သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump လူယုံ Roger Stone ဖမ်းဆီးခံရ


အမေရိကန်သမ္မတ Donald Trump ရဲ့လူယုံတယောက်လည်းဖြစ်၊ Trump ရွေးကောက်ပွဲစည်းရုံး အကြံပေး လည်းဖြစ်တဲ့ Roger Stone
အမေရိကန်သမ္မတ Donald Trump ရဲ့လူယုံတယောက်လည်းဖြစ်၊ Trump ရွေးကောက်ပွဲစည်းရုံး အကြံပေး လည်းဖြစ်တဲ့ Roger Stone

အမေရိကန်သမ္မတ Donald Trump ရဲ့လူယုံတယောက်လည်းဖြစ်၊ Trump ရွေးကောက်ပွဲစည်းရုံး အကြံပေး လည်းဖြစ်တဲ့ Roger Stone ကို ရာဇဝတ်ပြစ်မှု ၇ မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှားဝင်စွက်ဖက်ခဲ့သလားဆိုတာ စုံစမ်းနေတဲ့ အထူးစုံစမ်းရေးမှူး Robert Mueller ရုံးကနေ Mr. Stone ကိုလိမ်ညာထွက်ဆိုမှု၊ တရားရေးလုပ်ငန်းနဲ့ သက်သေထွက်ဆိုသူတွေကို နှောင့်ယှက် ဟန့်တားမှုတို့နဲ့ တရားစွဲခဲ့ပြီး သောကြာနေ့ မနက်အစောကြီးအချိန်Florida ပြည်နယ်က သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင်က Democrat ပါတီတာဝန်ရှိသူတွေရဲ့ email တွေကို ရုရှားဝင်ရောက် ခိုးယူတဲ့ကိစ္စနဲ့ အခုအမှုတွေ ဆက်စပ်နေပါတယ်။

email တွေကိုလူသိရှင်ကြား မထုတ်ပြန်ခင် WikiLeaks website တည်ထောင်သူ Julian Assange နဲ့ တွေ့ဆုံ ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီကို Roger Stone လိမ်ညာ ပြောခဲ့ တယ်လို့ အစိုးရရှေ့နေတွေ တရားရုံးကို တင်ပြတဲ့ စွပ်စွဲချက်တွေမှာ ဖော်ပြထားပါတယ်။ Wikileaks ကနေ Democrat ပါတီနဲ့ ပတ်သက်တဲ့အချက်အလက်တွေ မထုတ်ပြန်ခင်နဲ့ ထုတ်ပြန်ခဲ့ပြီးချိန်တွေမှာ Mr. Stone နဲ့ Trump အောင်နိုင်ရေး ထိပ်တန်းတာဝန်ရှိသူတွေကြား အပြန်အလှန်ဆက်သွယ်ခဲ့တဲ့ အကြောင်းတွေ လိမ်ညာ ထွက်ဆိုခဲ့တဲ့အတွက် ဖမ်းဆီးခံရပုံရပါတယ်။

နှစ်ပေါင်း ၄၀ လောက်သမ္မတနဲ့ ခင်မင်ရင်းနှီးပြီး Trump ရွေးကောက်ပွဲ အနိုင်ရဖို့ ဦးဆောင်ကြိုးပမ်းခဲ့သူ Roger Stone ကို အထူးစုံစမ်းရေးမှူး Robert Mueller ဦးဆောင်တဲ့ စုံစမ်းသူတွေက အသေးစိတ်စုံစမ်းခဲ့တာပါ။ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်း Hillary Clinton ကိုထိခိုက်အောင် ရုရှားတို့နဲ့ ပူးပေါင်းလုပ်ခဲ့သလား ဆိုတာကို စုံစမ်းနေတဲ့ စုံစမ်းမှုကနေ ဖမ်းဆီး တရားစွဲခဲ့သူတွေထဲမှာ Roger Stone က အရေးအပါဆုံး တယောက်လို့ ပြောလို့ရပါတယ်။

ဒီနေ့ Fort Lauderdale တရားရုံးမှာ သူ့ကို ရုံးထုတ်မှာဖြစ်ပြီး သူ့ဘက်ကတော့ ဘာမှ အမှားမလုပ်ခဲ့ဘူးလို့ ငြင်းဆန်ထားပါတယ်။

သမ္မတ Trump လူယုံ Roger Stone ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG