သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိ႐ုိနာဗုိင္းရပ္စ္ ျပႆနာၾကား ႀကံဳရတဲ့ျပႆနာေတြ ေျဖရွင္းဖုိ႔ တ႐ုတ္သမၼတ တုိက္တြန္း


(Zawgyi/Unicode)

တ႐ုတ္ႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈနဲ႔ ႀကံဳဳရခ်ိန္ ေတြ႔ႀကံဳရတဲ့ ျပႆနာေတြ၊ ဟာကြက္ေတြ၊ အားနည္းခ်က္ေတြကုိ ကြန္ျမဴနစ္ပါတီ အေနနဲ႔ ျပင္ဆင္ရလိမ့္မယ္လုိ႔ တ႐ုတ္သမၼတ Xi Jinping က သတိေပးလုိက္ပါတယ္။

ျပည္သူေတြရဲ႕ အသက္ေတြနဲ႔ က်န္းမာေရး ေဘးကင္း လုံၿခံဳဖုိ႔ဟာ အုပ္ခ်ဳပ္ေနတဲ့ ပါတီအတြက္ ႀကီးမားတဲ့ တာ၀န္တရပ္အျဖစ္ တ႐ုတ္သမၼတက ေျပာဆုိခဲ့ၾကာင္း ႏုိင္ငံပုိင္႐ုပ္ျမင္သံၾကားက ေသာၾကာေန႔မွာ ေျပာဆုိလုိက္တာပါ။

ျပဳျပင္ေျပာင္းလဲေရးဆုိင္ရာ ေကာ္မတီအစည္းအေ၀းအတြင္း တ႐ုတ္သမၼတက ေျပာၾကားရာမွာ က်န္းမာေရး ေစာင့္ေရွာက္မႈ အာမခံနဲ႔ ေရာဂါႀကီးေတြကုိ ကုသေရးစနစ္ေတြ တုိးတက္ေအာင္ လုပ္ဖုိ႔လည္း ေျပာဆုိခဲ့တယ္လုိ႔လည္း သတင္းက ေဖာ္ျပပါတယ္။ တခ်ိန္တည္းမွာပဲ တ႐ုတ္အစုိးရ ထိပ္တန္း အရာရွိတဦးကလည္း ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈဟာ တုိင္းျပည္အတြက္ ႀကီးမားတဲ့ စိန္ေခၚမႈအျဖစ္ လက္ခံေျပာဆုိခဲ့ေပမဲ့ လုိအပ္တာထက္ အလြန္အကၽြံ တုံ႔ျပန္တာေတြ မလုပ္ဖုိ႔လည္း သတိေပးခဲ့တာပါ။

အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ ဗုိင္းရပ္စ္အႏၱရာယ္ကုိ ကာကြယ္ရာမွာ မလုိအပ္တဲ့ အစီအစဥ္ေတြ လုပ္လာမယ္ဆုိရင္ ကုန္သြယ္ေရး၊ ခရီးသြားလာမႈေတြနဲ႔ ခရီးသြားလုပ္ငန္းေတြမွာ ထိခုိက္ႏုိင္ေၾကာင္းလည္း တ႐ုတ္ႏုိင္ငံေတာ္ ေကာင္စီ၀င္လည္းျဖစ္၊ ႏုိင္ငံျခားေရး ၀န္ႀကီးလည္းျဖစ္တဲ့ Wang Yi ကေျပာဆုိလုိက္ပါတယ္။

ဇန္န၀ါရီလကစလုိ႔ အေမရိကန္ အပါအ၀င္ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားက ခရီးသြားလာမႈေတြကုိ ကန္႔သတ္တာ အပါအ၀င္ ဗုိင္းရပ္စ္အႏၱရာယ္ ကာကြယ္ေရး အစီအစဥ္ေတြကုိ စတင္ခဲ့ၾကတာပါ။ အေမရိကန္ ႏုိင္ငံသားေတြ တ႐ုတ္ႏုိင္ငံကုိ ခရီးမသြားဖုိ႔ သတိေပးခဲ့တဲ့ အတြက္လည္း ကုန္သြယ္ေရးတင္းမာမႈေတြ ေလ်ာ့ပါးကာစအခ်ိန္မွာ တ႐ုတ္ႏုိင္ငံအတြက္ ေဒါသထြက္စရာလည္း ျဖစ္ခဲ့ပါတယ္။ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးကေတာ့ ဗုိင္းရပ္စ္အႏၱရာယ္ ကာကြယ္ေရးမွာ တ႐ုတ္ႏုိ္င္ငံဟာ ႏိုင္ငံတကာစံေတြနဲ႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) ရဲ႕ အႀကံျပဳခ်က္ေတြထက္ေတာင္ သာလြန္ေၾကာင္း ေျပာဆုိခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


....................

ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြား ကြုံရတဲ့ပြဿနာတွေ ဖြေရှင်းဖို့ တရုတ်သမ္မတ တိုက်တွန်း

(Unicode)

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ကြုံုရချိန် တွေ့ကြုံရတဲ့ ပြဿနာတွေ၊ ဟာကွက်တွေ၊ အားနည်းချက်တွေကို ကွန်မြူနစ်ပါတီ အနေနဲ့ ပြင်ဆင်ရလိမ့်မယ်လို့ တရုတ်သမ္မတ Xi Jinping က သတိပေးလိုက်ပါတယ်။ ပြည်သူတွေရဲ့ အသက်တွေနဲ့ ကျန်းမာရေး ဘေးကင်း လုံခြုံဖို့ဟာ အုပ်ချုပ်နေတဲ့ ပါတီအတွက် ကြီးမားတဲ့ တာဝန်တရပ်အဖြစ် တရုတ်သမ္မတက ပြောဆိုခဲ့ကြာင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက သောကြာနေ့မှာ ပြောဆိုလိုက်တာပါ။

ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကော်မတီအစည်းအဝေးအတွင်း တရုတ်သမ္မတက ပြောကြားရာမှာ ကျန်းမာရေး စောင့်ရှောက်မှု အာမခံနဲ့ ရောဂါကြီးတွေကို ကုသရေးစနစ်တွေ တိုးတက်အောင် လုပ်ဖို့လည်း ပြောဆိုခဲ့တယ်လို့လည်း သတင်းက ဖော်ပြပါတယ်။ တချိန်တည်းမှာပဲ တရုတ်အစိုးရ ထိပ်တန်း အရာရှိတဦးကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ် လက်ခံပြောဆိုခဲ့ပေမဲ့ လိုအပ်တာထက် အလွန်အကျွံ တုံ့ပြန်တာတွေ မလုပ်ဖို့လည်း သတိပေးခဲ့တာပါ။

အမေရိကန် ပြည်ထောင်စု အနေနဲ့ ဗိုင်းရပ်စ်အန္တရာယ်ကို ကာကွယ်ရာမှာ မလိုအပ်တဲ့ အစီအစဉ်တွေ လုပ်လာမယ်ဆိုရင် ကုန်သွယ်ရေး၊ ခရီးသွားလာမှုတွေနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ထိခိုက်နိုင်ကြောင်းလည်း တရုတ်နိုင်ငံတော် ကောင်စီဝင်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ Wang Yi ကပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီလကစလို့ အမေရိကန် အပါအဝင် နိုင်ငံတော်တော်များများက ခရီးသွားလာမှုတွေကို ကန့်သတ်တာ အပါအဝင် ဗိုင်းရပ်စ်အန္တရာယ် ကာကွယ်ရေး အစီအစဉ်တွေကို စတင်ခဲ့ကြတာပါ။ အမေရိကန် နိုင်ငံသားတွေ တရုတ်နိုင်ငံကို ခရီးမသွားဖို့ သတိပေးခဲ့တဲ့ အတွက်လည်း ကုန်သွယ်ရေးတင်းမာမှုတွေ လျော့ပါးကာစအချိန်မှာ တရုတ်နိုင်ငံအတွက် ဒေါသထွက်စရာလည်း ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ ဗိုင်းရပ်စ်အန္တရာယ် ကာကွယ်ရေးမှာ တရုတ်နိုင်ငံဟာ နိုင်ငံတကာစံတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြံပြုချက်တွေထက်တောင် သာလွန်ကြောင်း ပြောဆိုခဲ့တာပါ။

XS
SM
MD
LG