သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယ္လီဖိုးနီးယား Coronavirus ကူးစက္မႈ အေျခအေန


ကယ္လီဖိုးနီးယား LAX ေလဆိပ္အတြင္း တရုတ္ႏိုင္ငံမွ ျပန္လာၾကတဲ့ ခရီးသည္မ်ား

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုတြင္း ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူေပါင္း (၁၂) ဦးထိရွိလာရာမွာ တ၀က္က ကယ္လီဖိုးနီးယားျပည္နယ္က ျဖစ္ပါတယ္။ အခုဆိုရင္ တရုတ္စားေသာက္ဆုိင္အမ်ားစုဟာ အရင္ကထက္ အေရာင္းက်လာသလို၊ ခရီးသြားလုပ္ငန္းေတြနဲ႔၊ အငွားယာဥ္ေမာင္းတဲ့ လုပ္ငန္းေတြမွာ ထိခိုက္မႈ တခ်ဳိ႕ရွိလာတယ္လို႔ California ျပည္နယ္မွာ ေနထိုင္တဲ့ ျမန္မာ-အေမရိကန္တခ်ဳိ႕က ဗီြအိုေအကို ေျပာပါတယ္။

တရုတ္ႏိုင္ငံနဲ႔ အသြားအလာအမ်ားဆံုး ၀င္ေပါက္ ထြက္ေပါက္ျဖစ္ေနတဲ့ California ျပည္နယ္မွာ လူအမ်ားစိုးရိမ္ေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈ ေနာက္ဆံုးအေျခအေနနဲ႔ပတ္သက္လို႔ ျမန္မာႏြယ္ဖြား အေမရိကန္တခ်ဳိ႕ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

တနလၤာေန႔က ေနာက္ဆံုးရရွိတဲ့ သတင္းေတြအရ အေမရိကန္ျပည္ေထာင္စုမွာ ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံေနရသူေပါင္း ၁၂ ဦးရွိေနတဲ့အထဲမွာ California ျပည္နယ္မွာ ကူးစက္ခံရသူ ေျခာက္ဦးရွိေနတာပါ။ ႏွစ္ဦးကေတာ့ Santa Clara ေကာင္တီကျဖစ္ၿပီး ေနာက္ထပ္ႏွစ္ဦးကေတာ့ San Benito ေကာင္တီနဲ႔ တဦးက Los Angeles ေကာင္တီ၊ ေနာက္ဆံုးတဦးကေတာ့ Orange County ကျဖစ္တယ္လို႔ California ျပည္နယ္ က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။

Coronavirus ေၾကာင္႔ တ႐ုတ္ႏိုင္ငံမွာ ေသဆံုးသူ တေထာင္ေက်ာ္တဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ကိုရိုနာဗိုင္းရပ္စ္ပိုးကူးစက္မႈ အေျခအေနဟာ California ျပည္နယ္မွာ အေရးေပၚအဆင့္ ေရာက္ရွိတဲ့ အေနအထားမရွိေပမယ့္ တေျဖးေျဖး ကူးစက္ခံရတဲ့ အေရအတြက္ တိုးလာေနတဲ့အေပၚမွာ စိုးရိမ္မႈ တခ်ဳိ႕ရွိလာပါတယ္။ ဒါေၾကာင့္ လူေပါင္း ရာနဲ႔ခ်ီ တက္ေရာက္မယ့္ ေတာင္ပိုင္း California ျမန္မာအသင္းရဲ႕ ႏွစ္စဥ္ ညစာစားပဲြ အစီအစဥ္ကို ဒီစိုးရိမ္မႈေၾကာင့္ ေရႊ႕ဆိုင္းခဲ့တယ္လို႔ အသင္းရဲ႕ ဒုဥကၠဌ ေဒၚေလးႏိုင္အိကေျပာပါတယ္။

“Southern California Burmese Association (SCBA) မွာ ၿပီးခဲ့တဲ့ ၈ ရက္ေန႔ညက Annual dinner လုပ္ဖို႔ရွိတယ္။ ႏွစ္တိုင္း တရုတ္ႏွစ္သစ္ကူး ထမင္းစားပြဲေပါ့ေနာ္ ။ အဲဒါကို သူတို႔ စိတ္ပူတဲ့အခါက်ေတာ့ သူတုိ႔က အဲဒီပြဲကို ျပန္ေၾကညာမယ္ဆိုၿပီးေတာ့ ရက္ေရႊ႕လိုက္တယ္။ လူ ၅၀၀ ေက်ာ္မယ္ဆိုေတာ့ လူ၅၀၀ ေက်ာ္တဲ့တခ်ိဳ႕ပြဲေတြ မလုပ္ေစခ်င္ဘူးဆိုတဲ့အသံၾကားတယ္။ အဲဒီအတြက္ေၾကာင့္ တခ်ိဳ႕ပြဲေတြ ဖ်က္တယ္။ တခ်ိဳ႕ေတြကေတာ့လည္း လုပ္တာပဲ။”

ကို႐ိုနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈတားဆီးေရး ကၽြမ္းက်င္သူေတြရဲ႕ အျမင္ ႐ုပ္သံသတင္းကုိ ၾကည့္႐ႈနားဆင္ႏုိင္ပါတယ္။

အေမရိကန္မွာ ေနာက္ဆံုးေတြ႕ရွိခဲ့တဲ့ ကိုရိုနာ ဗိုင္းရပ္စ္ပိုးကူးစက္ခံရသူ ႏွစ္ဦးကို ေဖေဖၚ၀ါရီလ (၆)ရက္ေန႔က California ျပည္နယ္ Santa Clara ေကာင္တီမွာ ေတြ႕ခဲ့တာျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးလံုးဟာ တရုတ္ႏိုင္ငံကို မၾကာေသးခင္က ခရီးသြားခဲ့ၾက သူေတြျဖစ္တယ္လို႔ USA Today သတင္းမွာ ေဖၚျပထားပါတယ္။ သူတို႔ႏွစ္ဦးထဲက တဦးဦးနဲ႔ အတူေနခဲ့သူ မည္သူမဆို ေရာဂါပိုးကူးစက္ႏိုင္ေျခအႏၱရာယ္အမ်ား ဆံုးရွိေနသူေတြလို႔ စဥ္းစားမွာျဖစ္ေၾကာင္း ေကာင္တီရဲ႕ ျပည္သူ႔က်န္းမာေရးဆိုင္ရာ လက္ေထာက္တာ၀န္ခံ Dr. Sarah Rudman ကေျပာပါတယ္။ သူတို႔ႏွစ္ဦးလံုးကို အျခားလူေတြနဲ႔ အေ၀းမွာေနဖို႔နဲ႔ သူတို႔ရဲ႕ေနအိမ္ေတြမွာပဲ ၁၄ ရက္ၾကာ ဆက္ၿပီးေနဖို႔ ကန္႔သတ္ထားသလို၊ ဖ်ားနာတဲ့ ေရာဂါအေျခအေနကိုလည္း က်န္းမာေရး၀န္ထမ္းေတြက ေစာင့္ၾကည့္ေနတယ္လို႔ ေကာင္တီက်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မ်ာ ေဖၚျပထားပါတယ္။

ဒါေၾကာင့္ ေဆးရံုေတြအတြက္ က်န္းမာေရးဌာနက အမိန္႔ထုတ္ျပန္ထားတဲ့ အထူးေစာင့္ၾကည့္စစ္ေဆးရမယ့္ အေျခအေနနဲ႔ ပတ္သက္လို႔ California ျပည္နယ္အေျခစိုက္ မႏၱေလး ဂက္ဇက္ သတင္းစာထူေထာင္သူလည္းျဖစ္၊ ကိုယ္တုိင္လည္း က်န္းမာေရး၀န္ထမ္းတဦးလည္းျဖစ္တဲ့ ဦးေမာင္ေမာင္ၾကည္က ေျပာပါတယ္။

“လူနာေတြက တရုတ္ျပည္က ျပန္လာတာတို႔ သတင္းေပးရင္ ခ်က္ခ်င္းအရမ္းသတိထားၿပီးေတာ့ History ယူရမယ္။ ေနာက္ၿပီးေတာ့ ေလရႈလမ္းေၾကာင္းမွာျဖစ္တဲ့ ေရာဂါလကၡဏာေတြရွိတယ္ဆိုရင္ အားလံုး ကာကြယ္ေရး၀တ္စံုအျပည့္နဲ႔ ၀တ္စံုကို ၀တ္ရမယ္။ ေနာက္ ႏွာေခါင္းစည္းေတြလည္းတပ္ရမွာေပါ့ေနာ္။ အရင္ဆံုးလူနာကို ခြဲၿပီးထားရမယ္။ ေဆးရံုမွာ အဓိကေတာ့ ႏွာေခါင္းထဲက ထြက္တဲ့အရည္ရယ္၊ ေအာေခါင္မွာရယ္ ေနာက္ၿပီးေတာ့ သလိတ္ ကို ယူပါတယ္။ ပိုးေမြးယူဖို႔ ယူတာေပါ့ေနာ္။ အဲဒါကို သီးသန္႔ထုတ္ၿပီးေတာ့ CDC ကိုပို႔ရတာေပါ့ေနာ္ ။ CDC က သူတို႔ လူလႊတ္ၿပီးလာယူတယ္။ ေဆးရံုက လႊတ္စရာမလိုဘူးေပါ့ေနာ္။ သာမန္ေဆးရံုကေတာ့ ဘာလုပ္သလဲဆိုရင္ အဖ်ားရွိတယ္ ေနာက္ၿပီး ေလရႈလမ္းေၾကာင္းက ေရာဂါေတြေၾကာင့္ လူနာ က ေခ်ာင္းဆိုးႏွာေစးတယ္ဆိုရင္ သူတို႔က သာမန္ screening လုပ္ပါတယ္။ screening က ဘာလုပ္သလဲဆိုေတာ့ ခုနေျပာတဲ့ ၃ မ်ိဳးယူတယ္။ Flu A ရွိ လား၊ Flu B ရွိလားဆိုတာကို စမ္းပါတယ္။

ေမး။ ။ ကိုရိုနာဗိုင္းရပ္စ္ပိုးက တရုတ္ကေန စတင္ပ်ံႏွံလာတာဆိုေတာ့ အျခား အေမရိကန္ေတြက အာရွ တရုတ္ေတြ ေတြ႕ရင္ ေၾကာက္တာမ်ဳိး၊ ေရွာင္သြားတာမ်ဳိးေရာ အဲဒီဘက္မွာရွိလား။ အထူးသျဖင့္ ေက်ာင္းေတြမွာေရာ ရွိလား။

ေျဖ။ ။ အထက္တန္းေက်ာင္းမွာေတာ့ တခ်ိဳ႕နည္းနည္းျဖစ္တယ္ေျပာတယ္။ ျဖစ္တယ္ဆိုတာကေတာ့ ဥပမာ ႏွာေစးေခ်ာင္းဆိုးတယ္ဆိုရင္ တရုတ္ႏြယ္ဖြားေတြျဖစ္တယ္ဆိုရင္ ေက်ာင္းကေတာ့ အိမ္ျပန္လႊတ္ပါတယ္။ ေက်ာင္းမလာဖို႔ ေျပာပါတယ္။ ဆိုေတာ့ က်ေနာ္တို႔ေနတဲ့ ဒီနားတ၀ိုက္က အထက္တန္းေက်ာင္းမွာေတာ့ ဆရာမေတြကေတာ့ အရမ္းသတိထားရတယ္။ ႏွာေစးေခ်ာင္းဆိုးနည္းနည္းျဖစ္တာနဲ႔ အဲဒီေက်ာင္းသားကို အိမ္ျပန္လႊတ္ပါတယ္။ အဆင့္အတန္း၊ လူမ်ိဳးခြဲျခားၿပီးေတာ့ မဟုတ္ဘူးေပါ့ေနာ္။ သူက က်န္းမာေရးအေၾကာင္းျပခ်က္ကို ဦးတည္ၿပီးေတာ့ အိမ္ျပန္လႊတ္ပါတယ္။”

ေလာေလာဆယ္မွာေတာ့ ခရီးသြားလုပ္ငန္းေတြမွာ ထိခိုက္မႈရွိေနၿပီး စားေသာက္ဆိုင္ လုပ္ငန္း အပါအ၀င္ အငွားယာဥ္ေမာင္းတဲ့လုပ္ငန္းေတြမွာပါ ထိခိုက္မႈတခ်ဳိ႕ရွိလာတယ္လို႔ ေဒၚေလးႏိုင္အိက ေျပာပါတယ္။

တရုတ္ႏိုင္ငံအလယ္ပိုင္း ၀ူဟန္ၿမိဳ႕ကေန စတင္ပ်ံ႕ႏွံလာတဲ့ ကိုရိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ တရုတ္ႏိုင္ငံအတြင္း ေသဆံုးသူအေရအတြက္ဟာ အခုဆိုရင္ ၉၀၀ ထက္မနည္းရွိသြားၿပီး လူေပါင္း ေလးေသာင္းေက်ာ္ ကူးစက္ခံေနရၿပီျဖစ္တယ္လို႔ တရုတ္က်န္းမာေရး၀န္ႀကီးဌာနဘက္က ထုတ္ျပန္ေၾကညာထားပါတယ္။

ကယ္လီဖိုးနီးယား Coronavirus ကူးစက္မႈ အေျခအေန
please wait

No media source currently available

0:00 0:05:12 0:00
တိုက္႐ိုက္ လင့္ခ္


..................

ကယ်လီဖိုးနီးယား Coronavirus ကူးစက်မှု အခြေအနေ

(Unicode)

အမေရိကန်ပြည်ထောင်စုတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း (၁၂) ဦးထိရှိလာရာမှာ တဝက်က ကယ်လီဖိုးနီးယားပြည်နယ်က ဖြစ်ပါတယ်။ အခုဆိုရင် တရုတ်စားသောက်ဆိုင်အများစုဟာ အရင်ကထက် အရောင်းကျလာသလို၊ ခရီးသွားလုပ်ငန်းတွေနဲ့၊ အငှားယာဉ်မောင်းတဲ့ လုပ်ငန်းတွေမှာ ထိခိုက်မှု တချို့ရှိလာတယ်လို့ California ပြည်နယ်မှာ နေထိုင်တဲ့ မြန်မာ-အမေရိကန်တချို့က ဗွီအိုအေကို ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ အသွားအလာအများဆုံး ဝင်ပေါက် ထွက်ပေါက်ဖြစ်နေတဲ့ California ပြည်နယ်မှာ လူအများစိုးရိမ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ မြန်မာနွယ်ဖွား အမေရိကန်တချို့ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

Coronavirus ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ တထောင်ကျော်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

တနင်္လာနေ့က နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူပေါင်း ၁၂ ဦးရှိနေတဲ့အထဲမှာ California ပြည်နယ်မှာ ကူးစက်ခံရသူ ခြောက်ဦးရှိနေတာပါ။ နှစ်ဦးကတော့ Santa Clara ကောင်တီကဖြစ်ပြီး နောက်ထပ်နှစ်ဦးကတော့ San Benito ကောင်တီနဲ့ တဦးက Los Angeles ကောင်တီ၊ နောက်ဆုံးတဦးကတော့ Orange County ကဖြစ်တယ်လို့ California ပြည်နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု အခြေအနေဟာ California ပြည်နယ်မှာ အရေးပေါ်အဆင့် ရောက်ရှိတဲ့ အနေအထားမရှိပေမယ့် တဖြေးဖြေး ကူးစက်ခံရတဲ့ အရေအတွက် တိုးလာနေတဲ့အပေါ်မှာ စိုးရိမ်မှု တချို့ရှိလာပါတယ်။ ဒါကြောင့် လူပေါင်း ရာနဲ့ချီ တက်ရောက်မယ့် တောင်ပိုင်း California မြန်မာအသင်းရဲ့ နှစ်စဉ် ညစာစားပွဲ အစီအစဉ်ကို ဒီစိုးရိမ်မှုကြောင့် ရွှေ့ဆိုင်းခဲ့တယ်လို့ အသင်းရဲ့ ဒုဥက္ကဌ ဒေါ်လေးနိုင်အိကပြောပါတယ်။

“Southern California Burmese Association (SCBA) မှာ ပြီးခဲ့တဲ့ ၈ ရက်နေ့ညက Annual dinner လုပ်ဖို့ရှိတယ်။ နှစ်တိုင်း တရုတ်နှစ်သစ်ကူး ထမင်းစားပွဲပေါ့နော် ။ အဲဒါကို သူတို့ စိတ်ပူတဲ့အခါကျတော့ သူတို့က အဲဒီပွဲကို ပြန်ကြေညာမယ်ဆိုပြီးတော့ ရက်ရွှေ့လိုက်တယ်။ လူ ၅၀၀ ကျော်မယ်ဆိုတော့ လူ၅၀၀ ကျော်တဲ့တချို့ပွဲတွေ မလုပ်စေချင်ဘူးဆိုတဲ့အသံကြားတယ်။ အဲဒီအတွက်ကြောင့် တချို့ပွဲတွေ ဖျက်တယ်။ တချို့တွေကတော့လည်း လုပ်တာပဲ။”

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရေး ကျွမ်းကျင်သူတွေရဲ့ အမြင် ရုပ်သံသတင်းကို ကြည့်ရှုနားဆင်နိုင်ပါတယ်။

အမေရိကန်မှာ နောက်ဆုံးတွေ့ရှိခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ နှစ်ဦးကို ဖေဖေါ်ဝါရီလ (၆)ရက်နေ့က California ပြည်နယ် Santa Clara ကောင်တီမှာ တွေ့ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ တရုတ်နိုင်ငံကို မကြာသေးခင်က ခရီးသွားခဲ့ကြ သူတွေဖြစ်တယ်လို့ USA Today သတင်းမှာ ဖေါ်ပြထားပါတယ်။ သူတို့နှစ်ဦးထဲက တဦးဦးနဲ့ အတူနေခဲ့သူ မည်သူမဆို ရောဂါပိုးကူးစက်နိုင်ခြေအန္တရာယ်အများ ဆုံးရှိနေသူတွေလို့ စဉ်းစားမှာဖြစ်ကြောင်း ကောင်တီရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ လက်ထောက်တာဝန်ခံ Dr. Sarah Rudman ကပြောပါတယ်။ သူတို့နှစ်ဦးလုံးကို အခြားလူတွေနဲ့ အဝေးမှာနေဖို့နဲ့ သူတို့ရဲ့နေအိမ်တွေမှာပဲ ၁၄ ရက်ကြာ ဆက်ပြီးနေဖို့ ကန့်သတ်ထားသလို၊ ဖျားနာတဲ့ ရောဂါအခြေအနေကိုလည်း ကျန်းမာရေးဝန်ထမ်းတွေက စောင့်ကြည့်နေတယ်လို့ ကောင်တီကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မျာ ဖေါ်ပြထားပါတယ်။

ဒါကြောင့် ဆေးရုံတွေအတွက် ကျန်းမာရေးဌာနက အမိန့်ထုတ်ပြန်ထားတဲ့ အထူးစောင့်ကြည့်စစ်ဆေးရမယ့် အခြေအနေနဲ့ ပတ်သက်လို့ California ပြည်နယ်အခြေစိုက် မန္တလေး ဂက်ဇက် သတင်းစာထူထောင်သူလည်းဖြစ်၊ ကိုယ်တိုင်လည်း ကျန်းမာရေးဝန်ထမ်းတဦးလည်းဖြစ်တဲ့ ဦးမောင်မောင်ကြည်က ပြောပါတယ်။

“လူနာတွေက တရုတ်ပြည်က ပြန်လာတာတို့ သတင်းပေးရင် ချက်ချင်းအရမ်းသတိထားပြီးတော့ History ယူရမယ်။ နောက်ပြီးတော့ လေရှုလမ်းကြောင်းမှာဖြစ်တဲ့ ရောဂါလက္ခဏာတွေရှိတယ်ဆိုရင် အားလုံး ကာကွယ်ရေးဝတ်စုံအပြည့်နဲ့ ဝတ်စုံကို ဝတ်ရမယ်။ နောက် နှာခေါင်းစည်းတွေလည်းတပ်ရမှာပေါ့နော်။ အရင်ဆုံးလူနာကို ခွဲပြီးထားရမယ်။ ဆေးရုံမှာ အဓိကတော့ နှာခေါင်းထဲက ထွက်တဲ့အရည်ရယ်၊ အောခေါင်မှာရယ် နောက်ပြီးတော့ သလိတ် ကို ယူပါတယ်။ ပိုးမွေးယူဖို့ ယူတာပေါ့နော်။ အဲဒါကို သီးသန့်ထုတ်ပြီးတော့ CDC ကိုပို့ရတာပေါ့နော် ။ CDC က သူတို့ လူလွှတ်ပြီးလာယူတယ်။ ဆေးရုံက လွှတ်စရာမလိုဘူးပေါ့နော်။ သာမန်ဆေးရုံကတော့ ဘာလုပ်သလဲဆိုရင် အဖျားရှိတယ် နောက်ပြီး လေရှုလမ်းကြောင်းက ရောဂါတွေကြောင့် လူနာ က ချောင်းဆိုးနှာစေးတယ်ဆိုရင် သူတို့က သာမန် screening လုပ်ပါတယ်။ screening က ဘာလုပ်သလဲဆိုတော့ ခုနပြောတဲ့ ၃ မျိုးယူတယ်။ Flu A ရှိ လား၊ Flu B ရှိလားဆိုတာကို စမ်းပါတယ်။

မေး။ ။ ကိုရိုနာဗိုင်းရပ်စ်ပိုးက တရုတ်ကနေ စတင်ပျံနှံလာတာဆိုတော့ အခြား အမေရိကန်တွေက အာရှ တရုတ်တွေ တွေ့ရင် ကြောက်တာမျိုး၊ ရှောင်သွားတာမျိုးရော အဲဒီဘက်မှာရှိလား။ အထူးသဖြင့် ကျောင်းတွေမှာရော ရှိလား။

ဖြေ။ ။ အထက်တန်းကျောင်းမှာတော့ တချို့နည်းနည်းဖြစ်တယ်ပြောတယ်။ ဖြစ်တယ်ဆိုတာကတော့ ဥပမာ နှာစေးချောင်းဆိုးတယ်ဆိုရင် တရုတ်နွယ်ဖွားတွေဖြစ်တယ်ဆိုရင် ကျောင်းကတော့ အိမ်ပြန်လွှတ်ပါတယ်။ ကျောင်းမလာဖို့ ပြောပါတယ်။ ဆိုတော့ ကျနော်တို့နေတဲ့ ဒီနားတဝိုက်က အထက်တန်းကျောင်းမှာတော့ ဆရာမတွေကတော့ အရမ်းသတိထားရတယ်။ နှာစေးချောင်းဆိုးနည်းနည်းဖြစ်တာနဲ့ အဲဒီကျောင်းသားကို အိမ်ပြန်လွှတ်ပါတယ်။ အဆင့်အတန်း၊ လူမျိုးခွဲခြားပြီးတော့ မဟုတ်ဘူးပေါ့နော်။ သူက ကျန်းမာရေးအကြောင်းပြချက်ကို ဦးတည်ပြီးတော့ အိမ်ပြန်လွှတ်ပါတယ်။”

လောလောဆယ်မှာတော့ ခရီးသွားလုပ်ငန်းတွေမှာ ထိခိုက်မှုရှိနေပြီး စားသောက်ဆိုင် လုပ်ငန်း အပါအဝင် အငှားယာဉ်မောင်းတဲ့လုပ်ငန်းတွေမှာပါ ထိခိုက်မှုတချို့ရှိလာတယ်လို့ ဒေါ်လေးနိုင်အိက ပြောပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ပျံ့နှံလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နိုင်ငံအတွင်း သေဆုံးသူအရေအတွက်ဟာ အခုဆိုရင် ၉၀၀ ထက်မနည်းရှိသွားပြီး လူပေါင်း လေးသောင်းကျော် ကူးစက်ခံနေရပြီဖြစ်တယ်လို့ တရုတ်ကျန်းမာရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ကြေညာထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG