သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas ပြည်နယ် ပစ်ခတ်မှု သေကြေထိခိုက်သူ များပြား

Texas ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ပျောက်ဆုံးသူများကို လိုက်ရှာနေကြစဉ် (ဓာတ်ပုံ-AP)
Texas ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ပျောက်ဆုံးသူများကို လိုက်ရှာနေကြစဉ် (ဓာတ်ပုံ-AP)

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်က နယ်စပ်မြို့ El Paso က ဈေးဆိုင်တန်းဝင်း တခုမှာ စနေနေ့က လူစုလူဝေးတွင်း ပစ်ခတ်မှု ဖြစ်တာကြောင့် လူ ၂၀ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိပြီး တဦးကို ဖမ်းဆီးထားတယ်လို့ တက္ကဆက် ရဲတပ်ဖွဲ့က ပြောပါတယ်။ သေနတ်သမား အဖြစ် သံသယ ရှိသူက တက္ကဆက် ပြည်နယ် Allen က အသက် ၂၁ နှစ် အရွယ် Patrick Crusius ဖြစ်တယ်လို့ အာဏာပိုင်တွေရဲ့ အပြောကို ကိုးကားပြီး AP သတင်းက ဖော်ပြပါတယ်။

မြို့ရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ Cielo Vista Mall ဈေးဆိုင်တန်း အဆောက်အအုံ အနီးနဲ့ Walmart ဆိုင်အနီးမှာ ပစ်ခတ်မှု ဖြစ်တယ်လို့ ဒေသစံတော်ချိန် မနက်ပိုင်း ၁၀ နာရီခွဲ လောက်မှာ ရဲတပ်ဖွဲ့က ဖုန်းခေါ်ဆိုမှုတွေ လက်ခံရရှိခဲ့တာပါ။ အရောင်းဆိုင် ဝန်ထမ်း ၁၀၀ နဲ့ ဈေးဝယ်သူ ၁၀၀၀ ကျော်ရှိနေတဲ့ Walmart မှာ ပစ်ခတ်မှု အများဆုံး ဖြစ်ခဲ့တယ်လို့လည်း El Paso ရဲဌာန ပြောခွင့်ရ Robert Gomez က ပြောပါတယ်။ အားလပ်ရက် အခွန်သက်သာခွင့်ကြောင့် မကြာခင် ကျောင်းတွေ ပြန်ဖွင့်တော့မှာ ဖြစ်တဲ့ အတွက် ကျောင်းသုံး ပစ္စည်းတွေ ဝယ်ဖို့ မိသားစုတွေ ဈေးလာဝယ်ကြချိန်လည်း ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လူစုလူဝေးတွင်း ပစ်ခတ်မှုနဲ့ အများအပြား ဒဏ်ရာရခဲ့မှုဟာဆိုရင် El Paso မြို့မှာ မယုံကြည်နိုင်စရာ အဖြစ်လို့လည်း ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောဆိုပြီး ဒဏ်ရာရသူ အများအပြားက အသက်အန္တရာယ် စိုးရိမ်ရတယ်လို့လည်း သူက ပြောပါတယ်။ ရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့တာလို့လည်း ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ နယူးဂျာဆီက သူပိုင် ဂေါဖ့်ကွင်းကို ရောက်နေတဲ့ သမ္မတ Donald Trump ကို ပစ်ခတ်မှု အကြောင်း အသိပေးထားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း အိမ်ဖြူတော် ပြောခွင့်ရက ပြောပါတယ်။

သမ္မတ Trump က ရှေ့နေချုပ် William Barr နဲ့ တက္ကဆက် အုပ်ချုပ်ရေးမှူး Greg Abbott တို့နဲ့ ဆွေးနွေးပြောဆိုခဲ့ကြောင်းလည်း ပြောပါတယ်။ တက္ကဆက် အုပ်ချုပ်ရေးမှူး Greg Abbott က El Paso မြို့ကို ထွက်ခွာသွားပြီလို့လည်း သူ့ရဲ့ ရုံးက ပြောဆိုထားပါတယ်။

Texas ပြည်နယ် ပစ်ခတ်မှု ထိခိုက်သေကြေသူ များပြား
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG