သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတွက် လုပ်ကိုင်ပေးခဲ့တာ မရှိဘူးလို့ သမ္မတထရမ့်ငြင်း


Donald Trump
Donald Trump

အမေရိကန်သမ္မတ Donald Trump ဟာ ရုရှားနိုင်ငံအတွက် လုပ်ကိုင်ပေးနေတာ ဖြစ်ကောင်းဖြစ်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပြီးရက်ပိုင်းအကြာမှာပဲ “ ရုရှားအတွက် ဘယ်တုန်းက လုပ်ကိုင်ပေးခဲ့တာမရှိဘူး” လို့ သမ္မတ Trump က မနေ့ တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။ New Orleans မှာကျင်းပမယ့် စိုက်ပျိုးရေးဆိုင်ရာ ညီလာခံကိုတက်ရောက်ဖို့ ထွက်လာတဲ့ သမ္မတTrump ကို ရုရှားနဲ့ပတ်သက်ပြီး မေးခွန်းထုတ်တဲ့ သတင်းထောက်ကို "အဲဒီလိုမေးခွန်းထုတ်တာနဲ့တင် သိက္ခာကျနေပြီ" လို့ သမ္မတ Trump က အိမ်ဖြူတော်အပြင်ဘက်မှာ ပြောဆိုပါတယ်။

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားတို့ ကြားဝင်နှောင့်ယှက်မှုကို စုံစမ်းနေတဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI အကြီးအကဲ James Comey ကို ၂၀၁၇ခုနှစ် မေလမှာ သမ္မတ Trump ကရာထူးကဖယ်ရှားလိုက်တဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ ရုရှားအတွက် သမ္မတ Trum လုပ်ကိုင်ပေးနေသလား၊ ဒါမှမဟုတ် ရုရှားရဲ့ လွှမ်းမိုးမှုကို အမှတ်တမဲ့ ခံနေရသလားဆိုတာကို FBI က စတင်စုံစမ်းခဲ့တာဖြစ်တယ်လို့ The New York Times သတင်းစာက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဖော်ပြခဲ့တာပါ။

တခါ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ရုရှားသမ္မတ Vladimir Putin နဲ့ ၅ ကြိမ် တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲအသေးစိတ်အချက်အလက်တွေကို သမ္မတ Trump ဘက်က လုပ်ရိုးလုပ်စဉ်အတိုင်းမဟုတ်ပဲ လျှို့ဝှက်ထားတဲ့အပေါ် The Washington Post သတင်းစာကြီးကလည်း ခုရက်ပိုင်းအတွင်း ရေးသားဖော်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်နှောင့်ယှက်မှုနဲ့ ရုရှား ရဲ့ အကျိုးစီးပါွးအတွက် သမ္မတ Trump လုပ်ကိုင်ပေးနေခြင်းရှိမရှိဆိုတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခုတော့ အထူးစုံစမ်းရေးမှုး Robert Muller က ကြီးကြပ်နေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG