သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန်ဗလီတိုက်ခိုက်မှု သေဆုံးသူ ၅၀ အနက် ၂၆ ဦး ဈာပန လူပေါင်းထောင်ချီတက်ရောက်


အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူတွေကို မြေမြှုပ်သဂြိုၤလ်ဖို့ သယ်ဆောင်စဉ် (မတ်၊ ၂၂၊ ၂၀၁၉)
အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူတွေကို မြေမြှုပ်သဂြိုၤလ်ဖို့ သယ်ဆောင်စဉ် (မတ်၊ ၂၂၊ ၂၀၁၉)

နယူးဇီလန်နိုင်ငံက မူဆလင်ဗလီတွေမှာ ပြီးခဲ့တဲ့ သောကြာနေ့က အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၅၀ ထဲက ၂၆ ယောက်ကို ဒီကနေ့ မြေမြှုပ်သဂြိုၤလ်တဲ့ အခန်းအနားကို လူပေါင်းထောင်ချီ တက်ရောက်ကြပါတယ်။

ဒီကနေ့ သဂြိုၤလ်လိုက်တဲ့ အထဲမှာတော့ အငယ်ဆုံးအဖြစ် အသက် ၃ နှစ်အရွယ် ကလေးတယောက်လည်း ပါဝင်ခဲ့တာပါ။ မူဆလင်တရား ဟောဆရာ Gamil Fouda ကတော့ အမုန်းတရားတွေကို မေတ္တာတရားနဲ့ ကုစားသွားမယ့်အကြောင်း Christchurch မြို့က ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဗလီရှေ့မှာ ကျင်းပခဲ့တဲ့ ဈာပနအခန်းအနားမှာ ပြောဆိုခဲ့ပါတယ်။

လူသတ်သမားလက်က လွတ်မြောက်အောင် တံခါးဖွင့်ကြိုဆိုကြတဲ့ အိမ်နားနီးချင်းတွေ၊ ကားတွေရပ်ပြီး အကူအညီ ပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

မိသားစုတွေကြား ရင်းနှီးမှုတွေ ရရှိအောင် ကြိုးစားခဲ့သူလည်းဖြစ်၊ ခေါင်းစီးပုဝါခြုံပြီး ဂါရဝပြုခဲ့သူလည်းဖြစ်တဲ့ နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern ရဲ့ ဦးဆောင်မှုဟာ ကမ္ဘာကြီးအတွက် သင်ခန်းစာယူစရာ စံနမူနာတခု အဖြစ်နဲ့လည်း ပြောကြားသွားပါတယ်။

နယူးဇီလန်နိုင်ငံ တဝှမ်းက အမျိုးသမီးတွေကတော့ မူဆလင် အသိုင်းအဝန်းကို အားပေးတဲ့ အနေနဲ့ ခေါင်းစည်းပုဝါတွေ ခြုံခဲ့ကြတာပါ။ ဈာပနအခမ်းအနားက အမျိုးသမီး ရဲမေတွေဟာလည်း ခေါင်းစည်းပုဝါတွေ ဝတ်ဆင်ပြီး ယူနီဖောင်းတွေမှာလည်း နှင်းဆီနီတွေ ထိုးထားကြကြောင် Reuters သတင်းတပုဒ်က ဖော်ပြပါတယ်။ အခန်းအနားအတွင်း သေဆုံးသွားသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့လည်း ၂ မိနစ်စီ ငြိမ်သက်ခဲ့ကြတာပါ။

ဝန်ကြီးချုပ် Ardern ကတော့ တိုက်ခိုက်မှုဖြစ်ပြီးနောက် တိုက်ခိုက်ရေးသုံး semi-automatic နဲ့ automatic ရိုင်ဖယ်တွေကို တားမြစ်ဖို့ ကြေညာထားပါတယ်။ ကျည်ဆန်အမြောက်အများ ထည့်ပစ်နိုင်တဲ့ ကျည်ကပ်တွေ၊ သာမာန်ရိုင်ဖယ် သေနတ်တွေကို ချေမှုန်းရေး ရိုင်ဖယ်တွေလို ပစ်ခတ်နိုင်အောင် ပြောင်းလဲနိုင်တဲ့ ကိရိယာတွေ ရောင်းချခွင့်လည်း ပိတ်လိုက်တာပါ။

လက်ရှိ ရှိနေပြီးသား အလားတူ သေနတ်တွေကို ပြန်လည် အပ်နှံနိုင်ဖို့ လက်နက်တွေ ပြန်လည်ဝယ်ယူမယ့် အစီအစဉ်ကိုလည်း ဝန်ကြီးချုပ်က ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG