သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိမရွိ ျမန္မာႏုိင္္ငံတြင္းမွာ စစ္ေဆးႏုိင္္ေတာ့မယ္


ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိမရွိစမ္းသပ္ေနစဥ္ (ေဖေဖာ္၀ါရီလ ၄ ရက္ေန႔)

(Zawgyi/Unicode)

ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိမရွိ စမ္းသပ္စစ္ေဆးတာကို ျမန္မာႏုိင္ငံထဲမွာပဲ ဒီရက္ပိုင္းအတြင္း စလုပ္ႏိုင္ေတာ့မယ္လို႔ ကူးစက္ ေရာဂါတုိက္ဖ်က္ေရး ဗဟိုဌာန တာဝန္ရွိသူတဦးက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရႏုိင္ တယ္လုိ႔ သံသယရွိသူ လက္ရွိမွာ လံုးဝမရွိေတာ့ဘူးလို႔ အတည္ျပဳေျပာဆိုတဲ့ တရက္ထဲမွာပဲ အခုလို ေျပာတာပါ။ လက္ရိွမွာ ေစာင့္ၾကည့္လူနာ ၁၄ ဦးပဲ ရွိေတာ့တယ္လုိ႔လည္း ေျပာပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။

ႏုိဗယ္ကိုရိုနာဗုိင္းရပ္စ္ သံသယလူနာတဦးျဖစ္တဲ့ နမၼတူၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုမွာ ထားရွိ ကုသေပးေနတဲ့ အသက္ ၄၅ႏွစ္အရြယ္ အမ်ိဳးသားနဲ႔ ေစာင့္ၾကည့္လူနာေတြျဖစ္တဲ့ အသက္ ၂ႏွစ္အရြယ္ တရုတ္ကေလးငယ္တဦး၊ အသက္ ၂၄ႏွစ္အရြယ္ တရုတ္အမ်ိဳးသမီးတဦး၊ အသက္ ၂၈ႏွစ္အရြယ္ တရုတ္အမ်ိဳးသားတဦး၊ အသက္ ၅၁ႏွစ္အရြယ္ အမ်ိဳးသားတဦးနဲ႔ အသက္ ၃၁ႏွစ္အရြယ္ အမ်ိဳးသမီးတဦးတုိ႔မွာ ဒီေရာဂါပိုးမရွိေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ ေန႕လည္ ၁နာရီမွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျမန္မာႏုိင္ငံမွာ သံသယလူနာလံုးဝ မရွိေတာ့ဘဲ ေစာင့္ၾကည့္လူနာ ၁၄ဦးသာ က်န္ရွိေတာ့ တယ္လို႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာနက ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက VOA ကို အတည္ျပဳေျပာပါတယ္။

ေမး- ၁နာရီမွာ ေနာက္ဆံုးသတင္းထုတ္ျပန္ခ်က္အရ သံသယလူနာ လံုးဝမရွိေတာ့ဘဲနဲ႔ ေစာင့္ၾကည့္လူနာ ၁၄ဦးပဲ ရွိေတာ့တာေပါ့ေနာ္။

ေျဖ- ဟုတ္ပါတယ္၊ ဟုတ္ပါတယ္။ အခုက ၁၄ ေယာက္ပဲ ေစာင့္ၾကည့္လူနာ က်န္ေတာ့ တယ္။”

က်န္ရွိေနေသးတဲ့ ေစာင့္ၾကည့္လူနာ ၁၄ဦးထဲက ၆ဦးရဲ႕ ဓာတ္ခြဲနမူနာေတြကို ရည္ညႊန္း ဓာတ္ခြဲခန္းဆီေပးပို႔ထားၿပီး တျခားလူနာေတြရဲ႕ နမူနာေတြကိုလည္း ေပးပို႔ဖုိ႔စီစဥ္ေနတယ္လို႔ ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန NHL ရွိေနေပမယ့္ အဲဒီမွာ ရာသီတုပ္ေကြးကိုသာ စစ္လို႔ရၿပီး အခုအသစ္ျဖစ္တဲ့ ကိုရိုနာဗုိင္းရပ္စ္အတြက္ အတည္ျပဳႏုိင္ဖုိ ႔ကေတာ့ ကမာၻ႕က်န္းမာေရးအဖြဲ႕ WHO ရဲ႕ ရည္ညႊန္းဓာတ္ခြဲခန္းေတြထဲက တခုျဖစ္တဲ့ ထုိင္းႏိုင္ငံမွာရွိတဲ့ ဓာတ္ခြဲခန္းဆီကုိ ေပးပို႔ စစ္ေဆးၿပီး အတည္ျပဳခ်က္ ရယူ ေနရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ မၾကာခင္ရက္ပိုင္းအတြင္းမွာပဲ ျမန္မာႏိုင္ငံတြင္းမွာ ဒီဗိုင္းရပ္စ္ရွိ၊ မရွိဆုိတာကို ဓာတ္ခြဲစမ္းသပ္မႈေတြ စတင္လုပ္ေဆာင္ႏိုင္ေတာ့မယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“က်မတုိ႔ရဲ႕ NHL (အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန) ကက်ေတာ့ ရာသီတုပ္ေကြး အတြက္ဆုိရင္ေတာ့ Reference ျဖစ္တယ္။ တနည္းအားျဖင့္ေျပာရင္ ကမာၻေပၚမွာ ႏုိင္ငံေတြအမ်ားႀကီးရွိတယ္။ ဒါေပမယ့္လို႔ Reference (ကမာၻ႕က်န္းမာေရးအဖြဲ႕ရဲ႕ ရည္ညႊန္းဓာတ္ခြဲခန္း) က ၁၅ ခု ပဲ ရွိတယ္။ အခု ျမန္မာႏုိ္င္ငံမွာေတာ့ ကိုရိုနာဗုိင္းရပ္စ္ကုိ မၾကာခင္မွာစစ္ႏုိင္လိမ့္မယ္။ မၾကာခင္ဆုိေပမယ့္ ရက္ပိုင္းအတြင္းျဖစ္မယ္။”
အခုလို ကိုယ့္ႏိုင္ငံတြင္းမွာ စမ္းသပ္ စစ္ေဆးမႈေတြ လုပ္ႏုိင္လာရင္ လူနာေတြ အတြက္ လုိအပ္တာေတြကို ပိုလုပ္ေပးႏုိင္ေတာ့မယ္ လို႔လည္း ေျပာပါတယ္။

“ကုိယ့္ႏုိင္ငံမွာစစ္ႏုိင္တဲ့ အတြက္ေၾကာင့္ က်မတို႔က အေျဖကုိခ်က္ခ်င္းသိတဲ့ အခါမွာ လုိအပ္တာေတြ အမ်ားႀကီးလုပ္လို႔ရတာေပါ့ေနာ္။ Negative ျဖစ္ရင္လည္း Negative ျဖစ္တဲ့အေလ်ာက္၊ Positive ျဖစ္ရင္လည္း Positive ျဖစ္တဲ့အေလ်ာက္ လူနာကိုလည္း ျမန္ျမန္ဆန္ဆန္ လို္အပ္တာေတြကို ပိုၿပီးေတာ့ လုပ္ေပးႏုိင္တာေပါ့ေနာ္။”

ျမန္မာႏုိင္ငံမွာ ႏုိဗယ္ကိုရိုနာဗုိင္းရပ္စ္ ကူးစက္မႈလံုးဝမရွိေသးေပမယ့္ ျပည္သူလူထုအေနနဲ႔ ကုိယ္ခံအားေကာင္းေအာင္ ေနထိုင္စားေသာက္ဖုိ႔၊ လူထူထပ္တဲ့ေနရာေတြကို ေရွာင္ၾကဥ္ၿပီး လက္ကုိစနစ္တက် မၾကာခဏေဆးေပးဖုိ႔အပါအဝင္ ေခ်ာင္းဆုိး ႏွာေခ်ရင္ ပါးစပ္အုပ္ဖုိ႔အတြက္ကိုလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တုိက္တြန္းႏႈိးေဆာ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

................

ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ မြန်မာနိုင်ငံတွင်းမှာ စစ်ဆေးနိုင်တော့မယ်

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စမ်းသပ်စစ်ဆေးတာကို မြန်မာနိုင်ငံထဲမှာပဲ ဒီရက်ပိုင်းအတွင်း စလုပ်နိုင်တော့မယ်လို့ ကူးစက် ရောဂါတိုက်ဖျက်ရေး ဗဟိုဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရနိုင် တယ်လို့ သံသယရှိသူ လက်ရှိမှာ လုံးဝမရှိတော့ဘူးလို့ အတည်ပြုပြောဆိုတဲ့ တရက်ထဲမှာပဲ အခုလို ပြောတာပါ။ လက်ရှိမှာ စောင့်ကြည့်လူနာ ၁၄ ဦးပဲ ရှိတော့တယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတဦးဖြစ်တဲ့ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှာ ထားရှိ ကုသပေးနေတဲ့ အသက် ၄၅နှစ်အရွယ် အမျိုးသားနဲ့ စောင့်ကြည့်လူနာတွေဖြစ်တဲ့ အသက် ၂နှစ်အရွယ် တရုတ်ကလေးငယ်တဦး၊ အသက် ၂၄နှစ်အရွယ် တရုတ်အမျိုးသမီးတဦး၊ အသက် ၂၈နှစ်အရွယ် တရုတ်အမျိုးသားတဦး၊ အသက် ၅၁နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၃၁နှစ်အရွယ် အမျိုးသမီးတဦးတို့မှာ ဒီရောဂါပိုးမရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ နေ့လည် ၁နာရီမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သံသယလူနာလုံးဝ မရှိတော့ဘဲ စောင့်ကြည့်လူနာ ၁၄ဦးသာ ကျန်ရှိတော့ တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကို အတည်ပြုပြောပါတယ်။

မေး- ၁နာရီမှာ နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ သံသယလူနာ လုံးဝမရှိတော့ဘဲနဲ့ စောင့်ကြည့်လူနာ ၁၄ဦးပဲ ရှိတော့တာပေါ့နော်။

ဖြေ- ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ အခုက ၁၄ ယောက်ပဲ စောင့်ကြည့်လူနာ ကျန်တော့ တယ်။”

ကျန်ရှိနေသေးတဲ့ စောင့်ကြည့်လူနာ ၁၄ဦးထဲက ၆ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ရည်ညွှန်း ဓာတ်ခွဲခန်းဆီပေးပို့ထားပြီး တခြားလူနာတွေရဲ့ နမူနာတွေကိုလည်း ပေးပို့ဖို့စီစဉ်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL ရှိနေပေမယ့် အဲဒီမှာ ရာသီတုပ်ကွေးကိုသာ စစ်လို့ရပြီး အခုအသစ်ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် အတည်ပြုနိုင်ဖို့ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းတွေထဲက တခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ဓာတ်ခွဲခန်းဆီကို ပေးပို့ စစ်ဆေးပြီး အတည်ပြုချက် ရယူ နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံတွင်းမှာ ဒီဗိုင်းရပ်စ်ရှိ၊ မရှိဆိုတာကို ဓာတ်ခွဲစမ်းသပ်မှုတွေ စတင်လုပ်ဆောင်နိုင်တော့မယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ကျမတို့ရဲ့ NHL (အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန) ကကျတော့ ရာသီတုပ်ကွေး အတွက်ဆိုရင်တော့ Reference ဖြစ်တယ်။ တနည်းအားဖြင့်ပြောရင် ကမ္ဘာပေါ်မှာ နိုင်ငံတွေအများကြီးရှိတယ်။ ဒါပေမယ့်လို့ Reference (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်း) က ၁၅ ခု ပဲ ရှိတယ်။ အခု မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကို မကြာခင်မှာစစ်နိုင်လိမ့်မယ်။ မကြာခင်ဆိုပေမယ့် ရက်ပိုင်းအတွင်းဖြစ်မယ်။”
အခုလို ကိုယ့်နိုင်ငံတွင်းမှာ စမ်းသပ် စစ်ဆေးမှုတွေ လုပ်နိုင်လာရင် လူနာတွေ အတွက် လိုအပ်တာတွေကို ပိုလုပ်ပေးနိုင်တော့မယ် လို့လည်း ပြောပါတယ်။

“ကိုယ့်နိုင်ငံမှာစစ်နိုင်တဲ့ အတွက်ကြောင့် ကျမတို့က အဖြေကိုချက်ချင်းသိတဲ့ အခါမှာ လိုအပ်တာတွေ အများကြီးလုပ်လို့ရတာပေါ့နော်။ Negative ဖြစ်ရင်လည်း Negative ဖြစ်တဲ့အလျောက်၊ Positive ဖြစ်ရင်လည်း Positive ဖြစ်တဲ့အလျောက် လူနာကိုလည်း မြန်မြန်ဆန်ဆန် လိုအပ်တာတွေကို ပိုပြီးတော့ လုပ်ပေးနိုင်တာပေါ့နော်။”

မြန်မာနိုင်ငံမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလုံးဝမရှိသေးပေမယ့် ပြည်သူလူထုအနေနဲ့ ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ဖို့၊ လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်ပြီး လက်ကိုစနစ်တကျ မကြာခဏဆေးပေးဖို့အပါအဝင် ချောင်းဆိုး နှာချေရင် ပါးစပ်အုပ်ဖို့အတွက်ကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG