သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၃၇၀ ကျော်


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှာ ဒီဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ နောက်ထပ် ၂၅၄ ယောက်ရှိကြောင်း ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဗိုင်းရပ်စ်ပိုး စတင်ကူးစက်ဖြစ်ပွားတဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ခုဆိုရင် သေဆုံးသူ ၁,၃၇၇ ယောက် ရှိသွားပါပြီ။

မနေ့က ဗုဒ္ဓဟူးနေ့မှာပဲ ရောဂါပိုးကူးစက်ခံရသူ အရေအတွက် ကျဆင်းသွားတယ်ဆိုပြီး တရုတ်အစိုးရက ပြောဆိုခဲ့ပြီး နောက်တရက် ဒီကနေ့မှာ သေဆုံးသူ ၂၅၀ ကျော်တိုးလာတာပါ။

ရောဂါပိုးရှိ-မရှိကို အရင်လို ဓာတ်ခွဲခန်းပို့ စမ်းသပ်စရာ မလိုတော့ဘဲ အဆင့်မြင့် ကွန်ပျူတာနည်းပညာနဲ့ ခန္ဓာကိုယ်ကို scan လုပ်ပြီး စစ်ဆေးစမ်းသပ်တဲ့နည်း ပြောင်းလဲသုံးလာတဲ့အကြောင်း ဟူဘေးပြည်နယ် ကျန်းမာရေး အရာရှိတွေက ပြောဆိုခဲ့ပြီးတဲ့နောက် ကူးစက်သူအရေအတွက်လည်း သိသိသာသာ တိုးလာပါတယ်။

အခုဆိုရင် တရုတ်နိုင်ငံ တဝှမ်း ဒီရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၆၀,၀၀၀ လောက် ရှိသွားပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာ အရင် ၂၀၀၂-၂၀၀၃ ခုနှစ်တုန်းက တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ကျွန်းတွေမှာ ဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ SARS ရောဂါကြောင့် သေဆုံးသူအရေအတွက်ထက် ပိုများသွားပါပြီ။

SARS ကြောင့် သေဆုံးခဲ့သူက ၇၇၄ ယောက်ရှိခဲ့ဖူးပြီး ကူးစက်ခံရသူ ၈,၁၀၀ နီးပါး ရှိခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]




မနေ့က ဗုဒ်ဓဟူးနေ့မှာပဲ ရောဂါပိုးကူးစကျခံရသူ အရအေတှကျ ကဆြငျးသှားတယျဆိုပွီး တရုတျအစိုးရက ပွောဆိုခဲ့ပွီး နောကျတရကျ ဒီကနေ့မှာ သဆေုံးသူ ၂၅၀ ကြောျတိုးလာတာပါ။





XS
SM
MD
LG