သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီးပွါး ပြန်လည်ဦးမော့ရေး ပေါ်လစ်ဗျူရို ဆွေးနွေး


တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က အားကစားကွင်းကို အသေအချာ သန့်ရှင်းရေး ဆောင်ရွက်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က အားကစားကွင်းကို အသေအချာ သန့်ရှင်းရေး ဆောင်ရွက်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အာဏာရ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေကို ဗုဒ္ဓဟူးနေ့က ဆင့်ခေါ်ပြီး Coronavirus တိုက်ဖျက်ရေးကိစ္စ ဆက်လက် ဆောင်ရွက်ဖို့အတွက် ပြောဆိုခဲ့တဲ့ တချိန်ထဲမှာဘဲ ဒီ ဗိုင်းရပ်စ်ကြောင့် အားလျော့လာနေတဲ့ တိုင်းပြည်စီးပွား ပြန်လည် ဦးမော့လာရေးနဲ့ဆိုင်တဲ့ နည်းလမ်းတွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ရောဂါပိုးကူးစက်သူ အရေအတွက်ဟာ ကျဆင်းလာကြောင်း စည်းဝေးပွဲအတွင်း ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရို အဖွဲ့ဝင်တွေကို သမ္မတ ရှီက ပြောကြားခဲ့ပါတယ်။

ဒီရလဒ်ဟာ ဘက်ပေါင်းစုံက ခက်ခဲစွာ လုပ်ဆောင်ခဲ့ခြင်းရ အကျိုးကျေးဇူး ဖြစ်တယ်လို့ သမ္မတ ရှီက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။ ဒီ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရေး ပြင်းထန်စွာ ကြိုးစားလုပ်ဆောင်ရမယ့်အဆင့်ကို ရောက်လာနေပြီဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ပါတီခေါင်းဆောင်တွေအနေနဲ့ အခုနှစ်အတွက် လူမှုဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့ စီးပွားရေး ရည်မှန်းချက်တွေ ပြည့်မီအောင် လုပ်ဆောင်ကြဖို့အပြင် အားလျော့လာနေတဲ့ တိုင်းပြည်စီးပွား ပြန်လည် ဦးမော့လာရေးအတွက် အခွန်လျှော့ကောက်တာ၊ ငှားရမ်းခတွေ လျှော့ချတာ အပါအဝင် တခြား လိုအပ်ချက်တွေကို လုပ်ဆောင်ကြဖို့ သမ္မတ ရှီက တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း Covid-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁,၁၁၄ ဦး ရှိသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးအရာရှိတွေက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG