သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိ်ုင်ငံတွင်း စောင့်ကြည့်လူနာ ၉ဦးရှိခဲ့ပြီး၊ သံသယလူနာ ၂ ဦး သတ်မှတ်


(Zawgyi/Unicode)

မြန်မာနိုင်ငံထဲမှာ Coronavirus ပိုး ကူးစက်မှုသံသယနဲ့ စောင့်ကြည့်လူနာ ၉ ဦး ရှိခဲ့ပြီးတော့၊ အဲဒီထဲကမှ ရောဂါလက္ခဏာနဲ့ နောက်ကြောင်းအရ ရောဂါပိုး ကူးစက်ခံရတဲ့ သံသယရှိသူအဖြစ် နှစ်ဦးပဲ သတ်မှတ်ထားတယ် မြန်မာ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ကတော့ ရောဂါကာကွယ်ရေးနဲ့ စောင့်ကြည့်ရေးပိုင်းက ဆောင်ရွက်နေသလို၊ ရောဂါနဲ့ပတ်သက်လို့ ကုသရေးပိုင်းအတွက်လည်း ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ မမေခ စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က စတင်ဖြစ်ပွားခဲ့တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် အကူးစက်ခံရသူ သောင်းနဲ့ချီ ရှိလာသလို သေဆုံးသူကလည်း ရာနဲ့ချီ ရှိနေတာပါ။ မြန်မာနိုင်ငံမှာတော့ ဒီရောဂါနဲ့ပတ်သတ်ပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ သံသယ လူနာအဖြစ် နှစ်ဦး သာရှိတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောဆိုလိုက်ပါတယ်။

“ သံသယလူနာ ၂ယောက်လို့ဘဲ ယူဆပါတယ်။ ရှမ်းမြောက် နမ္မတူက အသက် ၄၅နှစ်အရွယ်တရုတ်နိုင်ငံသား။ နောက်တယောက်က ရခိုင်မင်းပြားက။ ဒီ၂ယောက်ကိုတော့ သံသယလူနာအနေနဲ့ သတ်မှတ်ပါတယ်။ သံသယ လူနာCase definition နဲ့ကိုက်ညီတယ်။ ကျမတို့အနေနဲ့ စုစုပေါင်း ၉ ယောက်။ ဒီထဲမှာ ၂ယောက်က သံသရရှိ လူနာ၊ ၇ယောက်က စောင့်ကြည့်လူနာအနေနဲ့ ဖြစ်မယ်။ ပထမဆုံးတရုတ်က ဆင်းလို့ စောင့်ကြည့်လူနာ ၆ယောက် ဖြစ်ပါမယ်။ ခုလက်ရှိက နမ္မတူက လူနာကော မင်းပြားကလူနာကောသက်သာနေပါပြီ။ နမ္မတူက လူနာကို ရှမ်း မြောက်ရွှေ့မယ်။ မင်းပြားကတော့အဲမှာ ကုပေးမယ့်သမားတော်တွေလည်းရှိတော့ အဲဒါကတော့ မရွှေ့သေးပါဘူး”

𝟐𝟎𝟏𝟗-𝐧𝐂𝐨𝐕 𝐚𝐜𝐮𝐭𝐞 𝐫𝐞𝐬𝐩𝐢𝐫𝐚𝐭𝐨𝐫𝐲 𝐝𝐢𝐬𝐞𝐚𝐬𝐞 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းကို ဖတ်ရှုနိုင်ပါပြီ။

လက်ရှိမှာတော့ ဒီ သံသယရှိလူနာ ၂ ဦး အပါအဝင် ကျန်လူတွေ အကုန်လုံးဆီကနေ ရောဂါပိုး၊ ရှိမရှိ ဆိုတာကို စစ်ဆေးဖို့ ဓါတ်ခွဲခန်း နမူနာတွေ ရယူထားတယ် လို့လည်း ပြောပါတယ်။ တောင်ကြီး စပ်စံထွန်းဆေးရုံမှာ တင်ထားတဲ့ အရင်စောင့်ကြည့်လူနာ စာရင်းထဲ ပါဝင်ခဲ့သူ တဦးကတော့ ရောဂါပိုးရှိမရှိ နမူနာရယူဖို့ လိုအပ်တဲ့ သတ်မှတ်ရောဂါလက္ခဏာ မရှိတဲ့ အတွက် သူ့ ဆီကတော့ ဓါတ်ခွဲ စစ်ဆေးရမယ့် နမူနာ မယူခဲံဘူးလို့လည်း ဒေါက်တာ ဒေါ်ခင်ခင်ကြီး က ပြောပါတယ်။ ကျန် လူနာတွေ အားလုံးဆီရယူထားတဲ့ ဓါတ်ခွဲခန်းနမူနာ တွေကို ထိုင်းနိုင်ငံဘန်ကောက် က ဓါတ်ခွဲခန်းကို ပေးပို့ စစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။

ရောဂါပိုးရှိမှု သံသယလူနာနဲ့ စောင့်ကြည့် လူနာ အဖြစ် သတ်မှတ်ခွဲခြား ရာမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ စံသတ်မှတ် ချက်အရ ခွဲခြားခဲ့တယ် လို့လည်း ဒေါက်တာ ဒေါ်ခင်ခင်ကြီးက ပြောပါတယ်။

“ဒါက WHO က သတ်မှတ်ပေးထားတဲ့ Case Definition အရ ခွဲခြားတယ်ဘဲ ပြောရပါမယ်။ ခုလက်ရှိက ဒီခုနကပြောတဲ့ လူတဦးမှာက ကျတော့ သတ်မှတ်တဲ့ အဆင့်တွေဖြစ်တဲ့ အဖျားရှိ တယ်။ ချောင်းဆိုးတာတွေ ရှိတယ်။ တရုတ်ကနေ ပြန်လာတာ ရှိတယ်။ သူတို့ လက္ခဏာတွေက သံသယ ဖြစ်စရာကို ဖြစ်နေတာ။ သတ်မှတ်ထားတဲ့ အချက်အလက်တွေ နဲ့ ကိုက်ညီတာမို့ သူတို့ကို သံသယရှိ လူနာအနေနဲ့ သတ်မှတ်တယ်။ စောင့်ကြည့်လူနာတွေ ဆိုတာကတော့ သူတို့ လက္ခဏာ တွေက သံသယ ဖြစ်ရမယ့် သတ်မှတ်ချက်တွေ မရှိဘူး။ အဖျားရှိတယ် ချောင်းဆိုးတယ်၊ နည်းနည်းဘဲ။ ဆေးရုံတင်ထားရမယ့် အခြေအနေ မဟုတ်ဘူး။ ဘာလို့ ထားလဲဆို သူတို့တွေကို Investigation လုပ်ဖို့ ထားတဲ့ သဘောပါ။ တကယ်လို့ Investigation အဖြေက မရှိဘူးဆို သူတို့ကို ၁၄ ရက် စောင့်ကြည့်မှာ မဟုတ်ဘူး”

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကတော့ ဒီရောဂါနဲ့ ပတ်သတ်ပြီး အရေးပေါ် အခြေအနေထိ ကြေညာထား ပါတယ်။ အခုချိန်ထိတော့ မြန်မာနိုင်ငံမှာ ဒီရောဂါပိုး ကူးစက်ခံထားရ သူ မ တွေ့ရသေးပါဘူး။ လက်ရှိမှာ ဒီပိုးနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်မှု အပိုင်းတွေ အားလုံးကို လုပ်ဆောင် ထားသလို ရောဂါရှိသူတွေ့လာ ရင်လည်း သေသေချာချာ ကုသ ပေးနိုင်တဲ့ အခြေ အနေတွေ ရှိတယ်လို့ လည်း အခုလို ပြောပါတယ်။

“ကုသဖို့ အပိုင်း ကုဖို့ဆေးတွေလည်း ပြင်ထားပြီး ဖြစ်ပါတယ်။ ဆေးတမျိုးကတော့ ရရှိဖို့ အတွက် ညှိုနှိုင်း ဆောင်ရွက်နေပါတယ်။ ကျန်တဲ့ဆေးတွေ ဖြစ်တဲ့ ရာသီတုပ်ကွေး ဖြစ်ရင်သုံးတဲ့ ဆေးတွေနဲ့ နောက် Antibiotic drug တခုရှိတယ်။ အဲဒါတွေက ကုသတာမှာ ထိရောက်တယ်။ အဲဒါတွေက ကျမတို့ ဆီမှာ အပြည့်အစုံ ရှိပါတယ်။ နောက် အရံဆေးသစ် တခု ရဖို့ အတွက်လည်း လုပ်နေပါတယ်။ ခု လက်ရှိ သံသယ လူနာ အခြေအနေ ရှိတဲ့ ၂ ယောက်ကလည်း အခြေအနေ ကောင်းနေသလိုဘဲ။ စောင့်ကြည့် ၆ ယောက် အခြေနေ ကလည်း ကောင်းမွန်နေပါတယ်။”

ဒီပြင်းထန် အဆုတ်ယောင် ရောဂါဟာ အသက်ရှှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တာ ကြောင့် ချောင်းဆိုး၊ နှာချေရင် ပါးစပ်ကို အုပ်ထားဖို့ လိုအပ်သလို လက်ကို မကြာခန စနစ် တကျ ဆေး ပေးဖို့အပြင် လူထူထပ်တဲ့ နေရာတွေကို ရှောင်ကြဉ်ဖို့ နဲ့ ကိုယ်ခံအား ကောင်းအောင် စားသောက်နေထိုင်ဖို့ စတဲ့ အခြေခံ အချက်တွေကို လိုက်နာကြဖို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။

coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ
coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ
တိုက်ရိုက် လင့်ခ်

..........................


(Unicode)












XS
SM
MD
LG