သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၉၀၀ ေက်ာ္ၿပီ


(Zawgyi/Unicode)

Coronavirus ပိုးကူးေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ ေသဆုံးသူ ၉၀၀ ေက်ာ္သြားပါၿပီ။ ပိုးကူးစက္ေနသူကလည္း ၄ ေသာင္းေက်ာ္သြားၿပီလို႔ တ႐ုတ္က်န္းမာေရးေကာ္မရွင္ ေျပာခြင့္ရ Mi Feng က ဒီကေန႔ ေျပာၾကားခဲ့ပါတယ္။

"ဒီကေန႔အထိ စုစုေပါင္းေသဆံုးသူ ၉၀၈ ေယာက္၊ ေရာဂါပိုး ကူးစက္သူ ၄၀၁၇၁ ေယာက္ ႐ွိသြားၿပီ" လို႔ တ႐ုတ္က်န္းမာေရးေကာ္မ႐ွင္ေျပာခြင့္ရသူ Mi Feng ကသတင္းစာ႐ွင္းပြဲမွာ ေျပာၾကားသြားတာပါ။

Coronavirus စတင္သတိေပးတဲ႔ တ႐ုတ္ဆရာ၀န္ ကြယ္လြန္ သတင္း ဖတ္႐ႈႏုိင္ပါတယ္။

Coronavirus ပိုးကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ တ႐ုတ္ႏွစ္သစ္ကူး ႐ံုးပိတ္ရက္ေတြကို ထပ္တိုးပိတ္ထားခဲ့တာ အဆံုးသတ္သြားၿပီမို႔ ဒီကေန႔မွာေတာ့ ႐ွန္ဟိုင္းၿမိဳ႕ေတာ္မွာ အလုပ္ခြင္ေတြ ျပန္ဝင္ေနၾကပါတယ္။

ဂ်ပန္ႏိုင္ငံ Yokohama ဆိပ္ကမ္းမွာ သီးျခားခြဲ ေစာင့္ၾကည့္ခံေနရတဲ့ ဇိမ္ခံ အေပ်ာ္စီးသေဘၤာႀကီးေပၚမွာ ပိုးကူးစက္သူ ေနာက္ထပ္ ၆၀ ေတြ႔႐ွိတယ္လို႔ ဂ်ပန္တာဝန္႐ွိသူေတြက ဒီကေန႔ ေျပာၾကားတဲ့အတြက္ သေဘၤာေပၚမွာ Coronavirus ပုိးကူးေနသူ ၁၃၀ ႐ွိသြားပါၿပီ။

ကို႐ိုနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈတားဆီးေရး ကၽြမ္းက်င္သူေတြရဲ႕ အျမင္ ႐ုပ္သံသတင္းကုိ ၾကည့္႐ႈနားဆင္ႏုိင္ပါတယ္။

Diamond Princess သေဘၤာႀကီးေပၚပါလာတဲ့ ခရီးသည္နဲ႔သေဘၤာအမႈထမ္း ၃၇၀၀ ေက်ာ္ကို ကမ္းဆင္းခြင့္ မျပဳခင္ အားလံုးကို ေရာဂါပိုး ႐ွိ မ႐ွိစစ္ေဆးဖို႔ အရင္စစ္ေဆးဖုိ႔ စဥ္းစားေနတယ္လို႔ ဂ်ပန္က်န္းမာေရးဝန္ႀကီးက သတင္းေထာက္ေတြကို ဒီကေန႔အေစာပိုင္းက ေျပာၾကားခဲ့ပါတယ္။

တခ်ိန္ထဲမွာပဲ ၿဗိတိန္ႏိုင္ငံမွာ ေနာက္ထပ္ ၄ ေယာက္ပိုးကူးစက္တာေတြ႔တယ္လို႔ အတည္ျပဳတာေၾကာင့္ စုစုေပါင္းကူးစက္ေနသူ ၿဗိတိန္မွာ ၈ ေယာက္႐ွိသြားပါၿပီ။ ဒီ Virus ပိုးဟာ ျပည္သူ႔က်န္းမာေရးအတြက္ အေလးထားစရာ ျဖစ္လာႏိုင္တဲ့ အႏၱရာယ္တခုျဖစ္တယ္လို႔ က်န္းမာေရးဌာက ေျပာပါတယ္။ ဒါေပမဲ့ လက္႐ွိ ၿဗိတိန္တႏိုင္ငံလံုးကူးစက္ႏိုင္ေျခကေတာ့ အသင့္အတင့္ပဲ႐ွိေသးတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀၀ ကျော်ပြီ

(Unicode)

Coronavirus ပိုးကူးကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၉၀၀ ကျော်သွားပါပြီ။ ပိုးကူးစက်နေသူကလည်း ၄ သောင်းကျော်သွားပြီလို့ တရုတ်ကျန်းမာရေးကော်မရှင် ပြောခွင့်ရ Mi Feng က ဒီကနေ့ ပြောကြားခဲ့ပါတယ်။

"ဒီကနေ့အထိ စုစုပေါင်းသေဆုံးသူ ၉၀၈ ယောက်၊ ရောဂါပိုး ကူးစက်သူ ၄၀၁၇၁ ယောက် ရှိသွားပြီ" လို့ တရုတ်ကျန်းမာရေးကော်မရှင်ပြောခွင့်ရသူ Mi Feng ကသတင်းစာရှင်းပွဲမှာ ပြောကြားသွားတာပါ။

Coronavirus ပိုးကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်တွေကို ထပ်တိုးပိတ်ထားခဲ့တာ အဆုံးသတ်သွားပြီမို့ ဒီကနေ့မှာတော့ ရှန်ဟိုင်းမြို့တော်မှာ အလုပ်ခွင်တွေ ပြန်ဝင်နေကြပါတယ်။

ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှာ သီးခြားခွဲ စောင့်ကြည့်ခံနေရတဲ့ ဇိမ်ခံ အပျော်စီးသင်္ဘောကြီးပေါ်မှာ ပိုးကူးစက်သူ နောက်ထပ် ၆၀ တွေ့ရှိတယ်လို့ ဂျပန်တာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားတဲ့အတွက် သင်္ဘောပေါ်မှာ Coronavirus ပိုးကူးနေသူ ၁၃၀ ရှိသွားပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရေး ကျွမ်းကျင်သူတွေရဲ့ အမြင် ရုပ်သံသတင်းကို ကြည့်ရှုနားဆင်နိုင်ပါတယ်။

Diamond Princess သင်္ဘောကြီးပေါ်ပါလာတဲ့ ခရီးသည်နဲ့သင်္ဘောအမှုထမ်း ၃၇၀၀ ကျော်ကို ကမ်းဆင်းခွင့် မပြုခင် အားလုံးကို ရောဂါပိုး ရှိ မရှိစစ်ဆေးဖို့ အရင်စစ်ဆေးဖို့ စဉ်းစားနေတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးက သတင်းထောက်တွေကို ဒီကနေ့အစောပိုင်းက ပြောကြားခဲ့ပါတယ်။

Coronavirus စတင်သတိပေးတဲ့ တရုတ်ဆရာဝန် ကွယ်လွန် သတင်း ဖတ်ရှုနိုင်ပါတယ်။

တချိန်ထဲမှာပဲ ဗြိတိန်နိုင်ငံမှာ နောက်ထပ် ၄ ယောက်ပိုးကူးစက်တာတွေ့တယ်လို့ အတည်ပြုတာကြောင့် စုစုပေါင်းကူးစက်နေသူ ဗြိတိန်မှာ ၈ ယောက်ရှိသွားပါပြီ။ ဒီ Virus ပိုးဟာ ပြည်သူ့ကျန်းမာရေးအတွက် အလေးထားစရာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တခုဖြစ်တယ်လို့ ကျန်းမာရေးဌာက ပြောပါတယ်။ ဒါပေမဲ့ လက်ရှိ ဗြိတိန်တနိုင်ငံလုံးကူးစက်နိုင်ခြေကတော့ အသင့်အတင့်ပဲရှိသေးတယ်လို့ ပြောပါတယ်။

XS
SM
MD
LG