သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန်အကြမ်းဖက်မှု ပါကစ္စတန်နိုင်ငံသား ၉ဦး ထက်မနည်း သေဆုံး


 သေနတ်သမားကို တိုက်ခိုက် ဖမ်းဆီးနိုင်ဖို့ကြိုးစားပြီး သေဆုံးသွားတဲ့ Naeem Rashid ရဲ့ ဆွေမျိုးတောစပ်သူ
သေနတ်သမားကို တိုက်ခိုက် ဖမ်းဆီးနိုင်ဖို့ကြိုးစားပြီး သေဆုံးသွားတဲ့ Naeem Rashid ရဲ့ ဆွေမျိုးတောစပ်သူ

နယူးဇီလန်နိုင်ငံ Christchurch မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့က မူဆလင် ဗလီ ၂ ခု တိုက်ခိုက်ခံရမှု အတွင်း သေဆုံးသူတွေထဲမှာ ပါကစ္စတန်နိုင်ငံသား အနည်းဆုံး ၉ ဦးပါဝင်တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီး Shah Mehmood Qureshi က အတည်ပြုပြောဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်းရကြောင်းနဲ့ သူတို့ကို အားပေးကူညီဖို့ အဆင်သင့်ရှိပါကြောင်းလည်း ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan က တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြပါတယ်။

သေနတ်သမားကို ပြန်လည်တိုက်ခိုက်ဖမ်းဆီးနိုင်ဖို့ကြိုးစားခဲ့တဲ့ သေဆုံးသူတဦးဖြစ်တဲ့ ပါကစ္စတန်နိုင်ငံသား Naeem Rashid အတွက်ဂုဏ်ယူပြီး ၊ နိုင်ငံံရဲ့ ဂုဏ်ပြုဆုချီးမြှင့်သွားလို့လည်း ဝန်ကြီးချုပ် Khan ကပြောပါတယ်။ သားငယ်သေနတ်နဲ့ ပစ်ခံရပြီးနောက် Rashid က သေနတ်သမားကို ပြန်ရင်ဆိုင်ဖို့ ကြိုးစားခဲ့တာပါ။ သူကိုယ်တိုင် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး နောက်ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ လူဖြူ အမျိုးသားရေးဝါဒီ သေနတ်သမားကို ပြန်ရင်ဆိုင်ဖို့ ကြိုးစားရင်း သေဆုံးခဲ့ရတဲ့ Naeem Rashid ရဲ့ သတ္တိပြောင်မြောက်မှုအတွက် နိုင်ငံတော်က အသိအမှတ်ပြု ဂုဏ်ယူကြောင်းလည်း Khan ကပြောပါတယ်။

သေဆုံးသူ Rashid နဲ့ သူ့သားကို Christchurch မြို့မှာပဲ မြုပ်နှံ သဂြိုလ်မှာ ဖြစ်တယ်လို့ပါကစ္စတန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။ ကျန်သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ပါကစ္စတန်နိုင်ငံကို ပြန်သယ်ယူဖို့ အတွက် ကူညီပေး သွားမှာဖြစ်တယ် လို့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ Christchurch မြို့တိုက်ခိုက်မှုအတွင်း လူ ၅၀ သေဆုံးပြီး ဒါဇင်နဲ့ ချီပြီး ဒဏ်ရာရခဲ့ပါတယ်။

နယူးဇီလန်အကြမ်းဖက်မှု ပါကစ္စတန်နိုင်ငံသား ၉ဦး ထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG