သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော်ကြားနာပွဲ ရှေနေ့ချုပ် William Barr တက်မည်မဟုတ်


၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာဝင်နှောင့်ယှက်ခဲ့တဲ့ ရုရှားနဲ့ Trump စည်းရုံးရေးတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ရှိ မရှိ အစီရင်ခံနဲ့ပါတ်သက်တဲ့ အောက်လွှတ်တော်ကြားနာပွဲကို ရှေ့နေချုပ် William Barr တက်ရောက်ခြင်းမရှိပါဘူး။

ဒီကနေ့ အောက်လွှတ်တော် တရားရေးကော်မတီကြားနာပွဲမှာ ရှေ့နေချုပ် Barr လာရောက် ထွက်ဆိုဖို့ အရင်က စီစဉ်ထားပေမဲ့ ဗုဒ္ဓဟူးနေ့ ညနေကမှ မလာဖြစ်တော့ဘူးလို့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ကြားနာပွဲမှာ ကော်မတီဝင် ၄၁ ယောက်စီက တယောက်ကို ၅ မိနစ်စီမေးခွန်းမေးခွင့်ပေးပြီးရင်၊ ကော်မတီရဲ့ Democratic နဲ့ Republican ရှေ့နေတွေကို တဖက် မိနစ် ၃၀ စီမေးခွန်းမေးခွင့်ပေးဖု့ိ ကော်မတီဥက္ကဋ္ဌ Jarrold Nadler ကစီစဉ်ထားတာပါ။

ရှေ့နေချုပ် Barr က ကော်မတီဝင်တွေရဲ့ အမေးကို ဖြေဆိုဖို့ သဘောတူပေမဲ့ ရှေ့နေတွေရဲ့ မေးခွန်းတွေကို ဖြေဆိုဖို့ ငြင်းဆန်ပြီး ကြားနာပွဲကို မလာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လွှတ်တော်ကို မထေမဲ့မြင်လုပ်တဲ့လုပ်ရပ်လို့ ကော်မတီဥက္ကဋ္ဌ Nadler ကပြောပါတယ်။ ကော်မတီအမှုထမ်းတွေကို မေးခွန်းမေးခွင့်ပြုတာဟာ မသင့်တော်ဘူးလို့ တရားရေးဌာနက ပြောကြားခဲ့ပါတယ်။

အထက်လွှတ်တော် တရားရေးကော်မတီမှာ ဗုဒ္ဓဟူးနေ့က ကြားနာပွဲအတွင်းမှာတော့ အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာပါ အချက်တွေနဲ့ပါတ်သက်လို့ ရှေ့နေချုပ် Barr ကဖြေဆိုခဲ့ပါတယ်။ သမ္မတ Trump ကတရားစီရင်ရေးကို နှောင့်ယှက်ခဲ့သလားဆိုတဲ့ ကိစ္စမှာ အထူးစုံစမ်းရေးမှူးက အစီရင်ခံစာမှာ အပြစ်ကင်းမကင်း ကောက်ချက် ချမထားပေမဲ့ Trump အပေါ် ရာဇဝတ်မှုနဲ့ တရားစွဲနိုင်လောက်အောင် ပြစ်မှု မမြောက်တဲ့အတွက် အပြစ်ကင်းတယ်လို့ သူက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ရှေ့နေချုပ်က ထွက်ဆိုသွားပါတယ်။

ကန်အောက်လွှတ်တော်ကြားနာပွဲ ရှေနေ့ချုပ် William Barr တက်မည်မဟုတ်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG