(Zawgyi / Unicode)
တ႐ုတ္ႏိုင္ငံမွာ အဓိကပ်ံ႕ႏွံ႔ ကူးစက္ေနတဲ့ ကုိ႐ိုနာဗုိင္းရပ္စ္အေရးနဲ႔ ပတ္သက္တဲ့ သတင္းမွားေတြေၾကာင့္ လူထုၾကား ထိတ္လန္႔ေၾကာက္ရြံ႕မႈေတြ ျဖစ္ေစတယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီး (WHO) အႀကီးအကဲ Tedros Adhanom Ghebreyesus က ဆြစ္ဇာလန္ႏုိင္ငံ ဂ်ီနီဗာမွာလုပ္တဲ့ စေနေန႔က ေန႔စဥ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။
“သတင္းအခ်က္အလက္မွားေတြကို ေခ်ဖ်က္ႏုိင္ဖို႔အတြက္ အခ်က္အလက္ေတြနဲ႔ လုပ္ႀကံေျပာေနတာေတြကို ကြဲျပားသြားေစမယ့္ မွန္ကန္တဲ့ သတင္းစကားေတြကို ေျပာမယ့္သူေတြကို စုစည္းေနပါတယ္။”
ဒါေၾကာင့္လည္း လူမႈကြန္ရက္မီဒီယာ အမ်ားအျပားနဲ႔ ဆက္သြယ္ေဆာင္ရြက္ေနရတဲ့ အေၾကာင္းရင္းတရပ္ ျဖစ္တယ္လို႔လည္း WHO အႀကီးအကဲက ရွင္းလင္းသြားပါတယ္။
- ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံႏုိင္ငံေတြအတြက္ ေဒၚလာသန္း ၁၀၀ အေမရိကန္ကူမည္ သတင္း ဖတ္႐ႈနားဆင္ႏုိင္ပါတယ္။
လူမႈကြန္ရက္ မီဒီယာေတြျဖစ္တဲ့ Instagram နဲ႔ YouTube တို႔က ၾကည့္႐ႈသူ အမ်ားအျပား ရွိေနတဲ့ လူမႈကြန္ရက္မွာ ေက်ာ္ၾကားသူေတြနဲ႔လည္း WHO က ဆက္သြယ္ၿပီး ကုိ႐ိုနာဗုိင္းရပ္စ္နဲ႔ ပတ္သက္တဲ့ သတင္းမွန္ေတြ ျဖန္႔ေ၀ေပးဖို႔ ပန္ၾကားထားပါတယ္။
တ႐ုတ္ရဲ႕ ေလ႔လာေတြ႔ရွိခ်က္ အသစ္တခုအရ ေဆး႐ုံေတြမွာ ေရာဂါပ်ံ႕ႏွံ႔ ကူးစက္မႈေတြ ရွိေနရတာဟာဆိုရင္ ဆင့္ပြားသက္ေရာက္မႈ အႏၱရာယ္ ရွိတယ္လို႔လည္း WHO ရဲ႕ အေရးေပၚအစီအစဥ္ အေကာင္အထည္ေဖာ္ေရးဆိုင္ရာ အႀကီးအကဲ ေဒါက္တာ Maria Van Kerkhove က ေျပာပါတယ္။
ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ ရက္အနည္းငယ္အတြင္း အသစ္ကူးစက္ခံရမႈ ေလ်ာ့နည္းလာေပမယ့္လည္း ေက်နပ္အားရစရာ မရွိေသးဘူးလို႔လည္း ကြ်မ္းက်င္သူေတြက သတိေပးထားပါတယ္။
-------------------------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ် သတင်းမှား တိုက်ဖျက်ရေး WHO ပြင်ဆင်
တရုတ်နိုင်ငံမှာ အဓိကပျံ့နှံ့ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အရေးနဲ့ ပတ်သက်တဲ့ သတင်းမှားတွေကြောင့် လူထုကြား ထိတ်လန့်ကြောက်ရွံ့မှုတွေ ဖြစ်စေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာလုပ်တဲ့ စနေနေ့က နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
“သတင်းအချက်အလက်မှားတွေကို ချေဖျက်နိုင်ဖို့အတွက် အချက်အလက်တွေနဲ့ လုပ်ကြံပြောနေတာတွေကို ကွဲပြားသွားစေမယ့် မှန်ကန်တဲ့ သတင်းစကားတွေကို ပြောမယ့်သူတွေကို စုစည်းနေပါတယ်။”
ဒါကြောင့်လည်း လူမှုကွန်ရက်မီဒီယာ အများအပြားနဲ့ ဆက်သွယ်ဆောင်ရွက်နေရတဲ့ အကြောင်းရင်းတရပ် ဖြစ်တယ်လို့လည်း WHO အကြီးအကဲက ရှင်းလင်းသွားပါတယ်။
လူမှုကွန်ရက် မီဒီယာတွေဖြစ်တဲ့ Instagram နဲ့ YouTube တို့က ကြည့်ရှုသူ အများအပြား ရှိနေတဲ့ လူမှုကွန်ရက်မှာ ကျော်ကြားသူတွေနဲ့လည်း WHO က ဆက်သွယ်ပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းမှန်တွေ ဖြန့်ဝေပေးဖို့ ပန်ကြားထားပါတယ်။
တရုတ်ရဲ့ လေ့လာတွေ့ရှိချက် အသစ်တခုအရ ဆေးရုံတွေမှာ ရောဂါပျံ့နှံ့ ကူးစက်မှုတွေ ရှိနေရတာဟာဆိုရင် ဆင့်ပွားသက်ရောက်မှု အန္တရာယ် ရှိတယ်လို့လည်း WHO ရဲ့ အရေးပေါ်အစီအစဉ် အကောင်အထည်ဖော်ရေးဆိုင်ရာ အကြီးအကဲ ဒေါက်တာ Maria Van Kerkhove က ပြောပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အသစ်ကူးစက်ခံရမှု လျော့နည်းလာပေမယ့်လည်း ကျေနပ်အားရစရာ မရှိသေးဘူးလို့လည်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။