သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်တံတိုင်းရံပုံငွေအတွက် အရေးပေါ်အခြေအနေ သမ္မတ Trump ကြေညာတော့မည်မဟုတ်


အမေရိကန် နယ်ခြားစောင့် ပတ္တရောင်ရဲတပ်ဖွဲ့ဝင်တဦး စန်ဒီယေဂိုကမ်းစပ်မှာ ကင်းလှည့်နေစဉ်။ (ဇန်နဝါရီ ၉၊ ၂၀၁၉)
အမေရိကန် နယ်ခြားစောင့် ပတ္တရောင်ရဲတပ်ဖွဲ့ဝင်တဦး စန်ဒီယေဂိုကမ်းစပ်မှာ ကင်းလှည့်နေစဉ်။ (ဇန်နဝါရီ ၉၊ ၂၀၁၉)

အမေရိကန်ပြည်ထောင်စုတောင်ပိုင်းနယ်စပ်မှာ ဖြစ်ပွားနေတာတွေဟာ ကျူးကျော်မှုတရပ်ဖြစ်တယ်လို့ သမ္မတ Trump က သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။ အစိုးရလုပ်ငန်းတချို့ ခေတ္တရပ်ဆိုင်းထားရတာကနေ ပြန်လည် လည်ပတ်နိုင်အောင် နယ်စပ်တံတိုင်းဆောက်ဖို့ စရိတ်ကို ယူတဲ့အနေနဲ့ နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာမှာ မဟုတ်တဲ့အကြောင်းလည်း ပြောဆိုသွားပါတယ်။

နယ်စပ်တံတိုင်းတည်ဆောက်ဖို့ ဒေါ်လာ ၅ ဘီလျံရရှိရေးအတွက် အောက်လွှတ်တော်ဒီမိုကရက်တွေနဲ့ ထိပ်တိုက် တွေ့နေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကွန်ဂရက်လွှတ်တော်က မဲခွဲပြီး ရန်ပုံငွေချပေးတာကိုသာ လိုချင်တယ်။ ဒီအတွက် လောလောဆယ် အရေးပေါ်အခြေအနေကြေညာဖို့ မရှိဘူးလို့လည်း သမ္မတ Trump က ပြောဆိုသွားပါတယ်။

နယ်စပ်တံတိုင်း အသုံးစရိတ်ကိစ္စ Trump နဲ့ လွှတ်တော်အကြား သဘောတူညီချက်မရနိုင်တာကြောင့် ဒီဇင်ဘာလ ၂၂ ရက်နေ့ကတည်းက အမေရိကန်အစိုးရလုပ်ငန်းတချို့ကို ရပ်ဆိုင်းထားရတာပါ။ အစိုးရ လုပ်ငန်းတွေ ရပ်ထားရတာ အခုလို ၂၁ ရက်ရှိသွားပြီ ဖြစ်ပြီး အမေရိကန်သမိုင်းမှာ အချိန်အကြာဆုံး အစိုးရလုပ်ငန်းတွေရပ်ထားရမှုအဖြစ် စံချိန်တင်သွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG