သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus ဟန့်တားရေး WHO ဒေါ်လာသန်း ၇၀၀ ခန့်လိုအပ်


တရုတ်နိုင်ငံမှာ စတင်တဲ့ Coronavirus ကူးစက်သူ အရေအတွက်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အများဆုံး ဖြစ်ပေါ်ခဲ့တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြားလိုက်ပြီး ဒီဗိုင်းရပ်စ်ပိုး လက်ရှိထက်ပိုပြီး ကူးစက် ပျံ့နှံ့တာကို ဟန့်တားနိုင်ရေးအတွက် WHO အနေနဲ့ အမေရိကန်ဒေါ်လာ ၆၇၅ သန်း လိုအပ်တယ်လို့ ပြောပါတယ်။

ဟောင်ကောင်နဲ့ ဖိလစ်ပိုင်တို့မှာ တဦးစီ သေဆုံးတာအပါအဝင် အခုချိန်ထိ သေဆုံးသူ စုစုပေါင်း အနည်းဆုံး ၅၄၉ ရှိတယ်လို့ ဆိုပါတယ်။

အခုချိန်ထိ တရုတ်နိုင်ငံ အတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူ ၂၄,၃၆၃ ဦး ရှိနေပြီး ကျန် ၂၄ နိုင်ငံမှာ ကူးစက်နေသူ ၁၉၁ ဦးရှိတယ်လို့ WHO ညွန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဒီကိန်းဂဏန်းတွေကိုကြည့်ခြင်းအားဖြင့် ဒီဗိုင်းရပ်စ် ကျယ်ပြန့်စွာ ကူးစက်မယ့်အရေးက နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ဟန့်တားဖို့ အချိန်ရှိနေသေးတယ်လို့ WHO အကြီးအကဲက ပြောပါတယ်။

“တရုတ်နိုင်ငံပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်နေသူ အရေအတွက် နည်းနေခြင်းက ဒီရောဂါ တကမ္ဘာလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာရေးကို ဟန့်တားနိုင်မယ့် အခွင့်အလမ်း ဖြစ်ပါတယ်။ ကျနော်တို့ အဓိက စိုးရိမ်တဲ့အချက်က ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းပြီး ဗိုင်းရပ်စ်ပိုးကို စမ်းသပ်နိုင်စွမ်း မရှိတဲ့ နိုင်ငံတွေကို ကူးစက်သွားမယ့် အရေးပါ။ အဲဒီလို နိုင်ငံတွေရှိနေရင် ကျနော်တို့လုပ်ဆောင်မှုတွေလည်း အောင်မြင်မှာမဟုတ်ပါဘူး။”

ကျန်းမာရေးစောင့်ရှောက်မှု စနစ် အားနည်းတဲ့နိုင်ငံတွေမှာ ကြိုတင်ကာကွယ်ရေး၊ စမ်းသပ် စစ်ဆေးနိုင်ရေးတွေ ဆောင်ရွက်ဖို့ WHO အနေနဲ့ အမေရိကန်ဒေါ်လာ ၆၇၅ သန်း လိုအပ်ကြောင်း၊ အဲဒီလိုဆောင်ရွက်မယ့် ကာလဟာ ၃ လ ကြာမြင့်မှာဖြစ်ကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)








XS
SM
MD
LG