သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရှေ့နေချုပ် အောက်လွှတ်တော်မှာ ကြားနာစစ်ဆေးခံဖွယ်ရှိ


အမေရိကန် အစိုးရရှေ့နေချုပ် William Barr 
အမေရိကန် အစိုးရရှေ့နေချုပ် William Barr 

(Zawgyi/Unicode)

အမေရိကန်တရားရေးဌာနနဲ့ ရာဇဝတ်ကြောင်း တရားစီရင်ရေးစနစ်အပေါ် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ သြဇာလွှမ်းမိုးမှုကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုနေကြချိန်မှာပဲ အမေရိကန် အစိုးရရှေ့နေချုပ် William Barr ဟာ အောက်လွှတ်တော် တရားရေးကော်မတီမှာ ရှေ့လအတွင်း မေးခွန်းတွေကိုဖြေဆိုပြီး ရှင်းလင်းပြောကြားမယ်လို့ ခန့်မှန်းထားပါတယ်။

သမ္မတရဲ့ လူယုံတဦးဖြစ်သူ Roger Stone အပေါ် နိုင်ငံရေးအရ အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲဆိုထားတာမှာ ပြစ်ဒဏ်လျော့အောင် တရားရေးဌာနက ဝင်ပြီးပြောဆိုခဲ့တဲ့အတွက် ရှေ့နေချုပ် Barr ကို သမ္မတထရမ့်ပ်က ချီးကျူးပြောဆိုခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ မစ္စတာ Barr လာရောက်ထွက်ဆိုမယ့်အကြောင်း အောက်လွှတ်တော် တရားရေးကော်မတီဥက္ကဋ္ဌက ကြေညာခဲ့ တာပါ။ Roger Stone ကို ထောင်ဒဏ် ၉ နှစ်ထိချမှတ်ဖို့ တရားရေးဌာနရှေ့နေတွေက တင်ပြထားတာဖြစ်ပါတယ်။

Roger Stone အပေါ် တရားစွဲဆိုတာဟာ လုံးဝကို အထိန်းအကွပ်မဲ့ဖြစ်ခဲ့ပြီး စကတည်းက တရားစွဲသင့်တာမျိုးတောင် မဟုတ်ဘူး လို့ သမ္မတထရမ့်ပ်က Twitter မှာရေးပြီး ရှေ့နေချုပ် Barr ကို ချီးကျူးခဲ့ပါတယ်။

Roger Stone အပေါ် တရားစွဲဆိုထားတဲ့အမှုဟာ သမ္မတထရမ့်ပ် အနိုင်ရခဲ့တဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကာလ အတော်ကြာ စုံစမ်းစစ်ဆေးမှုနဲ့ ဆက်စပ်နေပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ရှေ့နေချုပ် Barr က ဝင်ရောက်ပြောဆိုခဲ့ပြီးတဲ့နောက် အမှုကို ကိုင်တွယ်လုပ်ဆောင်နေတဲ့ တရားရေးဌာန ဝါရင့်ရှေ့နေလေးဦး အမှုကို ဆက်မကိုင်တော့ဘဲ နုတ်ထွက်ခဲ့ကြပါတယ်။

Roger Stone ဟာ ကွန်ဂရက်လွှတ်တော်ကို လိမ်လည်မှု၊ သက်သေတွေအပေါ် သြဇာလွှမ်းမိုးဖို့ကြိုးစားမှု၊ ၂၀၁၆ သမ္မတရွေးကောက်ပွဲကို ရုရှားက ဝင်နှောက်တဲ့အပေါ် အဲဒီအချိန် အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ စုံစမ်း စစ်ဆေးမှုကို ဟန့်တားနှောင့်ယှက်မှုဆိုင်ရာ စွဲချက်တွေအပါအဝင် အမှုခုနစ်မှုအတွက် အပြစ်ရှိကြောင်း နိုဝင်ဘာလမှာ တရားရုံးက ဆုံးဖြတ်ထားတာပါ။

အဲဒီပြစ်မှုတွေအတွက် Roger Stone ကို ထောင်ဒဏ် ၇ နှစ်ကနေ ၉ နှစ်အထိချမှတ်ဖို့ တရားရေးဌာနရှေ့နေတွေက တင်ပြထား တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)


သမ်မတရဲ့ လူယုံတဦးဖွဈသူ Roger Stone အပေါျ နိုငျငံရေးအရ အကငြ့ျပကြျခွစားမှုနဲ့ တရားစှဲဆိုထားတာမှာ ပွဈဒဏျလြော့အောငျ တရားရေးဌာနက ဝငျပွီးပွောဆိုခဲ့တဲ့အတှကျ ရှေ့နခြေုပျ Barr ကို သမ်မတထရမ့ျပျက ခြီးကြူးပွောဆိုခဲ့တဲ့ ဗုဒ်ဓဟူးနေ့မှာပဲ မစ်စတာ Barr လာရောကျထှကျဆိုမယ့ျအကွောငျး အောကျလှှတျတောျ တရားရေးကောျမတီဥက်ကဋ်ဌက ကွညောခဲ့ တာပါ။ Roger Stone ကို ထောငျဒဏျ ၉ နှဈထိခမြှတျဖို့ တရားရေးဌာနရှေ့နတှေကေ တငျပွထားတာဖွဈပါတယျ။





XS
SM
MD
LG