သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ကူးစက္ခံရသူ ၈၀% ျပန္လည္က်န္းမာ


(Zawgyi/Unicode)

တရုတ္ႏုိင္ငံက ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၄၄,၀၀၀ ေက်ာ္ရဲ႕ အခ်က္အလက္ေတြကို ထုတ္ျပန္လိုက္ပါတယ္။ ဒီကိန္းဂဏန္း အခ်က္အလက္ေတြ အရ ကိုရိုနာဗိုင္းရပ္စ္ အသစ္ ကူးစက္ခံရမႈ အေရအတြက္ ေလ်ာ့က်လာေနတဲ႔ အေနအထား ျဖစ္ပါတယ္။

ကမၻာ့က်န္းမာေရး အဖြဲ႔ႀကီး WHO အႀကီးအကဲ Tedros Adhanom ကေတာ့ ဒီအေျခအေနကို အထူးသတိထားဖို႔ လိုေၾကာင္း၊ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႔ႏွံ႔မႈက တျခား ေဒသသစ္ တခုမွာ ျဖစ္လာတာမ်ိဳး ကူးစက္ပ်ံ႔ႏွံ႔မႈ အလားအလာက ေျပာင္းလဲသြားႏုိင္ေၾကာင္း ေျပာဆိုထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ေသဆံုးသူ ၁၈၀၀ ထိတိုးလာတဲ့သတင္း ကို ဖတ္ရႈႏိုင္ပါၿပီ။

တရုတ္ႏုိင္ငံတြင္းမွာ ဗိုင္းရပ္စ္ ကူးစက္ခံရသူေတြရဲ႕ ၉၄ ရာခုိင္ႏႈန္းက ဟူးေဘ ျပည္နယ္မွာ ျဖစ္ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႔ႏွံ႔မႈ ေႏွးေကြးေလ်ာ့နည္းလာၿပီလားဆိုတာကို ေျပာဖို႔ ေစာေနေသးေၾကာင္း၊ ဒါေပမယ့္လည္း Covid -19 ဗိုင္းရပ္ ကူးစက္ခံရသူ အမ်ားစုကေတာ့ အသက္ဆံုးရံႈးမႈအထိ မျဖစ္ႏုိင္ဘူးဆိုတာကို တရုတ္ရဲ႕ အခ်က္အလက္ေတြက ျပသေနေၾကာင္း ေျပာဆိုခဲ႔ပါတယ္။

"လူနာ ၈၀ ရာခိုင္ႏႈန္းေက်ာ္က ေရာဂါ သိပ္မျပင္းထန္ဘဲ ျပန္လည္ က်န္းမာလာေၾကာင္း၊ ၁၄ ရာခုိင္ႏႈန္းကေတာ့ ဗိုင္းရပ္ ကူးစက္ခံရမႈေၾကာင့္ ႏ်ဴမိုးနီးယား အဆုတ္ေယာင္နဲ႔ အသက္ရႈလမ္းေၾကာင္း ဆိုင္ရာ ျပသနာေတြ အပါအ၀င္ ေရာဂါ ျပင္းထန္ေၾကာင္း၊ လူနာ ၅ ရာခိုင္ႏႈန္းေလာက္ကေတာ့ အသက္အႏၱရာယ္ စိုးရိမ္ရတဲ႔ အေနအထားထိ ျဖစ္တယ္လို႔ WHO အႀကီးအကဲက ေျပာဆိုသြားပါတယ္။"

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြရဲ႕ ၂ ရာခိုင္ႏႈန္းေလာက္ အေသအေပ်ာက္ရွီၿပီး အမ်ားဆံုး အႏၱရာယ္ ရွိသူေတြကေတာ့ မူရင္း က်န္းမာေရး မေကာင္းတဲ႔ လူႀကီးပိုင္းေတြ ျဖစ္တယ္လုိ႔လည္း WHO အႀကီးအကဲ Tedros က ေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ အရင္းအျမစ္ကို ေဖာ္ထုတ္ႏုိင္ေရး အတြက္ တရုတ္ ကြ်မ္းက်င္သူေတြနဲ႔ အတူ ႏုိင္ငံတကာ ကြ်မ္းက်င္သူ ၁၂ ဦးပါ အဖြဲ႔က တရုတ္ႏုိင္ငံတြင္းမွာ လုပ္ငန္းေတြ ေဆာင္ရြက္ေနၿပီး ဒီဗိုင္းရပ္စ္ စတင္ေပၚေပါက္ခဲ႔ရတဲ႔ အရင္းအျမစ္ကို ပိုၿပီး သိရွိႏုိင္ေအာင္ ေဆာင္ရြက္ေနၾကတယ္လို႔လည္း WHO အႀကီးအကဲက ေျပာပါတယ္။

Coronavirus ကူးစက္ခံရသူ ၈၀% ျပန္လည္က်န္းမာ
please wait

No media source currently available

0:00 0:01:37 0:00
တိုက္႐ိုက္ လင့္ခ္


.....................

Coronavirus ကူးစက်ခံရသူ ၈၀% ပြန်လည်ကျန်းမာ

(Unicode)

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၄၄,၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို ထုတ်ပြန်လိုက်ပါတယ်။ ဒီကိန်းဂဏန်း အချက်အလက်တွေ အရ ကိုရိုနာဗိုင်းရပ်စ် အသစ် ကူးစက်ခံရမှု အရေအတွက် လျော့ကျလာနေတဲ့ အနေအထား ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO အကြီးအကဲ Tedros Adhanom ကတော့ ဒီအခြေအနေကို အထူးသတိထားဖို့ လိုကြောင်း၊ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုက တခြား ဒေသသစ် တခုမှာ ဖြစ်လာတာမျိုး ကူးစက်ပျံ့နှံ့မှု အလားအလာက ပြောင်းလဲသွားနိုင်ကြောင်း ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံတွင်းမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေရဲ့ ၉၄ ရာခိုင်နှုန်းက ဟူးဘေ ပြည်နယ်မှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နှေးကွေးလျော့နည်းလာပြီလားဆိုတာကို ပြောဖို့ စောနေသေးကြောင်း၊ ဒါပေမယ့်လည်း Covid -19 ဗိုင်းရပ် ကူးစက်ခံရသူ အများစုကတော့ အသက်ဆုံးရှုံးမှုအထိ မဖြစ်နိုင်ဘူးဆိုတာကို တရုတ်ရဲ့ အချက်အလက်တွေက ပြသနေကြောင်း ပြောဆိုခဲ့ပါတယ်။

"လူနာ ၈၀ ရာခိုင်နှုန်းကျော်က ရောဂါ သိပ်မပြင်းထန်ဘဲ ပြန်လည် ကျန်းမာလာကြောင်း၊ ၁၄ ရာခိုင်နှုန်းကတော့ ဗိုင်းရပ် ကူးစက်ခံရမှုကြောင့် နျူမိုးနီးယား အဆုတ်ယောင်နဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ပြသနာတွေ အပါအဝင် ရောဂါ ပြင်းထန်ကြောင်း၊ လူနာ ၅ ရာခိုင်နှုန်းလောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားထိ ဖြစ်တယ်လို့ WHO အကြီးအကဲက ပြောဆိုသွားပါတယ်။"

ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသူ ၁၈၀၀ ထိတိုးလာတဲ့သတင်း ကို ဖတ်ရှုနိုင်ပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရဲ့ ၂ ရာခိုင်နှုန်းလောက် အသေအပျောက်ရှီပြီး အများဆုံး အန္တရာယ် ရှိသူတွေကတော့ မူရင်း ကျန်းမာရေး မကောင်းတဲ့ လူကြီးပိုင်းတွေ ဖြစ်တယ်လို့လည်း WHO အကြီးအကဲ Tedros က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အရင်းအမြစ်ကို ဖော်ထုတ်နိုင်ရေး အတွက် တရုတ် ကျွမ်းကျင်သူတွေနဲ့ အတူ နိုင်ငံတကာ ကျွမ်းကျင်သူ ၁၂ ဦးပါ အဖွဲ့က တရုတ်နိုင်ငံတွင်းမှာ လုပ်ငန်းတွေ ဆောင်ရွက်နေပြီး ဒီဗိုင်းရပ်စ် စတင်ပေါ်ပေါက်ခဲ့ရတဲ့ အရင်းအမြစ်ကို ပိုပြီး သိရှိနိုင်အောင် ဆောင်ရွက်နေကြတယ်လို့လည်း WHO အကြီးအကဲက ပြောပါတယ်။

XS
SM
MD
LG