်း သမ္မတ Trump က တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

-----------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG