(Zawgyi / Unicode)
ဒါဟာ ကုိ႐ိုနာဗုိင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏုိင္ငံအတြင္း ပထမဆုံး ႏုိင္ငံျခားသားတဦး ေသဆုံးရတာလည္း ျဖစ္ပါတယ္။ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ သံ႐ုံးက ထပ္မံေျပာဆိုျခင္း မရွိပါဘူး။
တ႐ုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာေတာ့ ေသဆုံးသူဟာ တ႐ုတ္ဇာတိဖြား အေမရိကန္ႏုိင္ငံသားလို႔ ဆိုပါတယ္။
ဗုိင္းရပ္စ္ စတင္ပ်ံ႕ႏွံ႔ရာ Hubei ျပည္နယ္ထဲမွာ ေနာက္ထပ္ ေသဆုံးသူ ၈၁ ေယာက္ တုိးလာတဲ့အတြက္ စုစုေပါင္း ေသဆုံးသူ ၇၈၀ အထိ ရွိသြားၿပီ ျဖစ္ေၾကာင္းလည္း ျပည္နယ္ က်န္းမာေရးေကာ္မရွင္က တနဂၤေႏြေန႔ မနက္မွာပဲ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ ေနာက္ထပ္ ကူးစက္သူ ၂၁၄၇ ေယာက္ ေတြ႔ရွိခဲ့တယ္လုိ႔လည္း ေျပာပါတယ္။ ၾကာသပေတးေန႔မွာေတာ့ တေန႔တည္း အမ်ားဆုံးအျဖစ္ ၈၆ ဦး ေသဆုံးခဲ့တာပါ။
ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရတယ္လို႔ သံသယရွိတဲ့ အသက္ ၆၀ ေက်ာ္ ဂ်ပန္ႏုိင္ငံသားတဦးလည္း ၀ူဟန္ၿမိဳ႕ေဆး႐ုံမွာ ေဆးကုသမႈခံယူရင္း ေသဆုံးသြားခဲ့ေၾကာင္းနဲ႔ ေရာဂါေၾကာင့္ေသဆုံးတာ ဟုတ္မဟုတ္ကိုေတာ့ အတည္ျပဳဖို႔ ခက္ခဲေၾကာင္း ဂ်ပန္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ေျပာပါတယ္။
ကုိ႐ိုနာဗုိင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏုိင္ငံျပင္ပမွာ ေသဆုံးသူဟာ ဖိလစ္ပိုင္ႏုိင္ငံမွာ ေသဆုံးသြားခဲ့သူ ေဟာင္ေကာင္သားတဦးသာ ရွိပါတယ္။
အခုအခ်ိန္အထိ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူ စုစုေပါင္း ၃ ေသာင္းခြဲေလာက္ရွိၿပီး တ႐ုတ္ႏုိင္ငံျပင္ပ ႏိုင္ငံေပါင္း ၃၀ နီးပါးမွာ ကူးစက္ခံရသူ ၃၂၀ ရွိပါတယ္။
-----------------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး အမေရိကန်တဦး တရုတ်မှာသေဆုံး
ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအတွင်း ပထမဆုံး နိုင်ငံခြားသားတဦး သေဆုံးရတာလည်း ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ သံရုံးက ထပ်မံပြောဆိုခြင်း မရှိပါဘူး။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ သေဆုံးသူဟာ တရုတ်ဇာတိဖွား အမေရိကန်နိုင်ငံသားလို့ ဆိုပါတယ်။
ဗိုင်းရပ်စ် စတင်ပျံ့နှံ့ရာ Hubei ပြည်နယ်ထဲမှာ နောက်ထပ် သေဆုံးသူ ၈၁ ယောက် တိုးလာတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၇၈၀ အထိ ရှိသွားပြီ ဖြစ်ကြောင်းလည်း ပြည်နယ် ကျန်းမာရေးကော်မရှင်က တနင်္ဂနွေနေ့ မနက်မှာပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ နောက်ထပ် ကူးစက်သူ ၂၁၄၇ ယောက် တွေ့ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ကြာသပတေးနေ့မှာတော့ တနေ့တည်း အများဆုံးအဖြစ် ၈၆ ဦး သေဆုံးခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိတဲ့ အသက် ၆၀ ကျော် ဂျပန်နိုင်ငံသားတဦးလည်း ဝူဟန်မြို့ဆေးရုံမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားခဲ့ကြောင်းနဲ့ ရောဂါကြောင့်သေဆုံးတာ ဟုတ်မဟုတ်ကိုတော့ အတည်ပြုဖို့ ခက်ခဲကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံပြင်ပမှာ သေဆုံးသူဟာ ဖိလစ်ပိုင်နိုင်ငံမှာ သေဆုံးသွားခဲ့သူ ဟောင်ကောင်သားတဦးသာ ရှိပါတယ်။
အခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၃ သောင်းခွဲလောက်ရှိပြီး တရုတ်နိုင်ငံပြင်ပ နိုင်ငံပေါင်း ၃၀ နီးပါးမှာ ကူးစက်ခံရသူ ၃၂၀ ရှိပါတယ်။