သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှိန်ကောင်းနေတဲ့ မြန်မာ့ ခရီးသွား လုပ်ငန်း Coronavirus ကြောင့် ထိခိုက်


တရုတ်နိုင်ငံမှာ Coronavirus ပျံ့နှံ့ ကူးစက်မှုတွေကြောင့် ပြည်တွင်း ပြည်ပ ခရီးသွား အစီအစဉ်တွေ ရပ်ဆိုင်းဖို့ တရုတ် အစိုးရက ခရီးသွား ကုမ္ပဏီတွေကို ညွှန်ကြားထားပါတယ်။ မြန်မာနိုင်ငံကို လာမယ့် တရုတ် ခရီးသွား အစီအစဉ် တချို့လည်း ဖျက်သိမ်းနေကြပါတယ်။ ၂၀၂၀ ပြည့်နှစ် တရုတ် မြန်မာ ခရီးသွားနှစ်အဖြစ် သတ်မှတ်ပြီး တရုတ် ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်း ရှေ့အလားအလာတွေကို တရုတ်ဘာသာ ဧည့်လမ်းညွှန် အသင်း ဒုတိယ ဥက္ကဌ စိုင်းစိုးဟန်နဲ့ ဆွေးနွေးပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

မသိင်္ဂ ီထိုက် ။ ။ Coronavirus ပေါ့နော် နျူမိုးနီးယား ဗိုင်းရပ်စ်သစ် ဖြစ်တော့ Wuhan ကို ပျံမယ့် လေယာဉ် ခရီးစဉ် အတော်များများလည်း ရပ်လိုက်ပြီလို့ ပြောပါတယ်။ ဆိုတော့ တရုတ် ခရီးသွားတွေနဲ့ ပတ်သက်ပြီး အစီအစဉ် အပြောင်းအလဲတွေ ရှိပါလားရှင့်။

စိုင်းစိုးဟန် ။ ။ ရပ်တော့ ရပ်လိုက်ပြီဗျ။ သူတို့က Wuhan လေယာဉ်တွေကတော့ ဒီဘက် မြန်မာနိုင်ငံဘက် လာတဲ့ လေယာဉ်တွေကတော့ အကုန်ရပ်လိုက်ပြီလေ။ ပြီးတော့မှ အခုလောလောဆယ်က တရုတ်ဘက်က တရားဝင် ကြေညာထားတာက ၂၇ ရက်နေ့ နောက်ပိုင်း ခရီးသွားတွေပေါ့နော်၊ ခရီးသွား ဆိုပေမယ့် သူက အလည်အပတ် ခရီးသွား ဖြစ်ဖို့ များမယ်ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ခရီးသွား အေးဂျင့်တွေကို စာထုတ်ထားတာက ၂၇ ရက်နေ့ နောက်ပိုင်း Tour တွေပေါ့နော် ရပ်နားထားဖို့ တရားဝင်တော့ စာထွက်ထားတယ်။ အဲဒါကြောင့် ခရီးသွား ကုမ္ပဏီတွေက ကျနော်တို့ကိုတော့ လာပြောထားတာပေါ့။ အဲဒီ ၂၇ ရက်နေ့ နောက်ပိုင်းတော့ Cancel ဖြစ်ပြီပေါ့။ ဖြစ်ဖို့ များတာပေါ့။ အခုလည်း တချို့ဟာတွေက Cancel (ဖျက်သိမ်း) ဖြစ်နေပါပြီ။ ၂၇ ရက်နေ့ မတိုင်ခင်က ဟာတွေကတော့ လာနေဦးမှာပေါ့။ ဒါပေမယ့် အဲဒီ ၂၇ က အမျိုးမျိုးတော့ ပြောကြတယ်၊ တချို့က ၂၇ ရက်နေ့ ၂၄ နာရီ မတိုင်ခင်လို့ ပြောတော့ သဘောက ၂၈ ရက်နေ့ နောက်ပိုင်းဟာတွေ ဖြစ်မယ်ထင်တယ်။

မသိင်္ဂ ီထိုက် ။ ။ အခုရော လောလောဆယ် တရုတ်ဘက်က လေယာဉ်တွေ ဝင်နေတုန်းဘဲလား။ တရုတ် Tour တွေက။

စိုင်းစိုးဟန် ။ ။ ကျနော် သိသလောက်ကတော့ မနေ့ကတော့ ဝင်တယ်။ Cancel ဖြစ်တဲ့ လေယာဉ်လည်း ရှိတယ်။ မနေ့တုန်းကထိတော့ ဝင်သေးတယ်။ လေယာဉ်ကတော့ ဝင်နေမယ် ထင်တယ်။ သူ ရပ်နားခိုင်းတာက ခရီးသွားတွေကိုဘဲ ရပ်နားခိုင်းတာလေ။

မသိင်္ဂ ီထိုက် ။ ။ ဆိုတော့ အဲဒါက တရုတ် အစိုးရက ကုမ္ပဏီတွေကို ညွှန်ကြားထားတဲ့ စာလားရှင့်။
စိုင်းစိုးဟန် ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ တရုတ် အစိုးရက တရုတ် ခရီးသွား ကုမ္ပဏီတွေကို ညွှန်ကြားတဲ့ စာပေါ့နော်။ အဲဒီ တရုတ် ခရီးသွား ကုမ္ပဏီကမှ ကျနော်တို့ ဒီ ချိတ်ဆက်ထားတဲ့ မြန်မာ ခရီးသွား ကုမ္ပဏီတွေကို ပြန်အကြောင်းကြားတာပေါ့။

မသိင်္ဂ ီထိုက် ။ ။ မြန်မာဘက်ကတော့ တရုတ် ခရီးသွားတွေနဲ့ ပတ်သက်ပြီး အခု လောလောဆယ်ပေါ့နော် ညွှန်ကြားချက်တွေ ထွက်ပါလားရှင့်။

စိုင်းစိုးဟန် ။ ။ ဒါတော့ ကျနော်တို့ မတွေ့သေးပါဘူး။ အဓိက ကတော့ နိုင်ငံတော် အနေနဲ့ အခု လေယာဉ်ကွင်းတွေ ဘာတွေမှာ အမြဲတမ်း စစ်ဆေးနေတာတွေပေါ့နော် သတိထားဖို့တွေ ဘာတွေတော့ ပြောတာပေါ့။ ဒါတွေကတော့ ရှိတာပေါ့။ ခရီးသွားတွေကိုတော့ ညွှန်ကြားထားတာတော့ ကျနော်တော့ မသိဘူး။

မသိင်္ဂ ီထိုက် ။ ။ အခု ၂၀၂၀ ပြည့်နှစ်က တရုတ် - မြန်မာ ခရီးသွား နှစ်ဆိုပြီး တနေ့ကဘဲ သမ္မတ Xi လာတုန်းကလည်း လုပ်သွားတယ်ဆိုတော့ အခု Coronavirus (ကိုရိုးနားဗိုင်းရပ်စ်) ကြောင့် တရုတ် ခရီးသွား လုပ်ငန်း အပေါ်မှာများ ထိခိုက်နိုင်ပါသလား။ အခုရော စိုင်းစိုးဟန်တို့ ထိခိုက်တဲ့ ပုံစံတွေ တွေ့နေပြီလား။

စိုင်းစိုးဟန် ။ ။ သေချာပေါက်တော့ ထိခိုက်မှာပေါ့။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ဒီ တရုတ် ခရီးသွားပေါ့နော် ခရီးသွား လမ်းညွှန်တွေ အတွက် ဒီအချိန်က တရုတ် ဧည့်လမ်းညွှန်တွေ အကုန်လုံး မအားတဲ့ အချိန်ပေါ့။ လုပ်လို့ အကောင်းဆုံး အချိန်ပေါ့။ ဥပမာ ကျနော်ဆိုလည်း ဒီ ခရီးစဉ်တွေ လက်ခံထားတာ ဆိုရင် ၂ လပိုင်း ၂၅ ရက်နေ့ထိ လွန်ခဲ့တဲ့ ၂ လနီးပါးလောက် ကတည်းက လက်ခံထားတာပေါ့နော်။ အားလုံးနီးပါးလည်း ဒီအချိန်မှာ အားတဲ့ ဧည့်လမ်းညွှန်ဆိုတာ ခပ်ရှားရှားပါဘဲ။

အဲဒါကို ကြည့်ခြင်းအားဖြင့် တရုတ် ဧည့်သည်တွေ ဘယ်လောက် ဝင်တယ်ဆိုတာတော့ ကြည့်လို့ ရတာပေါ့နော်။ နှစ်တိုင်း နှစ်တိုင်းမှာ တရုတ် နှစ်သစ်ကူး လ က လူတိုင်း အလုပ်အများဆုံးဘဲ။ တရုတ် နှစ်သစ်ကူး ပြီးမှဘဲ အလုပ်က ပြန်ပြီး လျော့သွားတာပေါ့။
တရုတ် နှစ်သစ်ကူး အချိန်မှာဘဲ ဒီလို ပေါ်လာတော့ ထိခိုက်မှုကတော့ ရှိတာပေါ့။ ဥပမာ ကျနော်ဆိုရင် နောက် Tour သုံးခုပေါ့နော် အဲဒါ အကုန်လုံးက ပျက်ဖို့ များသွားပြီ။ ၂ ခုကတော့ ဖြစ်ဖို့ များလောက်ပါပြီ။ တခုကတော့ ဒီနေ့မှ ကျနော့်ကို အကြောင်းပြန်မယ်လို့ ပြောထားတယ်။ အဲဒါကြောင့် အားလုံး နီးပါးဘဲ ကျနော့် သူငယ်ချင်းတွေကို မေးကြည့်လိုက်တော့ တော်တော်များများက ပျက်သွားပါပြီ။

မသိင်္ဂ ီထိုက် ။ ။ ဆရာတို့လို Tour Guide တွေတင် မဟုတ်ဘူး ဟိုတယ်တွေ၊ ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေရော ထိခိုက်ဖို့များ ရှိပါသလား။

စိုင်းစိုးဟန် ။ ။ ထိခိုက်မှာတော့ သေချာပေါက် ထိခိုက်မှာဘဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကို ကုမ္ပဏီကလည်း ခရီးစဉ် သေချာပြီ ဆိုမှ ကျနော်တို့ကို ချိတ်ဆက်မှာလေ။ ဒီခရီးစဉ် သေချာဖို့ အတွက် သူတို့လည်း စားသောက်ဆိုင်တွေ ဟိုတယ်တွေ ကားတွေကို ချိတ်ဆက်ထားမှာကိုး။ အဲလို ဆိုတော့ အခု ခရီးစဉ်က ရပ်နားလိုက်ပြီ ဆိုတော့ သူတို့တော့ ဘယ်လို ညှိနှိုင်းကြမလဲတော့ မသိဘူးပေါ့နော် အတိုင်းအတာ တခု အထိတော့ ထိခိုက်မှု ရှိမှာပါ။ ဥပမာ အခု ကြိုချိတ်ထားတဲ့ ဟာတွေကျတော့ လတ်တလော ဖျက်ရမယ်ဆိုတော့ သူတို့ ဘယ်လို ညှိနှိုင်းမလဲ ဆိုတာ သူတို့ဟာ သူတို့တော့ ရှိမှာပေါ့။

နောက်ပိုင်းဟာတွေကလည်း ဒီပုံစံ အတိုင်းဆို ကျနော်တို့ ခန့်မှန်းတာတော့ ခရီးသွားရာသီ အကောင်းဆုံး ရာသီက ၃ လပိုင်း အထိကိုး။ ဒီပုံစံ အတိုင်းဆိုရင် ဒီကိစ္စက ၃ လပိုင်း အတွင်းမှာ ပြီးဖို့ အလားအလာက သိပ်မမြင်ဘူး ပေါ့နော်။ အဲဒါဆိုရင်တော့ ကျနော် အမြင်တော့ နောက်တရာသီမှဘဲ ခရီးသွား ရာသီရောက်မှဘဲ ကောင်းနိုင်တော့မယ်လို့ ထင်တာဘဲ။ နောက်တရာသီက ကျနော်တို့ ၁၀ လပိုင်းလောက် ပြန်စမှာ။

မသိင်္ဂ ီထိုက် ။ ။ အဲဒီတော့ တရုတ် မြန်မာ ခရီးသွား ရာသီက မှန်းထားသလောက်တော့ ဖြစ်မယ့် သဘော မရှိဘူးပေါ့နော်။

စိုင်းစိုးဟန် ။ ။ ဒီပုံစံ အတိုင်းဆိုရင်တော့ ဖြစ်နိုင်ခြေက မရှိတော့ဘူးလေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့လည်း ဒီရက်ပိုင်း တောက်လျှောက် သတင်းတွေ ကြည့်နေရတာပေါ့နော်။ အခု တရုတ် ပြည် အခြေအနေက ထိန်းချုပ်တော့ ထိန်းချုပ်နေတဲ့ အနေအထားဆိုတော့ ဘယ်လို ပုံစံလဲတော့ ကျနော်တို့လည်း မပြောတတ်တော့ဘူး။ အခု ဖြစ်နေတဲ့ အနေအထားကတော့ ဒီရာသီကတော့ မလွယ်တော့ဘူးပေါ့။ ဒါပေမယ့် Tour ရာသီက ဒီနှစ် ၂၀၂၀ ဆယ်လပိုင်းမှာ ပြန်စမှာကိုး။ အဲဒီတော့ ၁၀ လပိုင်း၊ ၁၁ လပိုင်း၊ ၁၂ လပိုင်း မှာ ဘယ်လို လာမလဲ ဆိုတာတော့ မခန့်မှန်းတတ်တော့ဘူးပေါ့နော်။ ဒီ ရောဂါပိုး အခြေအနေဘဲ စောင့်ကြည့်ရတော့မှာပေါ့။

မသိင်္ဂ ီထိုက် ။ ။ နယ်စပ်ကတော့ ဆက်ပြီးတော့ ဝင်နေတုန်းဘဲလို့ ယူဆရပါတယ်။ ကျမလည်း သတင်းတွေမှာ တွေ့ရပါတယ်။ ဒီ တာချီလိတ်က ဝင်လာတဲ့ဟာတို့ ဆိုတော့ ဒီ နယ်စပ် ဝင်ပေါက်တွေက Tour တွေ ဆက်ပြီးတော့ ရှိနေနိုင်ပါသလား။

စိုင်းစိုးဟန် ။ ။ အဲဒါတော့ ကျနော်တို့တော့ မပြောတတ်ဘူးပေါ့။ အခုလောလောဆယ် ကျနော်တို့ ဧည့်လမ်းညွှန်တွေ အများဆုံး လက်ခံတာက လေယာဉ်နဲ့ Package Tour တွေဘဲ လက်ခံတာ များတယ်။ ဒီ နယ်စပ် က ဝင်တဲ့ဟာတွေကတော့ ဧည့်လမ်းညွှန် ငှားတာတို့ အဲဒီဘက်မှာလည်း ဧည့်လမ်းညွှန်တွေ နည်းလိမ့်မယ် ထင်တာဘဲ။

တိုက်ရိုက် လင့်ခ်

( Unicode)

























XS
SM
MD
LG