(Zawgyi/Unicode)
ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏုိင္ငံမွာ ေသဆုံးသူ ၁၉၀၀ နီးပါးရွိေနခ်ိန္မွာပဲ ကူးစက္ခံထားရသူ ၇၂၀၀၀ ေက်ာ္သြားၿပီလို႔ တရုတ္က်န္းမာေရးတာ၀န္ရွိသူေတြက အဂၤါေန႔မွာ အတည္ျပဳပါတယ္။ ဒီကေန႔ ထုတ္ျပန္လို္က္တဲ့ေနာက္ဆုံးစာရင္း ထဲမွာေတာ့ ေရာဂါကူးစက္ခံထားရတဲ့လူနာသစ္က ၁၈၈၆ ဦး နဲ႔ ေသဆုံးသူ ၉၈ ဦးလည္း ပါ၀င္ပါတယ္။
ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မႈျပန္႔ႏွံ ႔မႈေၾကာင့္ တရုတ္က်န္းမာေရးစနစ္အေပၚ အမဲစက္ထင္ေစခဲ့သလို ေရာဂါျပန္႔ႏွံ႔မႈကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ ေဒသတခ်ိဳ ႔ကိုလည္း တရုတ္တာ၀န္ရွိသူေတြက အ၀င္အထြက္ပိတ္ထားခဲ့တာပါ။
ေရာဂါေၾကာင့္ အဂၤါေန႔က ေသဆုံးခဲ့သူေတြထဲမွာ ကို႐ိ္ုနာဗုိင္းရပ္စ္ အဓီက ကူးစက္ျပန္႔ႏွံ႔ခဲ့တဲ့ ဟူေဘးျပည္နယ္၊ ၀ူဟန္ၿမိဳ႕ ၀ူခ်န္းေဆး႐ုံညႊန္ၾကားေရးမႈး Liu Zhiming လည္းပါ၀င္တယ္လို႔ ႏုိင္ငံပိုင္႐ုပ္သံသတင္းဌာနက ေၾကညာခဲ့ပါတယ္။
တ႐ုတ္အစိုးရက ထုတ္ျပန္တဲ့ လတ္တေလာ ကိန္းဂဏန္းေတြအရ ေရာဂါကူးစက္မႈ က်ဆင္းသြားေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔ခ်ဳပ္ (WHO) အႀကီးအကဲ Tedros Adhanom Ghebreyesus က တနလၤာေန႔မွာ ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း အျခားေဒသေတြကိုပါ ေရာဂါကူးစက္ေနတာေၾကာင့္ အေျခအေနေတြ ေျပာင္းလဲသြားတာမ်ိဳးျဖစ္လာႏုိင္သလို ေရာဂါကူးစက္မႈ က်ဆင္းသြားၿပီလို႔ ေျပာဖို႔ အခ်ိန္ေစာလြန္းေသးတယ္လို႔လည္း ေျပာဆိုခဲ့တာပါ။
ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈဟာ သိပ္ကိုျပင္းထန္ၿပီး ထပ္ကူး ႏုိင္တဲ့အေနအထားရွိေနေပမယ့္ ဟူေဘးျပည္နယ္မွာေတာ့ အေတာ့္ကို ထိန္းခ်ဳပ္ထားႏုိင္ၿပီလို႔လည္း ေဒါက္တာ Tedros ကေျပာဆိုခဲ့ပါတယ္။ ေရာဂါကူးစက္ခံထားရတဲ့လူနာ ၈၀ % ျပန္ၿပီးက်န္းမာလာတယ္လို႔လည္း သူကေျပာပါတယ္။
.......................
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၉၀၀ နီးပါးရှိပြီ
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၁၉၀၀ နီးပါးရှိနေချိန်မှာပဲ ကူးစက်ခံထားရသူ ၇၂၀၀၀ ကျော်သွားပြီလို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက အင်္ဂါနေ့မှာ အတည်ပြုပါတယ်။ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့နောက်ဆုံးစာရင်း ထဲမှာတော့ ရောဂါကူးစက်ခံထားရတဲ့လူနာသစ်က ၁၈၈၆ ဦး နဲ့ သေဆုံးသူ ၉၈ ဦးလည်း ပါဝင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပြန့်နှံ့မှုကြောင့် တရုတ်ကျန်းမာရေးစနစ်အပေါ် အမဲစက်ထင်စေခဲ့သလို ရောဂါပြန့်နှံ့မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒေသတချို့ကိုလည်း တရုတ်တာဝန်ရှိသူတွေက အဝင်အထွက်ပိတ်ထားခဲ့တာပါ။
ရောဂါကြောင့် အင်္ဂါနေ့က သေဆုံးခဲ့သူတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် အဓီက ကူးစက်ပြန့်နှံ့ခဲ့တဲ့ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ ဝူချန်းဆေးရုံညွှန်ကြားရေးမှုး Liu Zhiming လည်းပါဝင်တယ်လို့ နိုင်ငံပိုင်ရုပ်သံသတင်းဌာနက ကြေညာခဲ့ပါတယ်။
တရုတ်အစိုးရက ထုတ်ပြန်တဲ့ လတ်တလော ကိန်းဂဏန်းတွေအရ ရောဂါကူးစက်မှု ကျဆင်းသွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အခြားဒေသတွေကိုပါ ရောဂါကူးစက်နေတာကြောင့် အခြေအနေတွေ ပြောင်းလဲသွားတာမျိုးဖြစ်လာနိုင်သလို ရောဂါကူးစက်မှု ကျဆင်းသွားပြီလို့ ပြောဖို့ အချိန်စောလွန်းသေးတယ်လို့လည်း ပြောဆိုခဲ့တာပါ။