သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Coronavirus ျပႆနာ ေျမာက္ကိုရီးယားကုိ ကန္ ကူညီရန္ အသင္႔


ေျမာက္ကုိရီးယားႏိုင္ငံ Pyongyang ေလဆိပ္အတြင္း Coronavirus ကာကြယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္စဥ္

(Zawgyi/Unicode)

ေျမာက္ကုိရီးယားမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ပ်ံ႔ပြားမႈအႏၱရာယ္နဲ႔ ႀကံဳရမွာကုိ အေမရိကန္က အလြန္အမင္း စုိးရိမ္ေၾကာင္းနဲ႔ အကူအညီေပးဖုိ႔ အသင့္ရွိေၾကာင္း ေျပာဆုိလုိက္ပါတယ္။

အေမရိကန္နဲ႔ ႏုိင္ငံတကာ အကူအညီေပးေရးနဲ႔ က်န္းမာေရး အဖဲြ႔အစည္းေတြ ေျမာက္ကုိရီးယားမွာ ဗုိင္းရပ္စ္ပုိး ထိန္းခ်ဳပ္ႏုိင္ေအာင္ ကူညီၾကဖုိ႔ အားေပးေၾကာင္းလည္း ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ၾကာသပေတးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆုိလုိက္တာပါ။

တခ်ိန္တည္းမွာပဲ ေျမာက္ကုိရီးယားမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈအႏၱရာယ္နဲ႔ ကာကြယ္ကုသေရးအတြက္ အကူအညီေပးႏုိင္ေအာင္ အေထာက္အပံ့ေတြကုိ ျခြင္းခ်က္အျဖစ္ ခြင့္ျပဳေပးဖုိ႔ စဥ္းစားမယ့္အေၾကာင္း ကုလသမဂၢကလည္း ေျပာဆုိထားပါတယ္။

ကုိ႐ုိနာဗုိင္းရပ္စ္ ကာကြယ္ကုသေရးအတြက္ လုိအပ္လုိ႔ အကူအညီေတာင္းခံလာမယ္ဆုိရင္ ေကာ္မတီက စဥ္းစားဖုိ႔ အသင့္ရွိေနေၾကာင္း ကုလသမဂၢရဲ႕ ေျမာက္ကုိရီးယားဆုိင္ရာ ပိတ္ဆုိ႔ဒဏ္ခတ္မႈ ေကာ္မတီက ဗြီအုိေအ ကုိရီးယားဌာနကုိ ေျပာဆုိလုိက္တာပါ။ ေျမာက္ကုိရီးယားရဲ႕ ႏ်ဴကလီးယားလက္နက္ အစီအစဥ္ေတြကုိ ထိန္းခ်ဳပ္ဖုိ႔ ၂၀၀၆ ခုႏွစ္ကစလုိ႔ ကုသမဂၢ လုံၿခံဳေရးေကာင္စီက ပိတ္ဆုိ႔အေရးယူခဲ့ရာမွာ ကုန္ပစၥည္းေတြ တင္သြင္းခြင့္နဲ႔ တင္ပုိ႔ခြင့္ေတြကုိ ကန္႔သတ္ထားတာ ျဖစ္ပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈတားဆီးေရး ကၽြမ္းက်င္သူေတြရဲ႕ အျမင္ ႐ုပ္သံသတင္းကုိ ၾကည့္႐ႈနားဆင္ႏုိင္ပါတယ္။

ဒါေပမဲ့လည္း ေျမာက္ကုိရီးယားမွာ လုိအပ္တဲ့အခါ လူသားခ်င္းစာနာမႈ အကူအညီေတြကုိ ကုလသမဂၢက ျခြင္းခ်က္အေနနဲ႔ ခြြင့္ျပဳေပးေလ့ရွိပါတယ္။ လတ္တေလာမွာေတာ့ ဗုိင္းရပ္စ္ကူးစက္မႈ ထိန္းခ်ဳပ္ဖုိ႔ ေျမာက္ကုိရီးယားက ႀကိဳးစားေနေပမဲ့ အကူအညီေတာင္းခံတာမ်ဳိးေတာ့ မရွိေသးပါဘူး။ ေျမာက္ကုိရီးယားမွာ အခုအခ်ိန္အထိ ဗုိင္းရပ္စ္ကူးစက္သူရွိေၾကာင္း တရား၀င္အတည္ျပဳထားတာမ်ဳိးလည္း မရွိေသးပါဘူး။

ဒါေပမဲ့လည္း ၿပံဳယမ္းၿမိဳ႕ေတာ္မွာ အမ်ဳိးသမီးတဦးဟာ ကုိ႐ုိနာဗုိင္းရပ္စ္ ေရာဂါလကၡဏာနဲ႔တူတဲ့ ျပင္းထန္အဆုတ္ေရာင္ေရာဂါနဲ႔ ေသဆုံးသြားခဲ့ေၾကာင္း တနလၤာေန႔တုန္းကပဲ Daily NK ၀ဘ္ဆုိဒ္က ေဖာ္ျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

Coronavirus ပြဿနာ မြောက်ကိုရီးယားကို ကန် ကူညီရန် အသင့်

(Unicode)

မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုအန္တရာယ်နဲ့ ကြုံရမှာကို အမေရိကန်က အလွန်အမင်း စိုးရိမ်ကြောင်းနဲ့ အကူအညီပေးဖို့ အသင့်ရှိကြောင်း ပြောဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ နိုင်ငံတကာ အကူအညီပေးရေးနဲ့ ကျန်းမာရေး အဖွဲ့အစည်းတွေ မြောက်ကိုရီးယားမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်အောင် ကူညီကြဖို့ အားပေးကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

တချိန်တည်းမှာပဲ မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်နဲ့ ကာကွယ်ကုသရေးအတွက် အကူအညီပေးနိုင်အောင် အထောက်အပံ့တွေကို ခြွင်းချက်အဖြစ် ခွင့်ပြုပေးဖို့ စဉ်းစားမယ့်အကြောင်း ကုလသမဂ္ဂကလည်း ပြောဆိုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရေး ကျွမ်းကျင်သူတွေရဲ့ အမြင် ရုပ်သံသတင်းကို ကြည့်ရှုနားဆင်နိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေးအတွက် လိုအပ်လို့ အကူအညီတောင်းခံလာမယ်ဆိုရင် ကော်မတီက စဉ်းစားဖို့ အသင့်ရှိနေကြောင်း ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှု ကော်မတီက ဗွီအိုအေ ကိုရီးယားဌာနကို ပြောဆိုလိုက်တာပါ။ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်တွေကို ထိန်းချုပ်ဖို့ ၂၀၀၆ ခုနှစ်ကစလို့ ကုသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူခဲ့ရာမှာ ကုန်ပစ္စည်းတွေ တင်သွင်းခွင့်နဲ့ တင်ပို့ခွင့်တွေကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြောက်ကိုရီးယားမှာ လိုအပ်တဲ့အခါ လူသားချင်းစာနာမှု အကူအညီတွေကို ကုလသမဂ္ဂက ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးလေ့ရှိပါတယ်။ လတ်တလောမှာတော့ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဖို့ မြောက်ကိုရီးယားက ကြိုးစားနေပေမဲ့ အကူအညီတောင်းခံတာမျိုးတော့ မရှိသေးပါဘူး။ မြောက်ကိုရီးယားမှာ အခုအချိန်အထိ ဗိုင်းရပ်စ်ကူးစက်သူရှိကြောင်း တရားဝင်အတည်ပြုထားတာမျိုးလည်း မရှိသေးပါဘူး။

ဒါပေမဲ့လည်း ပြုံယမ်းမြို့တော်မှာ အမျိုးသမီးတဦးဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာနဲ့တူတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ သေဆုံးသွားခဲ့ကြောင်း တနင်္လာနေ့တုန်းကပဲ Daily NK ဝဘ်ဆိုဒ်က ဖော်ပြခဲ့ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG