(Zawgyi/Unicode)
တ႐ုတ္ႏုိင္ငံ ၀ူဟန္ၿမိဳ႕က စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ကုိ ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) က တရား၀င္ေရာဂါအမည္ သတ္မွတ္လုိက္ပါတယ္။
“ေရာဂါအမည္ကုိ Covid-19 c o v i d - 1 9 လုိ႔ အမည္ေပးထားၿပီး Co က ကုိ႐ုိနာဗုိင္းရပ္စ္ကုိ ကုိယ္စားျပဳၿပီး၊ vi ကေတာ့ ဗုိင္းရပ္စ္ d ကေတာ့ ေရာဂါကုိ အတုိေကာက္ သုံးႏႈန္းထားတာျဖစ္ေၾကာင္း”
WHO ညႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က ဆြစ္ဇာလန္ႏုိင္ငံ ဂ်နီဗာၿမိဳ႕ ႐ုံးခ်ဳပ္မွာ အဂၤါေန႔က ေၾကညာလုိက္တာပါ။1 9 ကေတာ့ ေတြ႔ရွိခဲ့တဲ့ ၂၀၁၉ ခုႏွစ္ကုိ ရည္ညႊန္းထားတာ ျဖစ္ပါတယ္။ ေရာဂါပုိး တုိက္ဖ်က္ေရးမွာ တရား၀င္ အမည္ေပးသတ္မွတ္ဖုိ႔ အေရးႀကီးေၾကာင္းလည္း WHO အႀကီးအကဲက ေျပာဆုိခဲ့တာပါ။
တခ်ိန္တည္းမွာပဲ ဗုိင္းရပ္စ္ပုိး ပတ္သက္လုိ႔ ေကာင္းေကာင္း မသိေသးဘူးလုိ႔လည္း WHO ေျပာခြင့္ရက ၂ ရက္ၾကာ ညီလာခံက်င္းပေနတဲ့ ဂ်နီဗာမွာ ေျပာဆုိခဲ့ပါတယ္။ ဗုိင္းရပ္စ္ ကူးစက္ပုံ၊ စတင္ျဖစ္ေပၚလာပုံ၊ ခႏၶာကုိယ္တြင္း ေရာဂါပ်ဳိးခ်ိန္နဲ႔ ျပင္းထန္မႈေတြ အပါအ၀င္ ေရာဂါနဲ႔ ပတ္သက္လုိ႔ မ်ားမ်ားစားစား မသိေသးေၾကာင္း WHO ေျပာခြင့္ရ Fadela Chaib က ေျပာလုိက္တာပါ။ တ႐ုတ္က်န္းမာေရး ထိပ္တန္း အႀကံေပးပုဂၢိဳလ္ကေတာ့ ေရာဂါကူးစက္မႈဟာ ဧၿပီလေလာက္မွာ အဆုံးသတ္ႏုိင္ေၾကာင္း အဂၤါေန႔မွာပဲ ေျပာဆုိထားပါတယ္။ ဒါေပမဲ့လည္း WHO ညႊန္ၾကားေရးမွဴးခ်ဳပ္ကေတာ့ ဗုိင္းရပ္စ္ပုိး ျပႆနာဟာ အၾကမ္းဖက္၀ါဒထက္ေတာင္ ဆုိးရြားတဲ့အတြက္ ျပည္သူ႔ရန္သူ နံပတ္ (၁) အျဖစ္ သတ္မွတ္ၿပီး ရင္ဆုိင္ေျဖရွင္းဖုိ႔ လုိအပ္ေနေၾကာင္း သတိေပးခဲ့တာပါ။
................
Coronavirus ကို Covid-19 လို့ WHO တရားဝင် အမည်ပြောင်းလဲသတ်မှတ်
(Unicode)
တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရားဝင်ရောဂါအမည် သတ်မှတ်လိုက်ပါတယ်။
“ရောဂါအမည်ကို Covid-19 c o v i d - 1 9 လို့ အမည်ပေးထားပြီး Co က ကိုရိုနာဗိုင်းရပ်စ်ကို ကိုယ်စားပြုပြီး၊ vi ကတော့ ဗိုင်းရပ်စ် d ကတော့ ရောဂါကို အတိုကောက် သုံးနှုန်းထားတာဖြစ်ကြောင်း”
WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ရုံးချုပ်မှာ အင်္ဂါနေ့က ကြေညာလိုက်တာပါ။1 9 ကတော့ တွေ့ရှိခဲ့တဲ့ ၂၀၁၉ ခုနှစ်ကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ ရောဂါပိုး တိုက်ဖျက်ရေးမှာ တရားဝင် အမည်ပေးသတ်မှတ်ဖို့ အရေးကြီးကြောင်းလည်း WHO အကြီးအကဲက ပြောဆိုခဲ့တာပါ။
တချိန်တည်းမှာပဲ ဗိုင်းရပ်စ်ပိုး ပတ်သက်လို့ ကောင်းကောင်း မသိသေးဘူးလို့လည်း WHO ပြောခွင့်ရက ၂ ရက်ကြာ ညီလာခံကျင်းပနေတဲ့ ဂျနီဗာမှာ ပြောဆိုခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ပုံ၊ စတင်ဖြစ်ပေါ်လာပုံ၊ ခန္ဓာကိုယ်တွင်း ရောဂါပျိုးချိန်နဲ့ ပြင်းထန်မှုတွေ အပါအဝင် ရောဂါနဲ့ ပတ်သက်လို့ များများစားစား မသိသေးကြောင်း WHO ပြောခွင့်ရ Fadela Chaib က ပြောလိုက်တာပါ။ တရုတ်ကျန်းမာရေး ထိပ်တန်း အကြံပေးပုဂ္ဂိုလ်ကတော့ ရောဂါကူးစက်မှုဟာ ဧပြီလလောက်မှာ အဆုံးသတ်နိုင်ကြောင်း အင်္ဂါနေ့မှာပဲ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း WHO ညွှန်ကြားရေးမှူးချုပ်ကတော့ ဗိုင်းရပ်စ်ပိုး ပြဿနာဟာ အကြမ်းဖက်ဝါဒထက်တောင် ဆိုးရွားတဲ့အတွက် ပြည်သူ့ရန်သူ နံပတ် (၁) အဖြစ် သတ်မှတ်ပြီး ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်နေကြောင်း သတိပေးခဲ့တာပါ။