သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစောင့်ကြည့်လေ့လာနေ


ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့တဲ့ဒေသတွေဆီ သွားခဲ့တာမရှိသလို၊ ကူးစက်ခံထားရသူတွေနဲ့လည်း ထိတွေ့ဆက်ဆံတာမရှိပါဘဲ ဒီဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အမေရိကန်ပြည်ထောင်စုက ပထမဆုံးလူနာနဲ့ပတ်သက်လို့ ဘယ်လို ဘယ်ပုံ ရောဂါပိုးကူးစက်သလဲ သိနိုင်ဖို့ အမေရိကန် တာဝန်ရှိသူတွေ စမ်းသပ် လေ့လာနေကြပါတယ်။ ဒီအတောအတွင်း အီတလီနိုင်ငံကို သွားခဲ့သူတွေနဲ့ဆက်စပ်ပြီး ဥရောပနိုင်ငံတချို့မှာ ကူးစက်ခံရသူတွေ တိုးလာတာအပါအ၀င် ကမ္ဘာတ၀ှမ်း ကူးစက်မှုတွေ ပိုများလာနေတာပါ။ လက်တင် အမေရိကားမှာ ပထမဆုံး ကူးစက်ခံရသူ တဦးရှိလာသလို၊ အီရန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာ ကူးစက်မှုနှုန်း သိသိသာသာ တိုးလာနေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Mariama Diallo ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

XS
SM
MD
LG