သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ေၾကာင္႔ တ႐ုတ္ႏိုင္ငံမွာ ေသဆံုးသူ တေထာင္ေက်ာ္ၿပီ


(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံတြင္း ကို႐ုိနာ ဗိုင္းရပ္စ္ပုိးကူးစက္မႈေၾကာင့္ ေသဆံုးသူ အေရအတြက္ဟာ အဂၤါေန႔မွာ ၁,၀၁၁ ေယာက္ထိ ေရာက္ရွိသြားၿပီ ျဖစ္ၿပီး အဆိုးရြားဆံုး ျဖစ္ေနတဲ႔ Hubei ျပည္နယ္ထဲမွာ ၁၀၃ ဦး ထပ္မံ ေသဆံုးခဲ႔ေၾကာင္း မၾကာခင္ အခ်ိန္ ဟူးေဘ က်န္းမာေရး ေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈတားဆီးေရး ကၽြမ္းက်င္သူေတြရဲ႕ အျမင္ ႐ုပ္သံသတင္းကုိ ၾကည့္႐ႈနားဆင္ႏုိင္ပါတယ္။

ဟူးေဘ ျပည္နယ္ထဲမွာဘဲ ေနာက္ထပ္ ဗိုင္းရပ္စ္ ကူးစက္ခံရသူ ကလည္း ၂,၀၉၇ ေယာက္ရွိတယ္လို႔ ျပည္နယ္ က်န္းမာေရး ေကာ္မရွင္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္သမၼတ ရွီက်င့္ပင္က တနလၤာေန႔မွာ ေဘးဂ်င္းၿမဳိ႕ေတာ္က ေဆး႐ုံတခုကို အျပာေရာင္ ႏွာေခါင္းစည္းတပ္ရင္း လူနာေတြ က်န္းမာေရး ဝန္ထမ္းေတြနဲ႔ သြားေရာက္ေတြ႔ဆုံ ခဲ့ပါတယ္။ တခ်ိန္ထဲမွာပဲ ၿဗိတိန္ႏို္င္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄ဦးတုိးလာတဲ့အတြက္ စုစုေပါင္း ၈ဦးျဖစ္သြားတယ္လို႔ တနလၤာေန႔မွာ ေၾကညာပါတယ္။

Coronavirus တိုက္ဖ်က္ေရး ကူညီဖို႔ ကန္ကၽြမ္းက်င္သူေတြ တ႐ုတ္လက္ခံသတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ဒီ ဗိုင္းရပ္စ္ဟာ လူထုက်န္းမာေရးကို အႀကီးက်ယ္ ၿခိ္မ္းေျခာက္ေနၿပီလို႔ ၿဗိတိန္က်န္းမာေရးဝန္ႀကီး Matt Hancock က ေၾကညာၿပီး၊ ဗိုင္းရပ္စ္ ကူးစက္ မခံရေအာင္ လူထုၾကား ကန္႔သန္႔ႏိုင္မယ့္ လုပ္ပိုင္ခြင့္ေတြေပးဖို႔ အစိုးရကို တိုက္တြန္းပါတယ္။

ဒီအေတာတြင္း ဂ်ပန္ႏိုင္ငံ ယုိကိုဟားမား ဆိပ္ကမ္းက ဗိုင္းရပ္စ္ကူးစက္ခံရသူ ၆၆ ဦးပါတဲ့ ဇိမ္ခံသေဘၤာတစင္းကို သီးျခားစီခြဲၿပီး ေစာင့္ၾကည္ ေနပါတယ္။ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ လက္ရွိေသဆုံးသူဟာ ၂၀၀၂-၀၃ တုန္းက ျဖစ္ပြားခဲ့တဲ့ (SARS)ေရာဂါေၾကာင့္ ေသဆုံးခဲ့သူ အေရအတြက္ထက္ ပိုမို မ်ားျပားေနၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

Coronavirus ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ တထောင်ကျော်ပြီ

(Unicode)

တရုတ်နိုင်ငံတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ အင်္ဂါနေ့မှာ ၁,၀၁၁ ယောက်ထိ ရောက်ရှိသွားပြီ ဖြစ်ပြီး အဆိုးရွားဆုံး ဖြစ်နေတဲ့ Hubei ပြည်နယ်ထဲမှာ ၁၀၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း မကြာခင် အချိန် ဟူးဘေ ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ဟူးဘေ ပြည်နယ်ထဲမှာဘဲ နောက်ထပ် ဗိုင်းရပ်စ် ကူးစက်ခံရသူ ကလည်း ၂,၀၉၇ ယောက်ရှိတယ်လို့ ပြည်နယ် ကျန်းမာရေး ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရေး ကျွမ်းကျင်သူတွေရဲ့ အမြင် ရုပ်သံသတင်းကို ကြည့်ရှုနားဆင်နိုင်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ပင်က တနင်္လာနေ့မှာ ဘေးဂျင်းမြို့တော်က ဆေးရုံတခုကို အပြာရောင် နှာခေါင်းစည်းတပ်ရင်း လူနာတွေ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ တချိန်ထဲမှာပဲ ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ဦးတိုးလာတဲ့အတွက် စုစုပေါင်း ၈ဦးဖြစ်သွားတယ်လို့ တနင်္လာနေ့မှာ ကြေညာပါတယ်။

Coronavirus တိုက်ဖျက်ရေး ကူညီဖို့ ကန်ကျွမ်းကျင်သူတွေ တရုတ်လက်ခံသတင်းကို ဖတ်ရှုနိုင်ပါပြီ။

ဒီ ဗိုင်းရပ်စ်ဟာ လူထုကျန်းမာရေးကို အကြီးကျယ် ခြိမ်းခြောက်နေပြီလို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock က ကြေညာပြီး၊ ဗိုင်းရပ်စ် ကူးစက် မခံရအောင် လူထုကြား ကန့်သန့်နိုင်မယ့် လုပ်ပိုင်ခွင့်တွေပေးဖို့ အစိုးရကို တိုက်တွန်းပါတယ်။

ဒီအတောတွင်း ဂျပန်နိုင်ငံ ယိုကိုဟားမား ဆိပ်ကမ်းက ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၆ ဦးပါတဲ့ ဇိမ်ခံသင်္ဘောတစင်းကို သီးခြားစီခွဲပြီး စောင့်ကြည် နေပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် လက်ရှိသေဆုံးသူဟာ ၂၀၀၂-၀၃ တုန်းက ဖြစ်ပွားခဲ့တဲ့ (SARS)ရောဂါကြောင့် သေဆုံးခဲ့သူ အရေအတွက်ထက် ပိုမို များပြားနေပြီဖြစ်ပါတယ်။

XS
SM
MD
LG