သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံႏုိင္ငံေတြအတြက္ ေဒၚလာသန္း ၁၀၀ အေမရိကန္ကူမည္


အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo

(Zawgyi/Unicode)

တရုတ္ႏုိင္ငံအပါအ၀င္ Coronavirus ကူးစက္ခံေနရတဲ့ ႏုိင္ငံေတြကုိ အေမရိကန္ ျပည္ေထာင္စုက ေဒၚလာ သန္း ၁၀၀ အထိ အကူအညီေပးဖုိ႔ အဆင္သင့္ရွိေနေၾကာင္း အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo က ေျပာၾကားလုိက္ပါတယ္။

အဲဒီေငြပမာဏအျပင္ ပုဂၢလိက အေမရိကန္ေတြလႈဒါန္းၾကတဲ့ သန္းေပါင္းမ်ားစြာေသာ ေဒၚလာေတြကုိ ၾကည့္ျခင္းအားျဖင့္ ဒီဗုိင္းရပ္စ္ပုိး ကူးစက္ ျပန္႔ႏွံ႔မႈကုိ အေမရိကန္က ဦးေဆာင္ တုန္႔ျပန္ေနတယ္ဆုိတာကုိ ျပသလုိက္ျခင္းျဖစ္ေၾကာင္း ၀န္ႀကီး Pompeo ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အေမရိကန္က ေဒၚလာ သန္းတရာ အကူအညီေပးမယ့္ အစီအစဥ္ကုိေတာ့ လက္ေထာက္ႏုိင္ငံျခားေရး၀န္ႀကီး Stephen E. Biegun က အေမရိကန္က်န္းမာေရးနဲ႔ လူမႈ၀န္ထမ္း ၀န္ႀကီးဌာနမွာ ေသာၾကာေန႔က အခုလုိ ေၾကညာလုိက္ပါတယ္။

“ႏုိင္ငံျခားေရး၀န္ႀကီးရဲ႕ ညြန္ၾကားခ်က္နဲ႔အညီ တရုတ္အပါအ၀င္ Novel Coronavirus ကူးစက္ေနတဲ့ တျခား ႏုိင္ငံေတြမွာ ဒီ ဗုိင္းရပ္စ္ပုိး ထိန္းခ်ဳပ္ေရး ေဆာင္ရြက္မႈေတြ အတြက္ အေမရိကန္အစုိးရက ေဒၚလာ သန္း ၁၀၀ အထိ အကူအညီ ေပးသြားမယ့္အေၾကာင္း ေၾကညာအပ္ပါတယ္။”

အေမရိကန္က အခုေပးမယ့္ အလႈေငြေတြကုိ လက္ရွိ ရွိေနၿပီးသား ရံပုံေငြထဲကေန တုိက္ရုိက္၊ ဒါမွမဟုတ္ ႏုိင္ငံတကာ အဖြဲ႔အစည္းေတြက တဆင့္ ေပးသြားမယ္လုိ႔ ဆုိပါတယ္။

ဒီအေတာအတြင္း တရုတ္ႏုိင္ငံအတြင္းမွာ Coronavirus တုိက္ဖ်က္ေရး သမၼတ ရွီက်င့္ဖ်င္ရဲ႕ လုပ္ေဆာင္မႈေတြကုိ သမၼတ Donald Trump က ခ်ီးက်ဴး ေျပာၾကားလုိက္ပါတယ္။ ဒီ ဗုိင္းရပ္စ္ရဲ႕ အႏၱရာယ္အေၾကာင္း စတင္ ထုတ္ေဖာ္ ေျပာဆုိခဲ့ၿပီး လက္ရွိမွာ ကြယ္လြန္သြားၿပီျဖစ္တဲ့ တရုတ္ဆရာ၀န္ကုိ အစုိးရက ျပဳမူ ဆက္ဆံခဲ့ပုံနဲ႔ပတ္သက္လုိ႔ သမၼတ ရွီကုိ ျပည္တြင္းမွာ ေ၀ဖန္မႈေတြ ထြက္ေပၚေနခ်ိန္မွာဘဲ သမၼတ Trump က ခ်ီးက်ဴး ေျပာၾကားလုိက္တာပါ။

သမၼတ ရွီအေနနဲ႔ ဒီ ဗုိင္းရပ္စ္ပုိးတုိက္ဖ်က္ေရး အစီအစဥ္ေတြကုိ ေအာင္ျမင္စြာ လုပ္ေဆာင္ႏုိင္လိမ့္မယ္လုိ႔ သူယုံၾကည္ေၾကာင္း သမၼတရွီနဲ႔ ေသာၾကာေန႔က တယ္လီဖုန္းနဲ႔စကားေျပာအၿပီးမွာ သမၼတ Trump က Twitter လူမႈကြန္ယက္ကေန ေရးသားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနိုင်ငံတွေအတွက် ဒေါ်လာသန်း ၁၀၀ အမေရိကန်ကူမည်

[Unicode]

တရုတ်နိုင်ငံအပါအဝင် Coronavirus ကူးစက်ခံနေရတဲ့ နိုင်ငံတွေကို အမေရိကန် ပြည်ထောင်စုက ဒေါ်လာ သန်း ၁၀၀ အထိ အကူအညီပေးဖို့ အဆင်သင့်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောကြားလိုက်ပါတယ်။

အဲဒီငွေပမာဏအပြင် ပုဂ္ဂလိက အမေရိကန်တွေလှုဒါန်းကြတဲ့ သန်းပေါင်းများစွာသော ဒေါ်လာတွေကို ကြည့်ခြင်းအားဖြင့် ဒီဗိုင်းရပ်စ်ပိုး ကူးစက် ပြန့်နှံ့မှုကို အမေရိကန်က ဦးဆောင် တုန့်ပြန်နေတယ်ဆိုတာကို ပြသလိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီး Pompeo ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်က ဒေါ်လာ သန်းတရာ အကူအညီပေးမယ့် အစီအစဉ်ကိုတော့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Stephen E. Biegun က အမေရိကန်ကျန်းမာရေးနဲ့ လူမှုဝန်ထမ်း ဝန်ကြီးဌာနမှာ သောကြာနေ့က အခုလို ကြေညာလိုက်ပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးရဲ့ ညွန်ကြားချက်နဲ့အညီ တရုတ်အပါအဝင် Novel Coronavirus ကူးစက်နေတဲ့ တခြား နိုင်ငံတွေမှာ ဒီ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေး ဆောင်ရွက်မှုတွေ အတွက် အမေရိကန်အစိုးရက ဒေါ်လာ သန်း ၁၀၀ အထိ အကူအညီ ပေးသွားမယ့်အကြောင်း ကြေညာအပ်ပါတယ်။”

အမေရိကန်က အခုပေးမယ့် အလှုငွေတွေကို လက်ရှိ ရှိနေပြီးသား ရံပုံငွေထဲကနေ တိုက်ရိုက်၊ ဒါမှမဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတွေက တဆင့် ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း တရုတ်နိုင်ငံအတွင်းမှာ Coronavirus တိုက်ဖျက်ရေး သမ္မတ ရှီကျင့်ဖျင်ရဲ့ လုပ်ဆောင်မှုတွေကို သမ္မတ Donald Trump က ချီးကျူး ပြောကြားလိုက်ပါတယ်။ ဒီ ဗိုင်းရပ်စ်ရဲ့ အန္တရာယ်အကြောင်း စတင် ထုတ်ဖော် ပြောဆိုခဲ့ပြီး လက်ရှိမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ တရုတ်ဆရာဝန်ကို အစိုးရက ပြုမူ ဆက်ဆံခဲ့ပုံနဲ့ပတ်သက်လို့ သမ္မတ ရှီကို ပြည်တွင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာဘဲ သမ္မတ Trump က ချီးကျူး ပြောကြားလိုက်တာပါ။

သမ္မတ ရှီအနေနဲ့ ဒီ ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရေး အစီအစဉ်တွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်လိမ့်မယ်လို့ သူယုံကြည်ကြောင်း သမ္မတရှီနဲ့ သောကြာနေ့က တယ်လီဖုန်းနဲ့စကားပြောအပြီးမှာ သမ္မတ Trump က Twitter လူမှုကွန်ယက်ကနေ ရေးသားခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG