သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္လူဦးေရတ၀က္ရဲ႕ ကိုယ္ေရးအခ်က္အလက္ ခိုးယူတဲ႔ တရုတ္၄ ဦး ကန္စြဲခ်က္တင္


အေမရိကန္ ေရွ႕ေနခ်ဳပ္ William Barr

(Zawgyi/Unicode)

လူတဦးခ်င္းစီရဲ႕ ေငြေၾကးဆိုင္ရာ ယံုၾကည္စိတ္ခ်ရမႈ စံႏႈန္းေတြကို သတ္မွတ္တဲ႔ အေမရိကန္ လုပ္ငန္းႀကီး Equifax ကို ၂၀၁၇ ခုႏွစ္တုန္းက အင္တာနက္ကေန ေဖာက္ထြင္းၿပီး အေမရိကန္ ျပည္သူ ထက္၀က္နီးပါးရဲ႕ ပုဂၢိဳလ္ေရး အခ်က္အလက္ေတြကို ခိုးယူခဲ႔မႈနဲ႔ တရုတ္ စစ္တပ္ တပ္ဖြဲ႔၀င္ ၄ ဦးကို စြဲခ်က္တင္လုိက္ေၾကာင္း အေမရိကန္ ဥပေဒထိန္းသိမ္းေရး တာ၀န္ရွိသူေတြက တနလာၤေန႔မွာ ေၾကညာပါတယ္။ အေမရိကန္ ေရွ႕ေနခ်ဳပ္ William Barr က အခုလို ေျပာပါတယ္။

“ကုန္သြယ္ေရး လွ်ိဳ႕၀ွက္ခ်က္ေတြနဲ႔ စီးပြားေရးဆိုင္ရာ အတြင္းေရး အခ်က္အလက္ေတြကို ပစ္မွတ္ထားၿပီး တရုတ္ရဲ႕ ခိုးယူမႈနဲ႔ ကြန္ျပဴတာ ေဖာက္ထြင္းမႈေတြမွာ အစိုးရေတြက ပံ႔ပိုးေပးေနတဲ႔ ပံုစံတခုကို ဒီအမႈေတြက ေဖာ္ထုတ္ျပလိုက္တာ ျဖစ္ပါတယ္။ အေမရိကန္ရဲ႕ စီးပြားေရးဆိုင္ရာ သူလွ်ိဳလုပ္ရပ္ေတြအေပၚ တရားစြဲဆိုမႈရဲ႕ ၈၀ ရာခုိင္ႏႈန္းေလာက္မွာ တရုတ္ အစိုးရ ပါ၀င္ ပတ္သက္ေနပါတယ္။ ဒီဘက္ ႏွစ္ပိုင္းေတြ အတြင္း ကုန္သြယ္ေရး လွ်ိဳ႕၀ွက္ခ်က္ ခိုးယူမႈ ကိစၥေတြရဲ႕ ၆၀ ရာခုိင္ႏႈန္းေလာက္မွာ တရုတ္နဲ႔ တနည္းတဖံု ပတ္သက္ေနပါတယ္” လို႔ ေရွ႕ေနခ်ဳပ္ William Barr က ေျပာဆိုခဲ႔တာပါ။

တ႐ုတ္သူလွ်ိဳ ကန္ေဖာ္ထုတ္ အေရးယူတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

အခု စြဲခ်က္တင္ခံရသူေတြကေတာ့ တရုတ္ ျပည္သူ႔ လြတ္ေျမာက္ေရး တပ္မေတာ္ အမွတ္ ၅၄ သုေတသန အင္စတီက်ဴက ျဖစ္ၿပီး သူတို႔ နာမည္ေတြကေတာ့ Wu Zhiyong ၊ Wang Qian၊ Xu Ke နဲ႔ Liu Lei တို႔ ျဖစ္တယ္လုိ႔ စြဲခ်က္မွာ ေဖာ္ျပထားပါတယ္။ Equifax ရံုးခ်ဳပ္ရွိရာ အတၱလႏၱာမွာ ရာဇ၀တ္မႈ စြဲခ်က္ေတြနဲ႔ စြဲဆိုတာ ျဖစ္ပါတယ္။ တရုတ္ႏုိင္ငံက အခု စြဲဆိုခံရသူ ၄ ဦးကိုေတာ့ ထိန္းသိမ္းထားတာ မရွိပါဘူး။

အေမရိကန္ ျပည္ေထာင္စု ေဂ်ာ္ဂ်ီယာ ျပည္နယ္ အတၱလႏၱာၿမိဳ႕ အေျခစိုက္ Equifax လုပ္ငန္းႀကီးရဲ႕ ကြန္ျပဴတာ ကြန္ရက္ကို တရုတ္ ဟက္ကာ ၄ ဦးက ခ်ိဳးေဖာက္ ၀င္ေရာက္ၿပီး အခ်က္အလက္ေတြ ခိုးယူခဲ႔တာဟာဆိုရင္ သမိုင္းမွာ အႀကီးမားဆံုးေသာ အခ်က္အလက္ ေပါက္ၾကားမႈ ျဖစ္ရပ္ႀကီး တခု ျဖစ္ပါတယ္။ Equifax လုပ္ငန္းႀကီးရဲ႕ ကြန္ျပဴတာ ကြန္ရက္ကို ေဖာက္ထြင္းၿပီး အေမရိကန္ ၁၄၅ သန္းရဲ႕ နာမည္၊ ေမြးသကၠရာဇ္နဲ႔ လူမႈဖူလံုေရး နံပတ္ ေတြကို ခိုးယူခဲ႔ပါတယ္။

ဒါ႔အျပင္ အနည္းဆံုး အေမရိကန္ ၁၀ သန္းေလာက္ရဲ႕ ယာဥ္ေမာင္းလိုင္စင္ နံပတ္ေတြ၊ အေမရိကန္ ႏုိင္ငံသား ၂၀၀,၀၀၀ နီးပါးရဲ႕ အေၾကြး၀ယ္ခြင့္ ဘဏ္ကတ္ နံပတ္ေတြလည္း ခိုးယူသြားခဲ႔တယ္လို႔ ဖယ္ဒရယ္ အစိုးရရဲ႕ ျပစ္မႈဆိုင္ရာ ၉ ခုနဲ႔ စြဲခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီ ၄ ဦးက ကုန္သြယ္ေရး လွ်ိဳ႕၀ွက္ခ်က္ေတြကိုလည္း ခိုးယူခဲ႔တယ္လို႔ စြပ္စြဲခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................

ကန်လူဦးရေတဝက်ရဲ့ ကိုယ်ရေးအချက်အလက် ခိုးယူတဲ့ တရုတ်၄ ဦး ကန်စွဲချက်တင်

(Unicode)

လူတဦးချင်းစီရဲ့ ငွေကြေးဆိုင်ရာ ယုံကြည်စိတ်ချရမှု စံနှုန်းတွေကို သတ်မှတ်တဲ့ အမေရိကန် လုပ်ငန်းကြီး Equifax ကို ၂၀၁၇ ခုနှစ်တုန်းက အင်တာနက်ကနေ ဖောက်ထွင်းပြီး အမေရိကန် ပြည်သူ ထက်ဝက်နီးပါးရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ခိုးယူခဲ့မှုနဲ့ တရုတ် စစ်တပ် တပ်ဖွဲ့ဝင် ၄ ဦးကို စွဲချက်တင်လိုက်ကြောင်း အမေရိကန် ဥပဒေထိန်းသိမ်းရေး တာဝန်ရှိသူတွေက တနလာၤနေ့မှာ ကြေညာပါတယ်။ အမေရိကန် ရှေ့နေချုပ် William Barr က အခုလို ပြောပါတယ်။

တရုတ်သူလျှို ကန်ဖော်ထုတ် အရေးယူတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

“ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေနဲ့ စီးပွားရေးဆိုင်ရာ အတွင်းရေး အချက်အလက်တွေကို ပစ်မှတ်ထားပြီး တရုတ်ရဲ့ ခိုးယူမှုနဲ့ ကွန်ပြူတာ ဖောက်ထွင်းမှုတွေမှာ အစိုးရတွေက ပံ့ပိုးပေးနေတဲ့ ပုံစံတခုကို ဒီအမှုတွေက ဖော်ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးဆိုင်ရာ သူလျှိုလုပ်ရပ်တွေအပေါ် တရားစွဲဆိုမှုရဲ့ ၈၀ ရာခိုင်နှုန်းလောက်မှာ တရုတ် အစိုးရ ပါဝင် ပတ်သက်နေပါတယ်။ ဒီဘက် နှစ်ပိုင်းတွေ အတွင်း ကုန်သွယ်ရေး လျှို့ဝှက်ချက် ခိုးယူမှု ကိစ္စတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်မှာ တရုတ်နဲ့ တနည်းတဖုံ ပတ်သက်နေပါတယ်” လို့ ရှေ့နေချုပ် William Barr က ပြောဆိုခဲ့တာပါ။

အခု စွဲချက်တင်ခံရသူတွေကတော့ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အမှတ် ၅၄ သုတေသန အင်စတီကျူက ဖြစ်ပြီး သူတို့ နာမည်တွေကတော့ Wu Zhiyong ၊ Wang Qian၊ Xu Ke နဲ့ Liu Lei တို့ ဖြစ်တယ်လို့ စွဲချက်မှာ ဖော်ပြထားပါတယ်။ Equifax ရုံးချုပ်ရှိရာ အတ္တလန္တာမှာ ရာဇဝတ်မှု စွဲချက်တွေနဲ့ စွဲဆိုတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အခု စွဲဆိုခံရသူ ၄ ဦးကိုတော့ ထိန်းသိမ်းထားတာ မရှိပါဘူး။

အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာ ပြည်နယ် အတ္တလန္တာမြို့ အခြေစိုက် Equifax လုပ်ငန်းကြီးရဲ့ ကွန်ပြူတာ ကွန်ရက်ကို တရုတ် ဟက်ကာ ၄ ဦးက ချိုးဖောက် ဝင်ရောက်ပြီး အချက်အလက်တွေ ခိုးယူခဲ့တာဟာဆိုရင် သမိုင်းမှာ အကြီးမားဆုံးသော အချက်အလက် ပေါက်ကြားမှု ဖြစ်ရပ်ကြီး တခု ဖြစ်ပါတယ်။ Equifax လုပ်ငန်းကြီးရဲ့ ကွန်ပြူတာ ကွန်ရက်ကို ဖောက်ထွင်းပြီး အမေရိကန် ၁၄၅ သန်းရဲ့ နာမည်၊ မွေးသက္ကရာဇ်နဲ့ လူမှုဖူလုံရေး နံပတ် တွေကို ခိုးယူခဲ့ပါတယ်။

ဒါ့အပြင် အနည်းဆုံး အမေရိကန် ၁၀ သန်းလောက်ရဲ့ ယာဉ်မောင်းလိုင်စင် နံပတ်တွေ၊ အမေရိကန် နိုင်ငံသား ၂၀၀,၀၀၀ နီးပါးရဲ့ အကြွေးဝယ်ခွင့် ဘဏ်ကတ် နံပတ်တွေလည်း ခိုးယူသွားခဲ့တယ်လို့ ဖယ်ဒရယ် အစိုးရရဲ့ ပြစ်မှုဆိုင်ရာ ၉ ခုနဲ့ စွဲချက်မှာ ဖော်ပြထားပါတယ်။ ဒီ ၄ ဦးက ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေကိုလည်း ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

XS
SM
MD
LG