သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန်ပစ်ခတ်မှု မှတ်တမ်း Facebook ဖယ်ရှား


နယူးဇီလန်နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့ကဖြစ်ခဲ့တဲ့ ဗလီကျောင်း ၂ ကျောင်းကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ သေနတ်သမားဟာ သူပစ်ခတ်တိုက်ခိုက်ပုံကို Facebook ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့တဲ့ ဗွီဒီယိုမှတ်တမ်း မှန်သမျှ ဖယ်ရှားပစ်ဖို့ သူတို့ ဆက်လက် လုပ်ဆောင်နေကြောင်း Facebook ကုမ္ပဏီက တနင်္ဂနွေနေ့က ပြောပါတယ်။

တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ နယူးဇီလန်မှာရှိတဲ့ Facebook ကုမ္ပဏီ တာဝန်ရှိသူ Mia Garlick ရဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ နယူးဇီလန် ရဲတပ်ဖွဲ့ရဲ့ တုံ့ပြန်မှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ရှိနေတဲ့အတွက် Facebook အနေနဲ့ ရဲဘက် တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ပူးပေါင်းလုပ်ဆောင်နေကြောင်း ဖေါ်ပြထားပါတယ်။

ဒီလို ကြေကွဲဝမ်းနည်းဖွယ် အဖြစ်နဲ့ ကြုံတွေခဲ့ရသူတွေနဲ့ ဒေသတွင်း အာဏာပိုင်တွေရဲ့ စိုးရိမ်မှုတွေကို အလေးထားတဲ့အနေနဲ့ သေနတ်သမား တင်ခဲ့တဲ့ မူရင်းတိုက်ရိုက်ထုတ်လွှင့်တဲ့ ဗွီဒီယိုအပြင် အဲဒီဗွီဒီယို ကို ပြင်ဆင် တည်းဖြတ်ထားတာတွေ ကိုပါ ဖယ်ရှားပစ်ဖို့ လက်တလောဆောင်ရွက်နေကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

လူပေါင်း ၅၀ ယောက်ကို သေဆုံးစေခဲ့တဲ့ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုအပြီး ၂၄ နာရီအတွင်း အဲဒီ တိုက်ခိုက်မှုဖြစ်စဉ်မှတ်တမ်း ဗွီဒီယိုကို ရှယ်တဲ့ ပို့စ်ပေါင်း ၁.၅ သန်းကို ဖယ်ရှားခဲ့သလို၊ ဗွီဒီယိုကို ကူးယူခဲ့တဲ့ Facebook အကောင့် ၁.၂ သန်းကိုလည်း ပိတ်ပစ်ခဲ့တယ်လို့ Facebook ကုမ္ပဏီက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG