သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိ႐ိုနာဗုိင္းရပ္စ္ေၾကာင့္ တ႐ုတ္မွာ ေသဆံုးသူ ၉၀၂ ဦးရွိၿပီ


ဝူဟန္ၿမိဳ႕ ဓာတ္ခြဲခန္းတခုတြင္ စမ္းသပ္စစ္ေဆးေနသည့္ ဝန္ထမ္းတဦး။ (ေဖော္ဝါရီ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံ ဟူးေဘျပည္နယ္မွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ တနဂၤေႏြေန႔က ေသဆံုးသူ ၉၁ ဦး ထပ္တိုးခဲ့ေၾကာင္း တနလၤာေန႔ မနက္ခင္း မၾကာေသးခင္ကပဲ ျပည္နယ္ က်န္းမာေရးေကာ္မရွင္က သူ႔ရဲ႕၀က္ဘ္ဆိုက္မွာ တင္ထားပါတယ္။

ဟူးေဘျပည္နယ္ထဲမွာပဲ ေနာက္ထပ္ ကူးစက္မႈအသစ္ လူေပါင္း ၂၆၁၈ ဦး ထပ္မံ ေတြ႔ရေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

အခုထြက္ေပၚလာတဲ့ စာရင္းေတြအရ ဆိုရင္ေတာ့ တ႐ုတ္ႏုိင္ငံတြင္း ေသဆံုးသူ စုစုေပါင္း ၉၀၂ ဦးထိ ေရာက္ရွိသြားတာျဖစ္ၿပီး ဒီအေရအတြက္ဟာဆိုရင္ ၂၀၀၂ - ၂၀၀၃ ခုႏွစ္က ျဖစ္ခဲ့တဲ့ SARS ေၾကာင့္ ေသဆံုးရမႈ အေရအတြက္ထက္ ေက်ာ္လြန္သြားၿပီ ျဖစ္ပါတယ္။

ကူးစက္ခံရသူ စုစုေပါင္းကလည္း တနဂၤေႏြေန႔မွာ ၄၀,၀၀၀ နီးပါးကို ေရာက္ရွိသြားပါတယ္။

ကုိ႐ိုနာဗုိင္းရပ္စ္ အဓိက ကူးစက္ပ်ံ႕ႏွံ႔ရာ အဓိကျဖစ္တဲ့ တ႐ုတ္ႏုိင္ငံ ဟူးေဘျပည္နယ္မွာေတာ့ လူေပါင္း သန္းနဲ႔ခ်ီ ပိတ္မိေနဆဲျဖစ္ၿပီး ေဒသခံေတြကေတာ့ စားနပ္ရိကၡာ မလံုေလာက္ဘူးလို႔ ေျပာဆိုေနၾကပါတယ္။

ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန ေစ်းစီမံခန္႔ခြဲေရးဌာန ဒုတိယညႊန္ၾကားေရးမွဴး Wang Bin က အခုလို ေျပာပါတယ္။

“လတ္တေလာ အေျခအေနမွာေတာ့ တခ်ိဳ႕ျပည္နယ္ေတြနဲ႔ ၿမိဳ႕ေတြမွာေတာ့ စိုးရိမ္လြန္ၿပီး ၀ယ္ယူေနၾကတာမ်ိဳး တခ်ိဳ႕ကို ေတြ႔ေနရပါတယ္။”

ဒါ႔အျပင္ ပို႔ေဆာင္ေရးခက္ခဲမႈ၊ ေစ်းႀကီးျမင့္မႈနဲ႔ အလုပ္သမား မလံုေလာက္မႈေတြ ရွိေနတယ္လို႔ တ႐ုတ္ ကူးသန္းေရာင္း၀ယ္ေရးဌာန အရာရွိ Wang Bin က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

စားေသာက္ကုန္ေတြ ပံုမွန္အေနအထားတိုင္း ပို႔ေဆာင္ႏုိင္ေရး ခက္ခဲေနေၾကာင္း၊ လက္ရွိမွာေတာ့ ၀က္သား၊ ၾကက္ဥက ၅ ရက္စာရွိၿပီး ဟင္းသီးဟင္းရြက္က ၃ ရက္စာ ရွိေနတယ္လို႔လည္း သူက ေျပာပါတယ္။

-----------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးသူ ၉၀၂ ဦးရှိပြီ

တရုတ်နိုင်ငံ ဟူးဘေပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တနင်္ဂနွေနေ့က သေဆုံးသူ ၉၁ ဦး ထပ်တိုးခဲ့ကြောင်း တနင်္လာနေ့ မနက်ခင်း မကြာသေးခင်ကပဲ ပြည်နယ် ကျန်းမာရေးကော်မရှင်က သူ့ရဲ့ဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။

ဟူးဘေပြည်နယ်ထဲမှာပဲ နောက်ထပ် ကူးစက်မှုအသစ် လူပေါင်း ၂၆၁၈ ဦး ထပ်မံ တွေ့ရကြောင်းလည်း ဖော်ပြထားပါတယ်။

အခုထွက်ပေါ်လာတဲ့ စာရင်းတွေအရ ဆိုရင်တော့ တရုတ်နိုင်ငံတွင်း သေဆုံးသူ စုစုပေါင်း ၉၀၂ ဦးထိ ရောက်ရှိသွားတာဖြစ်ပြီး ဒီအရေအတွက်ဟာဆိုရင် ၂၀၀၂ - ၂၀၀၃ ခုနှစ်က ဖြစ်ခဲ့တဲ့ SARS ကြောင့် သေဆုံးရမှု အရေအတွက်ထက် ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

ကူးစက်ခံရသူ စုစုပေါင်းကလည်း တနင်္ဂနွေနေ့မှာ ၄၀,၀၀၀ နီးပါးကို ရောက်ရှိသွားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အဓိက ကူးစက်ပျံ့နှံ့ရာ အဓိကဖြစ်တဲ့ တရုတ်နိုင်ငံ ဟူးဘေပြည်နယ်မှာတော့ လူပေါင်း သန်းနဲ့ချီ ပိတ်မိနေဆဲဖြစ်ပြီး ဒေသခံတွေကတော့ စားနပ်ရိက္ခာ မလုံလောက်ဘူးလို့ ပြောဆိုနေကြပါတယ်။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဈေးစီမံခန့်ခွဲရေးဌာန ဒုတိယညွှန်ကြားရေးမှူး Wang Bin က အခုလို ပြောပါတယ်။

“လတ်တလော အခြေအနေမှာတော့ တချို့ပြည်နယ်တွေနဲ့ မြို့တွေမှာတော့စိုးရိမ်လွန်ပြီး ဝယ်ယူနေကြတာမျိုး တချို့ကို တွေ့နေရပါတယ်။”

ဒါ့အပြင် ပို့ဆောင်ရေးခက်ခဲမှု၊ ဈေးကြီးမြင့်မှုနဲ့ အလုပ်သမား မလုံလောက်မှုတွေ ရှိနေတယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေးဌာန အရာရှိ Wang Bin က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

စားသောက်ကုန်တွေ ပုံမှန်အနေအထားတိုင်း ပို့ဆောင်နိုင်ရေး ခက်ခဲနေကြောင်း၊ လက်ရှိမှာတော့ ဝက်သား၊ ကြက်ဥက ၅ ရက်စာရှိပြီး ဟင်းသီးဟင်းရွက်က ၃ ရက်စာ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG