သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန် တိုက်ခိုက်ခံရမှု အထူးစုံစမ်းစစ်ဆေးမည်


New Zealand နိုင်ငံ Christchurch မြို့ရှိ Al-Noor ဗလီ (မတ်၊ ၂၃၊ ၂၀၁၉)
New Zealand နိုင်ငံ Christchurch မြို့ရှိ Al-Noor ဗလီ (မတ်၊ ၂၃၊ ၂၀၁၉)

New Zealand နိုင်ငံ Christchurch မြို့က ဗလီ ၂ ခုတိုက်ခိုက်ခံရတာနဲ့ ပါတ်သက်လို့ အဆင့်မြင့် စုံစမ်း စစ်ဆေးမှုလုပ်နေကြောင်း ဝန်ကြီးချုပ် Jacinda Ardern က ဒီကနေ့ ကြေညာလိုက်ပါတယ်။

လူပေါင်း ၅၀ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှု ဘယ်လိုကြောင့် ဖြစ်ရသလဲဆိုတာကို အသေးစိတ် သိရအောင် စုံစမ်းဖို့ အရေးကြီးတယ်လို့ ဝန်ကြီးချုပ် Ardern က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တရားရုံးချုပ် တရားသူကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် တော်ဝင်ကော်မရှင်က နောင်အနာဂါတ်မှာ ခုလိုမျိုး တိုက်ခိုက်မှုတွေကို ဘယ်လိုရှောင်ရှားနိုင်မလဲ ဆိုတာကိုလည်း အဖြေရှာမှာဖြစ်ပါတယ်။

ပစ်ခတ်မှု မဖြစ်ခင်က သေနတ်သမားရဲ့ လှုပ်ရှားမှုတွေ၊ ရဲနဲ့ ထောက်လှမ်းရေး ဌာနတို့ရဲ့ ဆောင်ရွက်မှု၊ Semi မောင်းပြန်သေနတ်တွေ New Zealand မှာ ရရှိနိုင်မှု အခြေအနေတွေ အပြင် လူမှုကွန်ယက်ရဲ့အခန်းကဏ္ဍကို ကော်မရှင်က စုံစမ်းမှာဖြစ်ပါတယ်။

New Zealand နိုင်ငံဟာ ပြည်သူတွေကို စောင့်ကြည့် ထောက်လှမ်းနေတဲ့ နိုင်ငံမဟုတ်ပေမဲ့ တိုက်ခိုက်သူနဲ့ ပါတ်သက်ပြီး သိနိုင်မလား သိသင့်သလားဆိုတာကို အဖြေရှာဖို့လိုတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ တော်ဝင်ကော်မရှင်ရဲ့ စုံစမ်းမှုက ဘယ်အချိန်မှာ အပြီးသတ်မလဲဆိုတဲ့ အချိန်ဇယားကိုတော့ ဝန်ကြီးချုပ်က မပြောပါဘူး။

ပြည်သူတွေ အကြာကြီး မစောင့်နိုင်ဘူးဆိုတာ နားလည်ပေမဲ့ စုံစမ်းမှုတွေကို အသေအချာလုပ်ဖို့ အချိန်လိုတယ်လို့ သူက ပြောကြားသွားပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် New Zealand နိုင်ငံမှာ စစ်သုံးပုံစံ Automatic နဲ့ Semi-automatic မောင်းပြန် သေနတ်အားလုံးကို တားမြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပါတ်က ကြေညာခဲ့ပါတယ်။

နယူးဇီလန် တိုက်ခိုက်ခံရမှု အထူးစုံစမ်းစစ်ဆေးမည်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG