သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ဝူဟန္ဗိုင္းရပ္စ္ ေစာင့္ၾကည့္ ၁၄ ဦး၊ သံသယ ၁ ဦး


ဝူဟန္မွ ျပန္ေရာက္လာသည့္ ျမန္မာေက်ာင္းသူ ေက်ာင္းသားမ်ား ထားရွိရာ မႏၱေလးရွိ ေဆး႐ုံအတြင္းမွ က်န္းမာေရးဝန္ထမ္းမ်ား။ (ေဖေဖာ္ဝါရီ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈ စိုးရိမ္စရာ အေျခအေန လိေမၼာ္ေရာင္အဆင့္ သတ္မွတ္လိုက္တဲ့ စင္ကာပူႏိုင္ငံကေန ျပန္လာတဲ့ ျမန္မာအမ်ိဳးသမီးတဦးကို ဒီကေန႔မနက္ပိုင္းမွာပဲ ေတာင္ဒဂံုေနအိမ္ကေန ေဝဘာဂီေဆး႐ံုကို ေခၚေဆာင္ၿပီး သူ႔က်န္းမာေရးအေျခအေန ေစာင့္ၾကည့္ေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူက အတည္ျပဳပါတယ္။ လတ္တေလာမွာေတာ့ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈရွိမရွိ သံသယရွိလူနာ ၁ ဦး၊ ေစာင့္ၾကည့္လူနာ ၁၂ ဦးအထိ ရွိေနတယ္လို႔လည္း ေျပာပါတယ္။ တ႐ုတ္ႏုိင္ငံ ဝူဟန္ကေန စတင္ျပန္႔ပြားေနတဲ့ ကို႐ုိနာဗုိင္းရပ္စ္ အိမ္နီးခ်င္း ျမန္မာႏုိင္ငံအေနနဲ႔ ကူးစက္မခံရေအာင္နဲ႔ ကူးစက္မႈ သံသယရွိသူေတြကို ေစာင့္ၾကည့္ဖို႔ က်န္းမာေရး ပညာေပးေနပါတယ္။ ေနာက္ဆံုးအေျခအေနကို မဆုမြန္ ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

(ေနာက္ဆံုးထုတ္ျပန္ခ်က္)ဒီကေန႔ ေဖေဖာ္ဝါရီလ ၉ရက္ေန႔ ည ၈နာရီ၁၅မိနစ္ ေနာက္ဆံုး ထုတ္ျပန္ခ်က္အရ ျမန္မာတႏိုင္ငံလံုး အတိုင္းအတာနဲ႔ သံသယလူနာ ၁ဦးနဲ႔ ေစာင့္ၾကည့္လူနာ ၁၄ဦး အထိ ရွိသြားၿပီျဖစ္ၿပီး ေဆး႐ံုေတြမွာ ဆက္လက္ေစာင့္ၾကပ္ၾကည့္ရႈ႕စစ္ေဆးေပးေနပါတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ၾကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီး (WHO) အေရးေပၚ က်န္းမာေရးအေျခအေန ေၾကညာထားရတဲ့ တ႐ုတ္ႏုိင္ငံ ဝူဟန္ကေနတဆင့္ စတင္ျပန္႔ပြားခဲ့တဲ့ ကုိ႐ိုနာဗုိင္းရပ္စ္ ကမာၻအႏွ႔ံ ကူးစက္ျပန္႔ပြားေနတဲ့ႏႈန္းက ဒီသီတင္းပတ္အတြင္းမွာကို သံုးေသာင္းခုႏွစ္ေထာင္ေက်ာ္ ရွိသြားၿပီျဖစ္ၿပီး တ႐ုတ္ အပါအဝင္ ျပည္ပႏိုင္ငံတခ်ိဳ႕မွာပါ ေသဆံုးသူေပါင္း ရွစ္ရာေက်ာ္သြားၿပီ ျဖစ္ပါတယ္။

တ႐ုတ္နဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ အိမ္နီးခ်င္း ျမန္မာႏိုင္ငံမွာေတာ့ ကုိ႐ိုနာဗုိင္းရပ္စ္ သံသယရွိလူနာက ၁ ဦးပဲ ရွိတယ္လို႔လည္း ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ ညက က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေနာက္ဆံုးထုတ္ျပန္ထားပါတယ္။

ဒီကေန႔မနက္ပိုင္းမွာေတာ့ စင္ကာပူႏုိင္ငံကေန ျပန္လာတဲ့ ျမန္မာအမ်ိဳးသမီးတဦး ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္လူနာနဲ႔ ထိေတြ႔မႈရွိခဲ့တယ္ဆိုတဲ့ သတင္းအရ သူ႔ကို ေတာင္ဒဂံုေနအိမ္ကေန ေခၚေဆာင္ၿပီး ေဝဘာဂီ အထူးကုေဆး႐ံုကို ပို႔ေဆာင္ၿပီး ေစာင့္ၾကည့္ေနပါတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ကူးစက္ေရာဂါတိုက္ဖ်က္ေရး ဌာနခြဲ ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ဗီြအိုေအကုိ ေျပာပါတယ္။

“ေဝဘာဂီကို ပို႔လုိက္တယ္ဆိုတဲ့ စင္ကာပူကျပန္လာတဲ့ အမ်ဳိးသမီးက သံသယလူနာလည္း မဟုတ္ပါဘူး။ ေဆး႐ုံတင္ ေစာင့္ၾကည့္လူနာလည္း မဟုတ္ပါဘူး။ သူက တနည္းအားျဖင့္ ေျပာရင္ Hospital Quarantine လုပ္တာ။ အခု ကေလးေတြ ေက်ာင္းသားေတြလုပ္သလုိ ေလယာဥ္မွဴးႀကီးေတြ လုပ္သလိုမ်ဳိးေပါ့။ တနည္းအားျဖင့္ ေဆး႐ုံမွာထားၿပီး ေစာင့္ၾကည့္တဲ့သေဘာေပါ့။ ဘာမွ ကုသမႈ မလုိအပ္ပါဘူး သူက။ ဖ်ားတာလည္း မရွိဘူး။ အသက္႐ွဴလမ္းေၾကာင္းလည္း မရွိဘူး။ သူက Confirmed case နဲ႔ Contact History ရွိတယ္ဆုိတဲ့တခုေၾကာင့္ သူ႔ကို ေဆး႐ုံမွာထားၿပီးေတာ့ Quarantine လုပ္တာပါ။ သူနဲ႔အတူရွိတဲ့ က်န္တဲ့သူေတြကိုေတာ့ အိမ္မွာပဲ ေနဖုိ႔ပဲ။ ဒါကေတာ့ Home Quarantine လုပ္တာပါ။”

ဒီကေန႔ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔အထိ ျမန္မာတႏိုင္ငံလံုး အတိုင္းအတာနဲ႔ ေစာင့္ၾကည့္လူနာ ၁၂ ဦးအထိ ရွိေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက အတည္ျပဳပါတယ္။

“သံသယလူနာကေတာ့ အရင္ကအတုိင္းပါပဲ။ နမၼတူကတေယာက္က အေျဖမရေသးေတာ့ သူကေတာ့ ဆက္ရွိေနတုန္းပါပဲ။ ေဆး႐ုံတင္ၿပီး ေစာင့္ၾကည့္တဲ့လူနာ အေနနဲ႔ ၁၂ ဦး ရွိပါတယ္။ မေန႔က မႏၱေလးေဆး႐ုံမွာရွိတဲ့ အသက္ ၅၃ ႏွစ္္ အမ်ဳိးသားရယ္၊ မေကြးတုိင္း ေပါက္ၿမိဳ႕နယ္က ၃၄ ႏွစ္ အမ်ဳိးသမီးရယ္၊ မေကြးတုိင္း ေတာင္တြင္းႀကီးက အသက္ ၄၅ ႏွစ္ အမ်ဳိးသမီး မေကြးေဆး႐ုံမွာ တက္ေရာက္ကုသတဲ့ တေယာက္ရယ္၊ အမ်ဳိးသမီးေဆး႐ုံမွာ ရွိတဲ့ ၂၄ ႏွစ္အရြယ္ တ႐ုတ္အမ်ဳိးသမီးရယ္ ဒါေၾကာင့္ ေဆး႐ုံတင္ ေစာင့္ၾကည့္လူနာ ၁၂ ဦးပါ။”

ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈ စိုးရိမ္စရာ အေျခအေန လိေမၼာ္ေရာင္အဆင့္ သတ္မွတ္လိုက္တဲ့ စင္ကာပူႏုိင္ငံကေန ျပန္လာတဲ့ ျမန္မာအမ်ိဳးသမီးကို က်န္းမာေရးဝန္ထမ္းေေတြနဲ႔ သက္ဆုိင္ရာ ၿမိဳ႕နယ္တာဝန္ရွိသူေတြက သြားေရာက္ေခၚေဆာင္ၿပီး ပို႔ေဆာင္လိုက္တဲ့အေၾကာင္းနဲ႔ အခုလက္ရွိ သူမေနထိုင္ခဲ့တဲ့ ေတာင္ဒဂံုၿမိဳ႕နယ္ ပုလဲမြန္အိမ္ရာဝင္းအတြင္း က်န္းမာေရး စိုးရိမ္စရာမရွိေအာင္ ေဆာင္ရြက္ေပးေနတဲ့ အေျခအေနကို ေတာင္ဒဂံုၿမိဳ႕နယ္ အမွတ္ ၁ မဲဆႏၵနယ္က ရန္ကုန္တုိင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက ဗီြအိုေအျမန္မာပိုင္းကို ရွင္းျပပါတယ္။

“ေတာင္ဒဂုံ ၆၅ ရပ္ကြက္မွာရွိတဲ့ ပုလဲမြန္အိမ္ရာမွာ ေစာင့္ၾကည့္လူနာအျဖစ္ သူတုိ႔ ေတြ႔ရတာေပါ့။ ဟုိမွာ သူနဲ႔အတူ ေနလာခဲ့တဲ့သူက Positive ျဖစ္ေနတာ ျဖစ္တဲ့အတြက္ ဒါကို သတင္းရရွိၿပီးေတာ့ ခ်က္ခ်င္းပဲ ရန္ကုန္တုိင္း က်န္းမာေရးအဖြဲ႔က ေနၿပီးေတာ့ ဆင္းလာၿပီး သူ႔ကို ေဝဘာဂီ တန္းပို႔တာပါ။ ေလာေလာဆယ္ေတာ့ သူေနတဲ့ တတိယထပ္နဲ႔ စတုတၳထပ္ ႏွစ္ခန္းလုံးမွာရွိတဲ့ ေနထုိင္တဲ့လူေတြကုိ အခန္းထဲက အခန္းျပင္ကို ေပးမထြက္ေတာ့ဘူး။ ေပးမထြက္ဘဲ ၁၄ ရက္ ေစာင့္ၾကည့္ေနတာေပါ့။ အဲဒီအေျခအေနကုိ ၿမိဳ႕နယ္ က်န္းမာေရးတာဝန္ရွိပုဂၢိဳလ္ေတြ အားလုံးကေတာ့ ေစာင့္ၾကည့္ၿပီး အကူအညီေပးမႈ ရွိေနတယ္။”

တ႐ုတ္-ျမန္မာနယ္စပ္မွ ျမန္မာႏုိင္ငံတြင္း ဝင္ေရာက္လာသူအား က်န္းမာေရးစစ္ေဆးေနသည့္ တာဝန္ရွိသူတဦး။ (ဇန္နဝါရီ ၃၁၊ ၂၀၂၀
တ႐ုတ္-ျမန္မာနယ္စပ္မွ ျမန္မာႏုိင္ငံတြင္း ဝင္ေရာက္လာသူအား က်န္းမာေရးစစ္ေဆးေနသည့္ တာဝန္ရွိသူတဦး။ (ဇန္နဝါရီ ၃၁၊ ၂၀၂၀

ျမန္မာႏုိင္ငံထဲ ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈမရွိေအာင္ ႀကိဳတင္ကာကြယ္တဲ့ က်န္းမာေရး ပညာေပးမႈေတြ အပါအဝင္ မိမိတို႔ရဲ႕ ပတ္ဝန္းက်င္မွာ က်န္းမာေရးအေျခအေန သံသယရွိလာရင္ သက္ဆိုင္ရာကို သတင္းေပးပို႔ဖို႔ကိုလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတိေပး ႏႈိးေဆာ္ေနပါတယ္။ ကူးစက္မႈမျဖစ္ပြားရေအာင္ အမ်ားျပည္သူလူထု အေနနဲ႔ ပူးေပါင္းပါဝင္ႏိုင္တဲ့ အေနအထားကိုလည္း လူထုကို က်န္းမာေရးပညာေပးေနတဲ့ အေထြေထြေရာဂါကု ဆရာဝန္ႀကီး ေဒါက္တာမိုးေအာင္ေက်ာ္ႏုိင္က အခုလို အႀကံျပဳပါတယ္။

“အဓိကေတာ့ ျပည္သူလူထု ပါဝင္မွရမယ္။ အထူးသျဖင့္ေတာ့ တ႐ုတ္ျပည္က ျပန္လာတဲ့လူေတြ၊ Outbreak ျဖစ္ပြားေနတဲ့ ႏုိင္ငံကေန လူနာနဲ႔ ထိေတြ႔ႏုိင္တယ္လို႔ သံသယရွိတဲ့လူေတြ၊ ေနာက္တခုကလည္း ေၾကညာခ်က္ေတြ ထုတ္ထားတာက တ႐ုတ္ျပည္က ျပန္လာတဲ့သူတဦးဦးကုိ ဟုိတယ္တုိ႔ သူတုိ႔ေနထုိင္ရာ အိမ္မွာ ဖ်ားနာတာမ်ား သံသယရွိတာ ပတ္ဝန္းက်င္ ျပည္သူလူထုက ေတြ႔ရွိခဲ့ရင္လည္း သတင္းပို႔ၿပီး ေျပာၾကားႏုိင္တယ္ ဆုိတဲ့ဟာ ထြက္လာတဲ့အခါၾကေတာ့ ျပည္သူလူထုထဲကုိ ေရာက္ရွိေနေသာ ပုိးသယ္ေဆာင္လာတဲ့ သံသယရွိတဲ့သူေတြကိုေတာ့ အကုန္လုံး နီးစပ္တဲ့လူေတြ အားလုံးကို အေသးစိတ္ ေစာင့္ၾကည့္မွသာလွ်င္ တၿမိဳ႕လုံး ပ်ံ႕ႏွံ႔မယ့္အေရးကို ကာကြယ္ႏုိင္မွာေပါ့။ ဒါေတြကို လူတုိင္း တဦးခ်င္း တဦးခ်င္းက သိရွိနားလည္မယ္ဆုိရင္ ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္တဲ့ေနရာမွာ အေရးလည္း ပါတယ္။ ပုိၿပီးလည္း ထိေရာက္ႏုိင္ပါတယ္။”

တ႐ုတ္ႏုိင္ငံ ဝူဟန္နဲ႔ ေရာဂါကူးစက္မႈျဖစ္ေနတဲ့ ေဒသေတြကေန ျမန္မာႏုိင္ငံကို ေရာက္လာတဲ့ ခရီးသြားေတြအေနနဲ႔ ဖ်ားျခင္း ေခ်ာင္းဆိုးျခင္း အသက္႐ွဴၾကပ္ျခင္း စတဲ့ ေရာဂါလကၡဏာေတြ ျဖစ္ပြားခဲ့ရင္ ဒါမွမဟုတ္ ရက္ေပါင္း ၁၄ ရက္အတြင္း ဒီေရာဂါလကၡဏာေတြ ျဖစ္ပြားခဲ့ရင္ ေလဆိပ္က်န္းမာေရးနဲ႔ နီးစပ္ရာ က်န္းမာေရးဌာနေတြကို အျမန္ဆံုး သတင္းေပးပို႔ၾကဖို႔ ႏႈိးေဆာ္တုိက္တြန္းစာကို ရန္ကုန္ကိုဝင္ေရာက္မယ့္ ေလယာဥ္ေတြေပၚမွာလည္း ေလဆိပ္က်န္းမာေရးဌာနခြဲ က်န္းမာေရးဝန္ႀကီးဌာနကေန ေပးေနတာပါ။

လတ္တေလာမွာေတာ့ တ႐ုတ္ခရီးသြားေတြ လည္ပတ္မႈမ်ားတဲ့ အာရွႏုိင္ငံေတြ အပါအဝင္ ဥေရာပ၊ အေမရိကန္ျပည္ေထာင္စု အပါအဝင္ ကမာၻတဝွမ္း ကူးစက္မႈေတြ ရွိလာေနလို႔ ျမန္မာႏုိင္ငံ အပါအဝင္ ႏိုင္ငံအသီးသီးမွာ တ႐ုတ္ခရီးသြားေတြ ပိတ္ပင္မႈေတြရွိသလို တ႐ုတ္ႏုိင္ငံကေန ျပန္လာတဲ့ ႏုိင္ငံသားေတြ ကမာၻလွည့္ခရီးသြားေတြကို အထူးၾကပ္မတ္ စစ္ေဆးေနပါတယ္။

---------------------------------

(Unicode)

မြန်မာ ဝူဟန်ဗိုင်းရပ်စ် စောင့်ကြည့် ၁၂ ဦး၊ သံသယ ၁ ဦး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စိုးရိမ်စရာ အခြေအနေ လိမ္မော်ရောင်အဆင့် သတ်မှတ်လိုက်တဲ့ စင်ကာပူနိုင်ငံကနေ ပြန်လာတဲ့ မြန်မာအမျိုးသမီးတဦးကို ဒီကနေ့မနက်ပိုင်းမှာပဲ တောင်ဒဂုံနေအိမ်ကနေ ဝေဘာဂီဆေးရုံကို ခေါ်ဆောင်ပြီး သူ့ကျန်းမာရေးအခြေအနေ စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက အတည်ပြုပါတယ်။ လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ သံသယရှိလူနာ ၁ ဦး၊ စောင့်ကြည့်လူနာ ၁၂ ဦးအထိ ရှိနေတယ်လို့လည်း ပြောပါတယ်။ တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် အိမ်နီးချင်း မြန်မာနိုင်ငံအနေနဲ့ ကူးစက်မခံရအောင်နဲ့ ကူးစက်မှု သံသယရှိသူတွေကို စောင့်ကြည့်ဖို့ ကျန်းမာရေး ပညာပေးနေပါတယ်။ နောက်ဆုံးအခြေအနေကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

(နောက်ဆုံးထုတ်ပြန်ချက်)ဒီကနေ့ ဖေဖော်ဝါရီလ ၉ရက်နေ့ ည ၈နာရီ၁၅မိနစ် နောက်ဆုံး ထုတ်ပြန်ချက်အရ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ သံသယလူနာ ၁ဦးနဲ့ စောင့်ကြည့်လူနာ ၁၄ဦး အထိ ရှိသွားပြီဖြစ်ပြီး ဆေးရုံတွေမှာ ဆက်လက်စောင့်ကြပ်ကြည့်ရှု့စစ်ဆေးပေးနေပါတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အရေးပေါ် ကျန်းမာရေးအခြေအနေ ကြေညာထားရတဲ့ တရုတ်နိုင်ငံ ဝူဟန်ကနေတဆင့် စတင်ပြန့်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနေတဲ့နှုန်းက ဒီသီတင်းပတ်အတွင်းမှာကို သုံးသောင်းခုနှစ်ထောင်ကျော် ရှိသွားပြီဖြစ်ပြီး တရုတ် အပါအဝင် ပြည်ပနိုင်ငံတချို့မှာပါ သေဆုံးသူပေါင်း ရှစ်ရာကျော်သွားပြီ ဖြစ်ပါတယ်။

တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာက ၁ ဦးပဲ ရှိတယ်လို့လည်း ဖေဖော်ဝါရီလ ၈ ရက်နေ့ ညက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ စင်ကာပူနိုင်ငံကနေ ပြန်လာတဲ့ မြန်မာအမျိုးသမီးတဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာနဲ့ ထိတွေ့မှုရှိခဲ့တယ်ဆိုတဲ့ သတင်းအရ သူ့ကို တောင်ဒဂုံနေအိမ်ကနေ ခေါ်ဆောင်ပြီး ဝေဘာဂီ အထူးကုဆေးရုံကို ပို့ဆောင်ပြီး စောင့်ကြည့်နေပါတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“ဝေဘာဂီကို ပို့လိုက်တယ်ဆိုတဲ့ စင်ကာပူကပြန်လာတဲ့ အမျိုးသမီးက သံသယလူနာလည်း မဟုတ်ပါဘူး။ ဆေးရုံတင် စောင့်ကြည့်လူနာလည်း မဟုတ်ပါဘူး။ သူက တနည်းအားဖြင့် ပြောရင် Hospital Quarantine လုပ်တာ။ အခု ကလေးတွေ ကျောင်းသားတွေလုပ်သလို လေယာဉ်မှူးကြီးတွေ လုပ်သလိုမျိုးပေါ့။ တနည်းအားဖြင့် ဆေးရုံမှာထားပြီး စောင့်ကြည့်တဲ့သဘောပေါ့။ ဘာမှ ကုသမှု မလိုအပ်ပါဘူး သူက။ ဖျားတာလည်း မရှိဘူး။ အသက်ရှူလမ်းကြောင်းလည်း မရှိဘူး။ သူက Confirmed case နဲ့ Contact History ရှိတယ်ဆိုတဲ့တခုကြောင့် သူ့ကို ဆေးရုံမှာထားပြီးတော့ Quarantine လုပ်တာပါ။ သူနဲ့အတူရှိတဲ့ ကျန်တဲ့သူတွေကိုတော့ အိမ်မှာပဲ နေဖို့ပဲ။ ဒါကတော့ Home Quarantine လုပ်တာပါ။”

ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ စောင့်ကြည့်လူနာ ၁၂ ဦးအထိ ရှိနေတယ်လို့ ဒေါက်တာခင်ခင်ကြီးက အတည်ပြုပါတယ်။

“သံသယလူနာကတော့ အရင်ကအတိုင်းပါပဲ။ နမ္မတူကတယောက်က အဖြေမရသေးတော့ သူကတော့ ဆက်ရှိနေတုန်းပါပဲ။ ဆေးရုံတင်ပြီး စောင့်ကြည့်တဲ့လူနာ အနေနဲ့ ၁၂ ဦး ရှိပါတယ်။ မနေ့က မန္တလေးဆေးရုံမှာရှိတဲ့ အသက် ၅၃ နှစ် အမျိုးသားရယ်၊ မကွေးတိုင်း ပေါက်မြို့နယ်က ၃၄ နှစ် အမျိုးသမီးရယ်၊ မကွေးတိုင်း တောင်တွင်းကြီးက အသက် ၄၅ နှစ် အမျိုးသမီး မကွေးဆေးရုံမှာ တက်ရောက်ကုသတဲ့ တယောက်ရယ်၊ အမျိုးသမီးဆေးရုံမှာ ရှိတဲ့ ၂၄ နှစ်အရွယ် တရုတ်အမျိုးသမီးရယ် ဒါကြောင့် ဆေးရုံတင် စောင့်ကြည့်လူနာ ၁၂ ဦးပါ။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စိုးရိမ်စရာ အခြေအနေ လိမ္မော်ရောင်အဆင့် သတ်မှတ်လိုက်တဲ့ စင်ကာပူနိုင်ငံကနေ ပြန်လာတဲ့ မြန်မာအမျိုးသမီးကို ကျန်းမာရေးဝန်ထမ်းေတွေနဲ့ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေက သွားရောက်ခေါ်ဆောင်ပြီး ပို့ဆောင်လိုက်တဲ့အကြောင်းနဲ့ အခုလက်ရှိ သူမနေထိုင်ခဲ့တဲ့ တောင်ဒဂုံမြို့နယ် ပုလဲမွန်အိမ်ရာဝင်းအတွင်း ကျန်းမာရေး စိုးရိမ်စရာမရှိအောင် ဆောင်ရွက်ပေးနေတဲ့ အခြေအနေကို တောင်ဒဂုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်က ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဗွီအိုအေမြန်မာပိုင်းကို ရှင်းပြပါတယ်။

“တောင်ဒဂုံ ၆၅ ရပ်ကွက်မှာရှိတဲ့ ပုလဲမွန်အိမ်ရာမှာ စောင့်ကြည့်လူနာအဖြစ် သူတို့ တွေ့ရတာပေါ့။ ဟိုမှာ သူနဲ့အတူ နေလာခဲ့တဲ့သူက Positive ဖြစ်နေတာ ဖြစ်တဲ့အတွက် ဒါကို သတင်းရရှိပြီးတော့ ချက်ချင်းပဲ ရန်ကုန်တိုင်း ကျန်းမာရေးအဖွဲ့က နေပြီးတော့ ဆင်းလာပြီး သူ့ကို ဝေဘာဂီ တန်းပို့တာပါ။ လောလောဆယ်တော့ သူနေတဲ့ တတိယထပ်နဲ့ စတုတ္ထထပ် နှစ်ခန်းလုံးမှာရှိတဲ့ နေထိုင်တဲ့လူတွေကို အခန်းထဲက အခန်းပြင်ကို ပေးမထွက်တော့ဘူး။ ပေးမထွက်ဘဲ ၁၄ ရက် စောင့်ကြည့်နေတာပေါ့။ အဲဒီအခြေအနေကို မြို့နယ် ကျန်းမာရေးတာဝန်ရှိပုဂ္ဂိုလ်တွေ အားလုံးကတော့ စောင့်ကြည့်ပြီး အကူအညီပေးမှု ရှိနေတယ်။”

မြန်မာနိုင်ငံထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိအောင် ကြိုတင်ကာကွယ်တဲ့ ကျန်းမာရေး ပညာပေးမှုတွေ အပါအဝင် မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ ကျန်းမာရေးအခြေအနေ သံသယရှိလာရင် သက်ဆိုင်ရာကို သတင်းပေးပို့ဖို့ကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေး နှိုးဆော်နေပါတယ်။ ကူးစက်မှုမဖြစ်ပွားရအောင် အများပြည်သူလူထု အနေနဲ့ ပူးပေါင်းပါဝင်နိုင်တဲ့ အနေအထားကိုလည်း လူထုကို ကျန်းမာရေးပညာပေးနေတဲ့ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အခုလို အကြံပြုပါတယ်။

“အဓိကတော့ ပြည်သူလူထု ပါဝင်မှရမယ်။ အထူးသဖြင့်တော့ တရုတ်ပြည်က ပြန်လာတဲ့လူတွေ၊ Outbreak ဖြစ်ပွားနေတဲ့ နိုင်ငံကနေ လူနာနဲ့ ထိတွေ့နိုင်တယ်လို့ သံသယရှိတဲ့လူတွေ၊ နောက်တခုကလည်း ကြေညာချက်တွေ ထုတ်ထားတာက တရုတ်ပြည်က ပြန်လာတဲ့သူတဦးဦးကို ဟိုတယ်တို့ သူတို့နေထိုင်ရာ အိမ်မှာ ဖျားနာတာများ သံသယရှိတာ ပတ်ဝန်းကျင် ပြည်သူလူထုက တွေ့ရှိခဲ့ရင်လည်း သတင်းပို့ပြီး ပြောကြားနိုင်တယ် ဆိုတဲ့ဟာ ထွက်လာတဲ့အခါကြတော့ ပြည်သူလူထုထဲကို ရောက်ရှိနေသော ပိုးသယ်ဆောင်လာတဲ့ သံသယရှိတဲ့သူတွေကိုတော့ အကုန်လုံး နီးစပ်တဲ့လူတွေ အားလုံးကို အသေးစိတ် စောင့်ကြည့်မှသာလျှင် တမြို့လုံး ပျံ့နှံ့မယ့်အရေးကို ကာကွယ်နိုင်မှာပေါ့။ ဒါတွေကို လူတိုင်း တဦးချင်း တဦးချင်းက သိရှိနားလည်မယ်ဆိုရင် ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့နေရာမှာ အရေးလည်း ပါတယ်။ ပိုပြီးလည်း ထိရောက်နိုင်ပါတယ်။”

တရုတ်နိုင်ငံ ဝူဟန်နဲ့ ရောဂါကူးစက်မှုဖြစ်နေတဲ့ ဒေသတွေကနေမြန်မာနိုင်ငံကို ရောက်လာတဲ့ ခရီးသွားတွေအနေနဲ့ ဖျားခြင်း ချောင်းဆိုးခြင်း အသက်ရှူကြပ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပွားခဲ့ရင် ဒါမှမဟုတ် ရက်ပေါင်း ၁၄ ရက်အတွင်း ဒီရောဂါလက္ခဏာတွေ ဖြစ်ပွားခဲ့ရင် လေဆိပ်ကျန်းမာရေးနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံး သတင်းပေးပို့ကြဖို့ နှိုးဆော်တိုက်တွန်းစာကို ရန်ကုန်ကိုဝင်ရောက်မယ့် လေယာဉ်တွေပေါ်မှာလည်း လေဆိပ်ကျန်းမာရေးဌာနခွဲ ကျန်းမာရေးဝန်ကြီးဌာနကနေ ပေးနေတာပါ။

လတ်တလောမှာတော့ တရုတ်ခရီးသွားတွေ လည်ပတ်မှုများတဲ့ အာရှနိုင်ငံတွေ အပါအဝင် ဥရောပ၊ အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာတဝှမ်း ကူးစက်မှုတွေ ရှိလာနေလို့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအသီးသီးမှာ တရုတ်ခရီးသွားတွေ ပိတ်ပင်မှုတွေရှိသလို တရုတ်နိုင်ငံကနေ ပြန်လာတဲ့ နိုင်ငံသားတွေ ကမ္ဘာလှည့်ခရီးသွားတွေကို အထူးကြပ်မတ် စစ်ဆေးနေပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG