သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus အတွက်ဆေး စမ်းသပ်မှု မျှော်လင့်ချက်ရှိနိုင်


အီဘိုလာ ရောဂါ ကုသရာမှာ အသုံးပြုတဲ့ဆေးတမျိုးက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါကို ကုသနိုင်မလားဆိုတာကို တရုတ် အစိုးရနဲ့ ပူးပေါင်းပြီး စမ်းသပ်စစ်ဆေးနေတယ်လို့ အမေရိကန်နိုင်ငံက ဇီဝနည်းပညာဆိုင်ရာ Gilead Sciences က ပြောပါတယ်။ မေလမှာ အဖြေ သိရဖို့ မျှော်လင့်ထားတယ်လို့လည်း အဲဒီ ကုမ္ပဏီက ပြောပါတယ်။

အီဘိုလာရောဂါနဲ့ တခြား ရောဂါ တမျိုး ကုသရေး အတွက် remdesivir (ရမ်ဒဲစိဗိယာ) ဆေးကို တီထွင် ထုတ်လုပ်ခဲ့တဲ့ Gilead Sciences ကုမ္ပဏီအနေနဲ့ စမ်းသပ်ဆေးကုခန်း ၂ ခန်းမှာ ကူးစက်လူနာတွေကို စတင် စမ်းသပ် ကုသနေပြီလို့ ဗွီအိုအေကို ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကုသရေး အလားအလာရှိတဲ့ ဆေးအဖြစ် ဒီ remdesivir (ရမ်ဒဲစိဗိယာ) ဆေးကို လူနာတွေ အန္တရာယ် ကင်း-မကင်းနဲ့ ထိရောက်မှုရှိ-မရှိ သိရှိရဖို့ စမ်းသပ်နေတာလည်း ဖြစ်ပါတယ်။

အခုလို ဆေး စမ်းသပ်နေတာကို တရုတ်နိုင်ငံပိုင် သတင်းဌာနတွေနဲ့ သတင်းစာ မျက်နှာဖုံးမှာ အကျယ်တဝင့် ကြိုဆိုရေးသား ဖော်ပြကြပါတယ်။

စိတ်အားထက်သန် နေတဲ့ တရုတ်နိုင်ငံသား တချို့က စကားသံ ၄ ရပ် ပါဝင် remdesivir ကို တရုတ်စကားနဲ့ renmin-de-xi-wang ပြည်သူတွေရဲ့ မျှော်လင့်ချက်လို့ အဓိပ္ပါယ်ရတဲ့ စကားလုံးရပ်နဲ့ တင်စား ပြောဆိုနေကြပါတယ်။

သိပ္ပံနည်းအရလည်း ဒီ ဆေးဟာမျှော်လင့်ချက် ရှိနေတာပါ။ ဇန်နဝါရီလ အတွင်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါသည် အမေရိကန်တဦး အပါအဝင် ဒီဆေးကြောင့် ၂၄ နာရီအတွင်း မြန်မြန်ဆန်ဆန် နာလံထ သက်သာသွားတာတွေ ရှိခဲ့ပါတယ်။ ဒီ remdesivir ဆေးနဲ့ မကုသခင် မှာ အဲဒီ အမေရိကန်လူနာရဲ့ အခြေအနေဟာ အတော် ဆိုးရွားလာနေခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG