သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Mueller အစီရင်ခံစာကိုင်တွယ်မှု အစိုးရရှေ့နေချုပ် လွှတ်တော်မှာ စစ်ဆေးခံရ


၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲတုန်းက ရုရှားရဲ့ ဝင်စွက်မှုနဲ့ ပတ်သက်ပြီး မကြာခင်က ထွက်ပေါ်လာတဲ့ စုံစမ်းရေးမှုး Robert Mueller ရဲ့ အစီရင်ခံစာ အပေါ် ကိုင်တွယ်ပုံနဲ့ သမ္မတ Donald Trump ဟာ စုံစမ်းစစ်ဆေးမှုကို မဟန့်တားခဲ့ဘူး ဆိုတဲ့ အငြင်းပွါးဖွယ် ဆုံးဖြတ်မှုတို့ကို ခုခံ ကာကွယ်ဖို့အတွက် အမေရိကန် ပြည်ထောင်စု ရှေ့နေချုပ် William Barr က ကွန်ဂရက် လွှတ်တော် ရှေ့မှောက် ဗုဒ္ဓဟူးနေ့က ထွက်ဆိုခဲ့ပါတယ်။

Mueller ရဲ့ ၂ နှစ်ကြာ စုံစမ်းစစ်ဆေးမှု အပြီး ပထမဦးဆုံးအကြိမ် အဖြစ် အထက်လွှတ်တော် တရားရေး ကော်မတီရှေ့မှောက် ထွက်ဆိုရာမှာ စုံစမ်းရေး အစီရင်ခံစာကို စာမျက်နှာ ၄ မျက်နှာ အကျဉ်းချုပ် ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီမိုကရက်အမတ်တွေရဲ့ ခက်ခဲတဲ့ မေးခွန်းတွေကို William Barr ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီအစီရင်ခံစာ တခုလုံးကို ဟိုတစ ဒီတစထုတ်ပြန်ပြီး မပြည့်စုံတဲ့ အချက်လက်တွေ အပေါ် လူထုကြား အငြင်းပွါးစရာ ဖြစ်အောင် လုပ်တာဟာ အကျိုး မရှိနိုင်ဘူးလို့ ယုံကြည်ကြောင်း Barr က ပြောသွားတာပါ။

William Barr အကျဉ်းချုပ် ပြန်ရေးထားတဲ့ စာဟာ အဓိပ္ပါယ် မခြုံငုံမိဘူး၊ ဒါ့ကြောင့် အစီရင်ခံစာ မူရင်းပါ တရားဝင် အနှစ်ချုပ်ကို ထုတ်ပြန်ဖို့ Robert Mueller က စာရေး ပေးပို့ခဲ့ပြီးတဲ့ နောက် အခုလို ကြားနာ စစ်ဆေးမှု ဖြစ်လာတာပါ။

William Barr ကတော့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ တခုလုံးကို ဖြစ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြန်ချင်တယ် ဆိုပြီး Robert Mueller ရဲ့ မေတ္တာရပ်ခံချက်ကို ပယ်ချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG