သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝူဟန်ဗိုင်းရပ် လူကို ဘယ်လိုကူးလဲ


ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ အကြောင်း သုတေသနလုပ်နေတဲ့ ဒေါက်တာအောင်သန်းတိုး
ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ အကြောင်း သုတေသနလုပ်နေတဲ့ ဒေါက်တာအောင်သန်းတိုး
















==ZawGyi===

Corona ဗိုင်းရပ်ပိုး အန္တရာယ်အတိုင်းအတာကို သိနိုင်ဖို့ သဘာဝတောရိုင်းတိရိစ္ဆာန်တွေဆီကနေ လူတွေကို ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ အကြောင်း သုတေသနလုပ်နေတဲ့ ဒေါက်တာအောင်သန်းတိုးကို ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ အခုဆိုရင် မြန်မာနိုင်ငံမှာ အားလုံးစိုးရိမ်နေတာက ဝူဟန်ကစတဲ့ ကိုရိုနာဗိုင်းရပ်ရောဂါပိုး ပျံ့နံှ့တဲ့ကိစ္စက မြန်မာနိုင်ငံကလည်း တော်တော်လေးစိုးရိမ်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စတင်ခဲ့တာ တရုတ်နိုင်ငံကဖြစ်ပြီး အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ ဒီမှာလဲ သံသယရှိတဲ့ လူနာတွေလည်း တွေ့ထားတယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီးတော့ ဒီဗိုင်းရပ်နဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြောပြပေးပါ။ သဘာဝတောရိုင်းတိရစ္ဆာန်တွေကနေ လူတွေကို ကူးစက်နိုင်တဲ့ ရောဂါပိုးအကြောင်း နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ တောရိုင်းတိရစ္ဆာန်တွေမှာလည်း သူတို့ဘာသာသူတို့ ဖြစ်နေတဲ့ ရောဂါတွေ ရှိတယ်။ သူတို့တွေက ကျနော်တို့လူတွေရှိတဲ့ နေရာတွေရောက်လာတယ်။ ကျနော်တို့လူတွေကလည်း လူဦးရေတိုးလာတာနဲ့အမျှ လယ်ယာတွေချဲ့ထွင်တယ်။ သူတို့တွေကို သွားဖမ်းတာတွေရှိတယ်။ အဲဒီအခါကြရင် ဘယ်လိုဖြစ်လာသလဲဆိုတော့ အခုဝူဟန်ကိစ္စမှာ ဘယ်လိုဖြစ်သလဲဆိုတော့ ကျနော် ဖတ်မိရသလောက်ဆိုရင် Seafood ဆိုင်တဆိုင်မှာ တောရိုင်းတိရစ္ဆာန်တွေလည်း ရောင်းတယ်။ အဲဒီကနေတဆင့် ဖြစ်တယ်လို့ ပြောကြတယ်။ အဲဒီတောရိုင်းတိရစ္ဆာန်တွေမှာမှ လူတွေကို ရောဂါကူးစက်နိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေက နို့တိုက်သတ္တဝါ mammal တွေ ဖြစ်တယ်။ mammal တွေဆိုတော့ ကျနော်တို့နဲ့ Biology နည်းနည်းဆင်တဲ့သဘောတွေ ရှိတယ်။ အဲဒီအချိန်မှာ
ဥပမာ လင်းနို့ ဆိုပါစို့။ လင်းနို့ဆိုရင် တောရိုင်းတိရစ္ဆာန်။ လင်းနို့မှာ ကျနော်တို့ Wildlife Project မှာဆိုရင် လင်းနို့မှာ ဗိုင်းရပ်မျိုးစုံ ကိန်းအောင်နေတတ်တယ်။ ရောဂါဗိုင်းရပ်တွေ ကိန်းအောင်နေတဲ့ လင်းနို့ကို ဖမ်းဆီးပြီးတော့ တခြားကျနော်တို့ ပုံမှန်စားနေကြ ကြက်တွေ၊ ဝက်တွေနဲ့ အနီးကပ်ထားတဲ့အချိန်မှာ ဘယ်လိုဖြစ်နိုင်သလဲဆိုရင် နှစ်မျိုးရှိတယ်။
ကျနော်တို့ စားမိတဲ့အခါလဲ ရောဂါဖြစ်လာနိုင်သလို၊ကျနော်တို့ လင်းနို့ကို တိုက်ရိုက်စားတဲ့အချိန်မှာလဲ ရောဂါတွေ ကူးလာနိုင်တယ်။

မေး ။ ။ ဆိုတော့ ဗိုင်းရပ် (virus) နဲ့ ဘတ်တီးရီးယား (bacteria) နှစ်မျိုးဟာ ကွဲပြားပါတယ်။ အဲဒီတော့ ဗိုင်းရပ် နဲ့ ဘတ်တီးရီးယားအကြောင်း နည်းနည်းလေး ရှင်းပြပေးပါ။ ဆေးပညာအရ ဘယ်ဟာက ပိုအန္တရာယ် ရှိတယ်ဆိုတာကို နည်းနည်းရှင်းပြပေးပါ။
ဖြေ ။ ။ ဘတ်တီးရီးယားဆိုတဲ့အကောင်က အကောင်ဆိုဒ်ကနေ စပြောလို့ရတယ်။ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်မှာဆိုရင် ဗိုင်းရပ်ဆိုရင် electron microscope နဲ့ ကြည့်မှရတဲ့ဟာ။ ကြည့်လို့ရတဲ့ဟာတွေ ရှိသလို၊ မရတဲ့ဟာတွေကလည်း ပိုများတယ်။ ဘတ်တီးရီးယားကြတော့ microscope အောက်မှာ ကြည့်လို့ရတယ်။ ဘတ်တီးရီးယားတွေကိုတော့ ပုံမှန်ဆေးဆိုင်တွေမှာ ရောင်းနေတဲ့ antibiotic အနုဇီဝဆေးတွေနဲ့ ကုသလို့ရတယ်။ ဗိုင်းရပ်ကြတော့ ကုသလို့မရတာများတယ်။ ဥပမာ မိုးတွင်း၊ မိုးကူးကာလတွေဆိုရင် ရာသီတုပ်ကွေး ဖြစ်တဲ့အချိန်ကြရင် ကျနော်တို့ကို ဘယ်ဆရာဝန်တွေ၊ ဘယ်ဆေးပေးသလဲဆိုတော့ ကျနော်တို့ ပါရာစီတမော့လောက်ပဲ ပေးကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက ရောဂါကို ကုတာမဟုတ်ဘဲနဲ့ ရောဂါ symptom တခုဖြစ်တဲ့ ကိုယ်အပူချိန်မြင့်တာကိုပဲ ပေးကြတာ။ ကိုယ်ခံအားနဲ့ပဲ တိုက်ထုတ်ရတာများတယ်။
မေး ။ ။ Coronavirus က အခု တရုတ်ပြည်ကနေ မြန်မာနိုင်ငံမှာလဲ သံသယလူနာတွေ တွေ့လာရပြီ။ ဆိုတော့ ဒီလိုမျိုး ပြန့်ပွားနေတာတွေကို အန္တရာယ်အတိုင်းအတာ ဘယ်လောက်ရှိလဲဆိုတာကို ပြောပြပေးပါ။

ဖြေ ။ ။ အခုလောလောဆယ်တော့ mode of transmission ကူးစက်ပျံ့နှံ့မှုက တရုတ်ပြည်ကလာတဲ့လူ၊ ဒါမှမဟုတ် တရုတ်ပြည် သွားဖူးတဲ့လူတွေဆီက အဓိကကူးနေတာ။ နောက်ပိုင်းမှသာ စင်္ကာပူမှာဆိုရင် ပြန်လာတဲ့လူကနေတဆင့် ပြန်ကူးတာတွေ စဖြစ်လာတယ်။ အဓိကတော့ ကျနော်တို့အနေနဲ့ ဒီမှာလဲ အဲဒီလိုဖြစ်လာနိုင်တယ်။ နိုင်ငံခြားသား အဝင်အထွက်တွေ ရှိမယ်။ နယ်စပ်တွေမှာဆိုရင်လဲ ကျနော်တို့က အိမ်နီးနားချင်း နိုင်ငံဖြစ်တဲ့အတွက် နယ်စပ်ကတဆင့် ထိတွေ့ပြီးတော့ ကူးလာနိုင်တာတွေလည်း ရှိတယ်။ အဓိက ဖျားတဲ့လူက နှားစေးမယ်၊ ချောင်းဆိုးမယ်။ ချောင်းဆိုတဲ့အခါပဲဖြစ်ဖြစ်၊ နှားစေးတဲ့အခါပဲဖြစ်ဖြစ် အမှုန်အစက်တွေ အများကြီးလေထဲ ပျံ့နံှ့သွားတယ်။ လေထဲပျံ့သွားတဲ့အခါ ကိုယ်တွေက ရှူရှိုက်မိတာ၊ ပြီးတော့ အဲဒီအမှုန်အစက်တွေက ကိုယ်တွေနေ့တဓုဝသုံးတဲ့ ပစ္စည်းတွေပေါ်ကျပြီး ကိုယ်ကထိတွေ့မိတာတွေရှိမယ်။ အဲဒီအခါကြရင် ကူးလာနိုင်မယ်။ ပြီးတော့ ဒီဗိုင်းရပ်က ကျနော်ဖတ်မိသလောက်ကတော့ အပြင်မှာ မိနစ် (၂၀ - ၃၀) လောက်ခံပြီးမှ သေဆုံးတယ်လို့ပြောတယ်။ အဓိကတော့ ဒီအမှုန်အစက်တွေ ကျတာကို ထိမိမယ်။ ကိုယ်ကရှူရှိုက်မိတယ်ဆိုရင် ကူးစက်ခံရမယ်။

အရင်တုန်းက h5n1 အကြောင်းပြောရင် သူက ကြက်ငှက်တုပ်ကွေးကနေ နောက်ပိုင်း ဘယ်လိုပြောင်းလဲသလဲဆိုရင် တဖြည်းဖြည်းနဲ့ ဒီဗိုင်းရပ်တွေက သူတို့ဆီမှာ အမြဲပြောင်းနိုင်တဲ့ သတ္တိရှိတယ်။ ဆိုတော့ ပုံစံပြောင်းသွားပြီးတော့ သူက ရာသီတုပ်ကွေးအနေနဲ့ ပြောင်းသွားတယ်။ ရာသီတုပ်ကွေးပဲဖြစ်ဖြစ် h5n1 ပဲဖြစ်ဖြစ်၊ Corona ပဲဖြစ်ဖြစ် ကျနော်တို့ ကုသဖို့ဆိုရင် ကျနော်တို့ ကိုယ်ခံအား ကောင်းနေဖို့လိုတယ်။ ကိုယ်ခံအားကောင်းဖို့ဆိုတာ ကျနော်တို့အနေနဲ့ အစာ Diet အနေနဲ့ ကြည့်ရမယ်။ အစာကောင်းကောင်းမွန်မွန် စားတာတို့၊ ဒါက ပုံမှန်လူတွေမှာ။ ကျနော်တို့အနေနဲ့ ကိုယ်ခံအား အကြောင်းအမျိုးမျိုးကြောင့် ကျနေတဲ့လူတွေ ရှိနိုင်တယ်။ ဥပမာ HIV/AIDS လူနာတွေ၊ အသက်ကြီးရင့်သူ၊ အသက်အရမ်းငယ်တဲ့လူ၊ ဒါမှမဟုတ် ကင်ဆာ ဖြစ်နေတဲ့လူ။ အဲဒီလိုမျိုး လူတွေကတော့ သူများထက်ပိုပြီးတော့ ဂရုစိုက်ရမယ်။ အဓိကတော့ သူများထက် ကိုယ်ခံအားကျနေတော့ ပုံမှန်ဆိုရင်တောင် ရောဂါတခုခု ရိုးရိုး infection ဝင်တာပဲဖြစ်ဖြစ်၊ တုပ်ကွေးဖြစ်တာပဲဖြစ်ဖြစ် အန္တရာယ်ထားပြီး ကုသနေရတဲ့အချိန်မှာ ဒီလိုရောဂါအသစ်တွေက ပိုပြီးတော့တောင် ဂရုစိုက်ရမယ်။

မေး ။ ။ ဆိုတော့ အခုလိုမျိုး တောရိုင်းတိရစ္ဆာန်တွေနဲ့ ထိတွေ့ပြီးမှ ဖြစ်တတ်တဲ့ ရောဂါတွေက တခြားဘာရောဂါတွေ ရှိပါသလဲ။ အဲဒါလဲ နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ ဘာရောဂါတွေလဲဆိုရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ Zika virus - ဇီကာဆိုရင် ခြင်ကိုက်လို့ ဖြစ်တယ်ဆိုပေမယ့် ခြင်က တောရိုင်းတိရစ္ဆာန်ကို သွားကိုက်ပြီး ဖြစ်လာဖို့များတယ်။ ဒါက Proof တော့ မဖြစ်သေးဘူး။ ဒါပေမဲ့ ဖြစ်ဖို့များတာက ခြင်ကနေ လင်းနို့တွေကို သွားကိုက်ပြီး အဲဒီခြင်တွေက လူကိုပြန်လာကိုက်တဲ့အချိန်မှာ လူတွေမှာ ဇီကာဆိုပြီး ဖြစ်လာခဲ့တယ်။ အရင်တုန်းက SAR တွေ ဘာတွေဆိုရင်လဲ တောရိုင်းတိရစ္ဆာန်ကပဲ လာဖို့များတယ်။ တောရိုင်းတိရစ္ဆာန်တွေဆိုရင် အခြားနိုင်ငံတွေမှာဆိုရင် ကုလားအုပ်ကနေ ကူးတာတို့၊ အဲဒီလိုရောဂါတွေလည်း ရှိသေးတယ်။ ဒါပေမဲ့ ကျနော်တို့ အာရှမှာတော့ ကုလားအုပ်က native မဖြစ်တဲ့အတွက် အဲဒီရောဂါကတော့ စိတ်ပူဖို့ မလိုဘူး။ အမှန်မှာ ဇီကာတို့ ဘာတို့ဆိုရင် အဲဒါအပြင် ဘာတွေရှိနိုင်သလဲဆိုရင် မွှား (tick) တို့ဘာတို့ကတဆင့် ကူးလာနိုင်တဲ့ ရောဂါတွေလည်း ရှိသေးတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ သတိထားသင့်တာ ဘယ်ဒေသတွေမှာ ဒီဟာမျိုး တောရိုင်းတိရစ္ဆာန်တွေနဲ့ ထိတွေ့ပြီးတော့ ဖြစ်လာနိုင်တဲ့ ရောဂါတွေ။ ဘယ်ဒေသတွေမှာ အထူးသတိထားဖို့ လိုပါသလဲ။

ဖြေ ။ ။ ဒေသတွေအနေနဲ့ဆိုရင် တောထူထပ်တဲ့ ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ အောက်ဘက်မှာဆိုရင် တနင်္သာရီရိုးမ - ငှက်ဖျားရောဂါ ဖြစ်တဲ့ဒေသတွေမှာဆို သတိထားရမယ်။ ငှက်ဖျားဖြစ်တဲ့ဒေသဆိုတာ တောအုပ်ထူထပ်တဲ့ နေရာတွေမှာပဲ တောရိုင်းတိရစ္ဆာန်တွေ များမယ်။ အဲဒီလို တောရိုင်းတိရစ္ဆာန်တွေနဲ့ အထိအတွေ့များတဲ့ နေရာတွေကတော့ ပိုပြီးဂရုစိုက်သင့်တယ်။ ဥပမာ မြောက်ဘက်မှာဆိုရင်လဲ ကချင်၊ ချင်းပြည်နယ်ဘက်မှာလဲ တောထူတာတွေ ရှိတယ်။

မေး ။ ။ ဒီတိရစ္ဆာန်တွေကနေတဆင့် ရောဂါပိုးတွေ သယ်လာနိုင်တယ်ဆိုတာ မြန်မာနိုင်ငံမှာ ဒီလိုမျိုး တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်နေတာတွေကို ဘယ်လိုမျိုး လုပ်သင့်တယ် ထင်ပါသလဲ။

ဖြေ ။ ။ တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်တာတွေကတော့ ကျနော်တို့ဆီမှာ နည်းနည်း ဥပဒေတော့ ရှိပြီသားပါ။ ဥပဒေပြဌာန်းထားတာ အသစ်ဆိုရင် ၂၀၁၈ တုန်းကမှ ဥပဒေအသစ်တွေ - တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုတွေကို ဟန့်တားတဲ့ ဥပဒေတွေ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာ လူအင်အား မလုံလောက်ပါဘူး။ မလုံလောက်တော့ ဒီဟာတွေကို သေချာတင်းကြပ် Enforce လုပ်ဖို့ နည်းနည်းခက်ခဲမယ်။ တောရိုင်းတိရစ္ဆာန်ဆိုတာ ကျနော်တို့ ကူးလာနိုင်တဲ့ အကောင်တွေမှ မဟုတ်ပါဘူး၊ ဆင်တို့ဘာတို့ဆိုလဲ တောရိုင်းတိရစ္ဆာန်၊ ကျနော်တို့ သတင်းတွေမှာ အမြဲတမ်း ဖတ်နေရတယ်။ ဆင်ကိုသတ်ပြီးတော့ အစွယ်တွေကို ရောင်းတာတွေ ရှိတယ်။ တခြားဘာရှိသလဲဆိုရင် သင်းခွေချပ်တွေလည်း ရောင်းတာတွေ အများကြီးရှိတယ်။ သင်းခွေချပ်ဆိုရင် အခုဆိုရင် endangered species ရှားပါးတိရစ္ဆာန်စာရင်းထဲ ဝင်သွားပြီ။ အာရှဘက်မှာ ဘယ်လောက်တောင် ရောင်းနေသလဲဆိုရင် - ရန်ကုန်မြို့ထွက်နားမှာဆိုရင်လဲ စားသောက်ဆိုင်တွေ ဖွင့်ပြီးတော့ တောရိုင်းတိရစ္ဆာန်တွေကို ချက်ပြုပ်ရောင်းချတာတွေလည်း ရှိသလို၊ နိုင်ငံခြား တင်ပို့ရောင်းချဖို့ တာချီလိတ်ဘက်က ထွက်နေတာတွေ ရှိသလို၊ တရုတ်ပြည်သွားတာတွေလည်း ရှိတယ်။ အဲဒါတွေကတော့ လူတွေကို အသိပညာပေး လုပ်နိုင်မှပဲရမယ်။ ပညာအများကြီးပေးမှပဲ ရမယ်။ တချို့ကြတော့ ကျနော်တို့ တွေ့ဖူးပါတယ်။ တောမျက်ထဲမှာ အလုပ်လုပ်ကြတယ်။ အလုပ်လုပ်တဲ့အခါမှာ သူတို့အတွက် ကျနော်တို့ ပုံမှန်စားသောက်နေကြ ကြက်၊ ဝက်၊ ငါးဆိုတာ သိပ်အဆင်မပြေဘူး။ အဆင်မပြေတဲ့အချိန်မှာ သူတို့ကိုယ်တိုင်က တောကောင် လိုက်မှရမယ့် အခြေအနေရှိတယ်။ အဲဒီအခါကြရင် သူတို့တွေကို ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ မေးခွန်းကြီးတခုပါပဲ။

မေး ။ ။ အခု ဝူဟန်ကနေစတဲ့ Coronavirus ရောဂါပိုး ကူးစက်မှာကို လူတိုင်း ကြောက်နေကြပါတယ်။ ကြောက်နေကြပေမယ့် သေသေချာချာ ကိုယ့်ကိုယ်ကို ရောဂါပိုး မကူးစက်အောင် ကာကွယ်ရမယ်ဆိုတာကို မသိတဲ့လူက များပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ဖို့ ဘယ်လိုလုပ်ရမလဲ။ သူများကို မကူးဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ ကျနော်တို့ ဆေးလောကမှာ Prevention ကာကွယ်တာက ကုသတာထက် ပိုအရေးကြီးပါတယ်။ ကာကွယ်တဲ့အခါမှာ လူတိုင်းသွားနေတဲ့ နေရာတွေကို သွားတဲ့အခါ Mask တပ်ဖို့ လိုပါတယ်။ Mask ကလဲ ရိုးရိုး surgical mask နဲ့လည်း ရပါတယ်။ N95 အထိ မလိုပါဘူး။ တကယ်လို့ ဝယ်ဖို့ မလွယ်ဘူးဆိုရင်။ ပြီးတော့ ဘယ်ပဲရောက်ရောက် လက်ဆေးဖို့ အရေးကြီးပါတယ်။ ပြီးတော့ Mask တပ်တဲ့အချိန်မှာ ဘာတွေမြင်နေသလဲဆိုရင် Mask ကို သတင်းအမှားတွေ - အမှန်မှာ အရောင် color ရှိတဲ့ဘက်က အပြင်မှာတပ်ရမှာ။ ဘာဖြစ်လို့လဲဆိုတော့ အပြင်ကနေ moisture တွေ ဘာတွေ စုပ်ထားပေးနိုင်တယ်။ ဒီမှာ သတင်းအမှားနဲ့ အရောင်ကို အထဲမှာဝတ်တယ်။ အဖြူကို အပြင်မှာ ဝတ်တာတွေရှိတယ်။ အဲဒါ မှားနေပါတယ်လို့ ပြောချင်ပါတယ်။ ပုံမှန်လက်ဆေးဖို့။ အစားအသောက်စားတဲ့အခါလဲ သေချာချက်ပြုပ်ထားတဲ့ သားငါးတွေကိုပဲ စားဖို့ အကြံပေးချင်ပါတယ်။

မေး ။ ။ အခုလိုမျိုး VOA ကို လာပြီးတော့ သေချာရှင်းလင်းပြောဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG