သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၈၀၀ ေက်ာ္ၿပီ


ရွန္ဟုိင္းၿမိဳ႕ ကုန္တုိက္တခုတြင္ ေဈးဝယ္လာသူအား လုံၿခဳံေရးတာဝန္ရွိသူက ကိုယ္အပူခ်ိန္ တုိင္းတာေနမႈျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါေၾကာင့္ တ႐ုတ္ႏိုင္ငံ ျပည္မႀကီးမွာ ေသဆုံးသူ အေရအတြက္ဟာ စေနေန႔ေႏွာင္းပိုင္းအထိ ၈၁၁ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ တ႐ုတ္အာဏာပိုင္ေတြက ဒီကေန႔အေစာပိုင္းက ေျပာလိုက္ပါတယ္။

ဒါေၾကာင့္ ၂၀၀၂-၀၃ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ SARS ေရာဂါေၾကာင့္ ေသဆုံးတဲ့သူ အေရအတြက္ထက္ ေက်ာ္လြန္သြားၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား
coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား

စေနေန႔ တရက္တည္းမွာတင္ လူ ၈၉ ေယာက္ ေသဆုံးခဲ့တယ္လို႔ တ႐ုတ္ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္က ဒီေန႔မနက္ပိုင္းက ေျပာပါတယ္။

SARS ေရာဂါ ျဖစ္ခဲ့တုန္းကေတာ့ တ႐ုတ္ႏုိင္ငံနဲ႔ ေဟာင္ေကာင္မွာ ၇၇၄ ေယာက္ထက္မနည္း ေသဆုံးခဲ့ၿပီး ၈၁၀၀ ေလာက္ ေရာဂါကူးစက္ၿပီး နာမက်န္းျဖစ္ခ့ဲပါတယ္။

ေရာဂါ ေနာက္ထပ္ကူးစက္ခံရသူ ၂၆၅၆ ဦးရွိခဲ့ၿပီး ဒါဟာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေနာက္ပိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္နဲ႔ က်ဆင္းခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ တ႐ုတ္ႏိုင္ငံမွာ ေရာဂါကူးစက္ခံထားရသူ စုစုေပါင္း ၃၇၁၉၈ ေယာက္ရွိတယ္လို႔ ေျပာပါတယ္။

ေရာဂါကူးစက္ျပန႔္ပြားတဲ့သူ အေရအတြက္က မေသခ်ာတာေၾကာင့္ ဒီ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈဟာ အျမင့္ဆုံးအဆင့္ကို ေက်ာ္လြန္သြားၿပီလားဆိုတာ ေျပာဖို႔ ေစာလြန္းေသးတယ္လို႔ မစ္ခ်ီဂန္တကၠသိုလ္က အမ်ားျပည္သူက်န္းမာေရးဌာန ပါေမာကၡ Joseph Eisenberg က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ေနာက္ထပ္ေသဆုံးတဲ့အထဲ အေမရိကန္ႏုိင္ငံသား တဦးလည္း ပါဝင္တယ္လို႔ တ႐ုတ္ႏုိင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး တာဝန္ရွိသူေတြက စေနေန႔က ေျပာၾကားလိုက္ပါတယ္။

--------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၀၀ ကျော်ပြီ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံ ပြည်မကြီးမှာ သေဆုံးသူ အရေအတွက်ဟာ စနေနေ့နှောင်းပိုင်းအထိ ၈၁၁ ယောက် ရှိသွားပြီဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့အစောပိုင်းက ပြောလိုက်ပါတယ်။

ဒါကြောင့် ၂၀၀၂-၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ SARS ရောဂါကြောင့် သေဆုံးတဲ့သူ အရေအတွက်ထက် ကျော်လွန်သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။

စနေနေ့ တရက်တည်းမှာတင် လူ ၈၉ ယောက် သေဆုံးခဲ့တယ်လို့ တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က ဒီနေ့မနက်ပိုင်းက ပြောပါတယ်။

SARS ရောဂါ ဖြစ်ခဲ့တုန်းကတော့ တရုတ်နိုင်ငံနဲ့ ဟောင်ကောင်မှာ ၇၇၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၈၁၀၀ လောက် ရောဂါကူးစက်ပြီး နာမကျန်းဖြစ်ခဲ့ပါတယ်။

ရောဂါ နောက်ထပ်ကူးစက်ခံရသူ ၂၆၅၆ ဦးရှိခဲ့ပြီး ဒါဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ကျဆင်းခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံမှာ ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၃၇၁၉၈ ယောက်ရှိတယ်လို့ ပြောပါတယ်။

ရောဂါကူးစက်ပြန့်ပွားတဲ့သူ အရေအတွက်က မသေချာတာကြောင့် ဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ အမြင့်ဆုံးအဆင့်ကို ကျော်လွန်သွားပြီလားဆိုတာ ပြောဖို့ စောလွန်းသေးတယ်လို့ မစ်ချီဂန်တက္ကသိုလ်က အများပြည်သူကျန်းမာရေးဌာန ပါမောက္ခ Joseph Eisenberg က ပြောပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ နောက်ထပ်သေဆုံးတဲ့အထဲ အမေရိကန်နိုင်ငံသား တဦးလည်း ပါဝင်တယ်လို့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိသူတွေက စနေနေ့က ပြောကြားလိုက်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG